ချစ်ကပြောတယ်
ကြယ်တွေဆီသွားတဲ့လမ်းကို ငါ သိတယ် တဲ့
ဓမြေကမ္ဘာကနေ ငေးမော့နေရုံ
ကျောပေးထားတဲ့ကြယ်ကလေးကို လွမ်းဆွတ်နေရုံ ပဲတဲ့ ။
မျှော်ငေးကြည့်ရုံလေးနဲ့
ချစ်ခဲ့ဖူးရုံလေး
တောင့်တခဲ့ဖူးရုံလေးပါပဲ ။
ချစ်ကပြောတယ်
ငါ့မျက်ရည်တစက်ကျတိုင်း ကြယ်ကလေးကိုချစ်တယ်လို့ ရေရွတ်နေရုံ
ရင်ဘတ်အပြည့်ခံစားချက်တွေ၊
လျှံတက်လာတဲ့စကားလုံးတွေကို မျိုချသိမ်းဆည်းနေရုံ ပဲတဲ့ ။
တံစက်မြိတ်ကကျလာတဲ့ မိုးစက်တွေကို တစ်စက်ချင်းရေတွက်
ဝေးကွှမှုမှတ်တိုင် ဆယ်ခုနဲ့
ကြယ်ကလေးရယ် ဘ၀တစ်ခုစာအကွာအဝေးဟာ ဝေးလွန်းနေခဲ့တယ်နော်။
ချစ်ကပြောတယ်
ကြယ်ကလေးအကြောင်းရေးထားသမျှ only meလိုက်ရုံ
ကြယ်ကလေးအပြုံးတွေကို ငါ့ရင်ဘတ်ဘယ်ဘက်ထောင့်ပေါ်မှာ ချိတ်ဆွဲထားရုံ ပဲတဲ့ ။
မိုးရေတွေနဲ့အတူ မိုးစက်တွေနဲ့အတူ
စိုရုံလေးသာဆိုပေမယ့်
တိမ်ကင်းစင်တိုင်း မော့ကြည့်ဖြစ်ဆဲကောင်းကင်ရင်ခွင်ထဲက ကြယ်ကလေးရယ်
နောင်တငွေ့ငွေ့နဲ့ သတိရခြင်းဟာ မေတ္တာမစစ်လို့တဲ့ ။
ချစ်ကပြောတယ်
ကြယ်တွေဆီအသွားလမ်းကိုတော့
ခက်ခက်ခဲခဲ မေ့ချင်ယောင်ဆောင်ထားလိုက်တာ တဲ့ ။
ကတိတစ်ခုရဲ့နောက်ကွယ်မှာ ဘ၀တွေဝေးကွာရတယ်ဆိုရင်
တိမ်ကင်းစင်တဲ့နေ့တစ်နေ့မှာ ကိုယ်ပြုမယ့်ကတိအတွက်
လွင့်ပြယ်တော့မယ့် အိပ်မက်တွေအတွက်
အားလုံးသောအရာတွေအတွက်
မျှော်ငေးဖူးရုံ
ချစ်ခဲ့ဖူးရုံ
တောင့်တခဲ့ဖူးရုံ တွေအတွက်
မပြောဖြစ်ခဲ့တဲ့ စကားတွေအတွက်..
ချစ်ကပြောတယ်
ဘယ်တော့မှ သတိမရတော့ဘူး….ငါ….တဲ့ ။
http://www.chitkyiaye.com/2018/05/blog-post.html
အမချစ်ရဲ့ ကဗျာကို ခံစားပြီးရေးထားပါတယ် ။