30 Days Writing Challenge (Describe your personality)

30 Days Writing Challenge (Describe your personality)

30 Days Writing Challenge ကို Facebook ပေါ်မှာ တွေ့ပြီးတည်းက အားရင်ရေးဖြစ်အောင်ရေးမယ်ဆိုပြီး အားခဲထားခဲ့ပါတယ် ။ နေ့စဉ်ရေးဖို့ကျအဆင်မပြေတာမို့ အားရင်အားသလို ဒီ List လေးထဲက အကြောင်းအရာလေးတွေကိုချရေးသွားပါ့မယ်နော် ။

Day 1 – Describe your personality

ကိုယ်တို့လူသားတွေဟာ ကောင်းတာရောဆိုးတာပါ ရောယှက်နေကြတာမို့ ကိုယ့်မှာလည်းအကောင်းနဲ့အဆိုးရောနေတဲ့ personality ရှိပါတယ် ။

ပထမဆုံးအချက်အနေနဲ့ပြောရရင်တော့ ကိုယ်ဟာ Introvert တစ်ဦးပါ ။ တချို့တွေလို တစ်ရာ ရာခိုင်နှုန်းထိတော့မဟုတ်ပေမယ့် Introvert ရာခိုင်နှုန်းတော်တော်များတဲ့သူပါ ။ ကိုယ်နဲ့သိတဲ့လူတော်တော်များများက ကိုယ့်ကို Introvert လို့မထင်ကြပေမယ့် ကိုယ်နဲ့တော်တော်လေးရင်းနှီးတဲ့သူတွေကေတာ့ သိကြပါတယ်..။ Introvert တွေထုံးစံ ကိုယ်ဟာ သူများတစ်ခုခုတင်တင်စီးစီးပြောရင် ပြန်ပြောရမှာအားနာတတ်ပြီးတော့ ခံလိုက်ရတာ များပါတယ် ။ လိုအပ်လာရင် ပြောရဲဆိုရဲရှိပေမယ့် ကိုယ့်ကြောင့်သူများစိတ်ဆင်းရဲမှာကို မလိုလားတာမို့ အနိုင်ကျင့်တဲ့သူတွေနဲ့တွေ့ရင် အနိုင်ကျင့်ခံရလေ့ရှိပါတယ် ။ ဥပမာပြောရရင် ကိုယ့်အရင်အလုပ်မှာ အနိုင်ကျင့်တတ်တဲ့သူတစ်ချို့တွေရဲ့ ဒဏ်ကိုတော်တော်ခံခဲ့ရတယ် ။ သည်းမခံနိုင်တဲ့တစ်နေ့ ပေါက်ကွဲတော့မှ လူတွေက ကိုယ့်ဘက်က ဇာတ်လမ်းကိုသိကြရတာ ။ ခုနောက်ပိုင်းမှာတော့ အဲဒီအားနာလို့မပြောချင်ဘဲ ကျိတ်မှိတ်ခံတတ်တဲ့အကျင့်ကို ဖျောက်ဖို့ ကြိုးစားနေပါတယ် ။

ဆိုးတာလေးတစ်ခုထပ်ပြောရရင်တော့ ကိုယ်က ကိုယ့်ကြောင့်လူတွေကိုစိတ်အနှောင့်အယှက်မဖြစ်အောင်နေတတ်ပေမယ့် လူချစ်အောင်မနေတတ်ဘူးလို့ ပြောလို့ရမယ်ထင်ပါတယ် ။ တချို့တွေဆိုရင်လူချစ်လူချင်ပေါအောင်နေတတ်ပေမယ့် ကိုယ်က ကိုယ့်ဟာကို ဖာသိဖာသာနေတတ်ပါတယ် ။ အားလုံးကိုစိတ်ထဲမှာ ချစ်ခင်ပေမယ့် အပြင်မှာတော့ ပြောချင်မှ ပြောတာမျိူးပါ ။ အင်း ကိုယ်ကသာ ပြောချင်မှ ပြောတာ တစ်ဖက်က ပြန်အဖက်မလုပ်ရင် စိတ်ထဲမှာဝေဒနာတွေဖြစ်ပြီး ရင်ထဲမှာ ပန်းတွေပွင့်တတ်ပါသေးတယ် ။ ဥပမာပြောရရင် မမဖြိုး (https://phyophyohlaing.blogspot.com/) ရယ် သူ့ကလေးတွေဖြစ်တဲ့ လူဝီတို့ ဂျက်ကီတို့ကိုဆိုရင် အရမ်းချစ်ပေမယ့် ၃ နှစ်လောက်နေမှ တစ်ခါ စကားသွားပြောတတ်တာမျိူးပါ ။ ငယ်ငယ်တုန်းက ဆရာကောင်းသန့်ဘာသာပြန်စာအုပ်တစ်အုပ်ထဲဖတ်ဖူးခဲ့တယ် ။ သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပန်းပင်လေးတွေလိုပဲ ရေလောင်း ပေါင်းသင်ပေးရတယ်တဲ့ ။ ကိုယ့်စိတ်ထဲခံယူတာကတော့ ကိုယ့်ကိုမေတ္တာရှိတဲ့သူတွေဟာ ဘယ်လိုအနေအထားမှာပဲနေနေ မေတ္တာရှိမယ်ဆိုပြီးယုံကြည်မိတာပါ ။ ကိုယ့်စိတ်ထဲမှာလည်းအဲလိုပဲ ချစ်ခင်ရတဲ့သူတွေအေပါ်မှာ တော်ရုံမေတ္တာပျက်လေ့မရှိပါဘူး ။စကားပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ချစ်ခြင်းမေတ္တာဟာ မေတ္တာသက်သက်ပဲလို့ခံယူထားပါတယ် ။ ဟိုဘက်ကအကြောင်းအမျိူးမျိူးကြောင့် ပြန်မပြော အဖက်မလုပ်ရင်တော့ ရင်ထဲမှာပန်းပွင့်တတ်တဲ့ ခံစားချက်ကလေးတွေကိုတော့ ပြင်ရဦးမှာပေါ့ ။ ဒီဘက်၂၀၂၁ နှစ်သစ်မှာတော့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ခဏခဏသွားစကားပြောရမယ်လို့တွေးမိတာမို့ ချစ်ခင်ရတဲ့သူတွေကို (ဖြေးဖြေးချင်း) စကားသွားပြောဖြစ်ပါတယ် ။ လူတော့မစုံသေးဘူး စကားခံထားတဲ့အတိုင်း ဖြေးဖြေးချင်းလာပြောပါ့မယ်နော် ။

ကိုယ့်အကြောင်းဆိုတော့ ရေးစရာတွေတပုံကြီးပဲ ။ စာလာဖတ်တဲ့ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ချစ်ရတဲ့ blogger အကိုအမ တို့လည်း ဆန္ဒရှိရင် List ထဲက အေကြာင်းအရာလေးတွေကို ရေးပေးစေချင်ပါတယ် ။ စာမရေးတာလည်း တော်တော်ကြာပြီဆိုတော့ ပြောချင်တာတွေတပုံကြီးပဲ ။ ဖြေးဖြေးချင်းကြိုးစားပြီးရေးသွားမှာမို့ ဆက်လက်ပြီးစောင့်မျှော်ကြပါဦးနော် ။

ချစ်ခင်လျက်

ဆုမြတ်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.