အခ်စ္ရယ္
မင္းရဲ႕မ်က္ႏွာကိုတစ္ေန႔ေတြ႔ရေကာင္းႏုိးနဲ႔
အိပ္မက္ေတြမက္လာတာ
တင္မင္းထက္ကဗ်ာထဲကလို
နီးျခင္းနဲ႔ေ၀းျပီး ေ၀းျခင္းနဲ႔နီးရပါလို၏လို႔ဆိုေတာင္းရတာလဲအခါခါ
အခ်စ္ရယ္
မင္းသီခ်င္းသံေလးနဲ႔ အသက္ဆက္ ၊ မင္းႏွင္းမႈန္ေတြနဲ႔ အိပ္မက္ရတာ
မင္းရင္ခြင္ထဲေရာက္မလားလို႔ ေမွ်ာ္မွန္းတမ္းတရတာ
အခ်စ္ရယ္
မင္းကမာၻထဲမွာ ေနသာလား မုိးရြာလားကိုယ္မသိေပမယ္႔
မင္းအေငြ႔အသက္ေတြကို ထိေတြ႔ခ်င္လြန္းလို႔
အခ်စ္ရယ္
သစ္ရြက္ေတြအေရာင္ေျပာင္းတုိင္း မင္းကိုသတိရတယ္
အခ်စ္နဲ႔နီးတဲ႔သူေတြကို ျမင္တုိင္း မင္းကိုသတိရတယ္
ေပ်ာ္ရႊင္ေနၾကတဲ႔သူေတြြကို ျမင္တုိင္း မင္းကိုသတိရတယ္
အခ်စ္ရယ္
အဆင္သင္႔ျဖစ္ရဲ႕လားဆုိတုိင္း
ႏွလံုးသားဟာ မင္းကမာၻထဲမွာေနသားတက်ပါလို႔
ခပ္တုိးတိုးေလး၀န္ခံလိုက္မိတယ္
အခ်စ္ရယ္
ေ၀းကြာျခင္းကိုဘယ္အထိသိမ္းဆည္းထားရမလဲ
အခ်စ္ရယ္
မနီးစပ္ျခင္းကိုဘယ္အထိရင္၀ယ္ပိုက္ထားရမလဲ
အခ်စ္ရယ္
ေနာက္ထပ္တစ္ၾကိမ္ဆုေတာင္းပါတယ္
တင္မင္းထက္ကဗ်ာထဲကလိုပဲ
နီးျခင္းနဲ႔ေ၀းျပီး ေ၀းျခင္းနဲ႔နီးရပါေစ ။
Unicode Version
အချစ်ရယ်
မင်းရဲ့မျက်နှာကိုတစ်နေ့တွေ့ရကောင်းနိုးနဲ့
အိပ်မက်တွေမက်လာတာ
တင်မင်းထက်ကဗျာထဲကလို
နီးခြင်းနဲ့ဝေးပြီး ဝေးခြင်းနဲ့နီးရပါလို၏လို့ဆိုတောင်းရတာလဲအခါခါ
အချစ်ရယ်
မင်းသီချင်းသံလေးနဲ့ အသက်ဆက် ၊ မင်းနှင်းမှုန်တွေနဲ့ အိပ်မက်ရတာ
မင်းရင်ခွင်ထဲရောက်မလားလို့ မျှော်မှန်းတမ်းတရတာ
အချစ်ရယ်
မင်းကမ္ဘာထဲမှာ နေသာလား မိုးရွာလားကိုယ်မသိပေမယ့်
မင်းအငွေ့အသက်တွေကို ထိတွေ့ချင်လွန်းလို့
အချစ်ရယ်
သစ်ရွက်တွေအရောင်ပြောင်းတိုင်း မင်းကိုသတိရတယ်
အချစ်နဲ့နီးတဲ့သူတွေကို မြင်တိုင်း မင်းကိုသတိရတယ်
ပျော်ရွှင်နေကြတဲ့သူတွေကို မြင်တိုင်း မင်းကိုသတိရတယ်
အချစ်ရယ်
အဆင်သင့်ဖြစ်ရဲ့လားဆိုတိုင်း
နှလုံးသားဟာ မင်းကမ္ဘာထဲမှာနေသားတကျပါလို့
ခပ်တိုးတိုးလေးဝန်ခံလိုက်မိတယ်
အချစ်ရယ်
ဝေးကွာခြင်းကိုဘယ်အထိသိမ်းဆည်းထားရမလဲ
အချစ်ရယ်
မနီးစပ်ခြင်းကိုဘယ်အထိရင်ဝယ်ပိုက်ထားရမလဲ
အချစ်ရယ်
နောက်ထပ်တစ်ကြိမ်ဆုတောင်းပါတယ်
တင်မင်းထက်ကဗျာထဲကလိုပဲ
နီးခြင်းနဲ့ဝေးပြီး ဝေးခြင်းနဲ့နီးရပါစေ ။