Trans Siberian ခရီးစဉ်လည်း ရေးပြီးသွားပြီးဆိုတော့ ကို Russia ကို မသွားခင် သိသင့်တဲ့ အချက်နှစ်ဆယ်ကို ရေးလိုက်ပါတယ်။
- ရုရှားကို Tour နဲ့ သွားစရာမလိုပါဘူး ။ ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားလို့ရပါတယ် ။
- ရုရှားကိုသွားလည်မယ်ဆိုရင် Invitation letter လိုပါတယ် ။ ခရီးသွား အေဂျင်စီတွေဆီမှာဝယ်လို့ရပါတယ် ။
- ရုရှားမှာ တစ်ပတ်ထက်ပိုနေမယ်ဆိုရင် Register လုပ်ရပါတယ် ။ Hostel, Hotel ၊ Apartment နဲ့ private home တွေက လုပ်ပေးလို့ရပါတယ် ။
- Card ထက် Cash က ပိုပြီးအသုံးများပါတယ် ။ ငွေကြိုလဲထားပါ ။ငွေအနုတ်အသေးလေးတွေလည်း ဆောင်ထားပါ ။
- ရုရှားက သာမန်အားဖြင့် လုံခြုံမှုရှိတဲ့ တိုင်းပြည်တစ်ခုပါ ။ မြို့ပေါ်မှာဆိုရင် ခါးပိုက်နှိုက်တွေရှိနိုင်ပေမယ့် နယ်ဘက်က လူတွေက ရိုးသားကြတယ် ။ မိန်းကလေးတွေသီးသန့်သွားလည်း လုံခြုံပါတယ် ။ တခြားတိုင်းပြည်တွေလိုပဲ crime တွေလည်း ရှိတာမို့ သတိလေးထားပြီးသွားပါ ။
- ရုရှားရိုးရာ အစားအစာတွေက ကိုယ့်အတွက်တော့ သိပ်အစပ်အဟပ်မတည့်လှပါဘူး ။ ဒါပေမယ့် Fast Food Chains ဆိုင်တွေရှိတဲ့အတွက် KFC တို့ဘာတို့ စားတတ်ရင် အဆင်ပြေပါတယ် ။ မြို့အသေးလေးတွေမှာက အစ Fast Food ဆိုင်တွေရှိပါတယ်။ Fast Food စားရင် Sauce, Tissue ကို သီးသန့်ဝယ်ရပါတယ် ။ အလကားမပေးပါဘူး ။
- သက်တောင့်သက်သာရှိပြီး နွေးနွေးထွေးထွေးဖြစ်မယ့်အ၀တ်အစားတွေသယ်သွားဖို့ အရမ်းအရေးကြီးပါတယ် ။ ရာသီဥတုက တော်တော်လေးကြမ်းပါတယ် ။ မော်စကိုရာသီဥတု ဆိုရင် စက်တင်ဘာကနေ အေပရယ် မေလ အထိ အတော်အေးပါတယ် ။ မေလနှောင်းပိုင်းကနေ သြဂုတ်လအထိကတော့ ၂၀ ကနေ ၃၀ ဒီဂရီ စင်တီဂရိတ် အထိရှိတတ်ပါတယ် ။ ဒါတောင် မော်စကိုက တခြားမြို့တွေနဲ့ ယှဉ်ရင်အတော်လေးနွေးတယ်လို့ပြောလို့ရပါတယ် ။ ဦးထုပ် ၊ လည်ပင်းမှာပတ်မယ့် မာဖလာအပြင် လိုအပ်ရင်ခြုံလို့ရတဲ့ မာဖလာ (Scarf & Stole) ၊ လက်အိတ် တွေကတော့ ဘယ်ရာသီဥတုဖြစ်ဖြစ် မဖြစ်မနေသယ်သင့်ပါတယ် ။
- Season တိုင်းမှာ အားသာချက်အားနည်းချက်ရှိပါတယ် ။ အအေးသက်သာတဲ့ နွေရာသီသွားမလား ၊ တအားမအေးတဲ့ Spring သွားမလား ၊ သစ်ရွက်တွေအရောင်ပြောင်းတဲ့ Autumn သွားမလား ၊ နှင်းတွေကျတဲ့ Winter သွားမလား ။ အခြေအနေအပေါ်မူတည်ပြီးဆုံးဖြတ်ရမှာပါ ။ ဆောင်းတွင်းကိုတော့ Recommend မလုပ်ချင်ပါဘူး ။ Spring လိုမျိုးမှာတောင် အရမ်းအေးပြီး လေတိုက်ပါတယ် ။
- Sunscreen နဲ့ lotion တွေ မဖြစ်မနေဆောင်သွားပြီး မှန်မှန်လိမ်းပေးပါ ။ အေးပြီးလေတိုက်တော့ အသားပတ်ပါတယ်။ မျက်မှန် နဲ့ ဦးထုပ်နဲ့လည်းဆောင်ထားပါ ။
- အရမ်းအေးလို့ ဘတ်ထရီအားအကုန်မြန်ပါတယ် ။ ဓာတ်ပုံရိုက်ချင်ရင် Power Bank တွေဆောင်သင့်ပါတယ် ။
- တချို့ Orthodox ဘုရားကျောင်းတွေမှာ မိန်းကလေးတွေဆိုရင် ခေါင်းကို ပုဝါခြုံပြီး ၊ အောက်ပိုင်းကို စကတ်ထမီလိုအ၀တ်စလေးဖုံးပြီးမှာဝင်ခွင့်ြ့ပုပါတယ် ။ လိုအပ်တဲ့ ပုဝါတွေကို အလကားငှားပေးပါတယ်။
- ဘာသာစကားအခက်အခဲရှိပေမယ့် guide ငှားဖို့ မလိုပါဘူး ။ နယ်ဘက်တွေမှာဆိုရင် အင်္ဂလိပ်လိုလုံးဝနီးပါးမပြောကြပါဘူး ။ ဒါပေမယ့် Map ကိုသုံးပြီးသွားတတ်ရင် ၊ Uber ကိုသုံးတတ်ရင် လိုရာခရီးကို အခက်အခဲမရှိ သွားလို့ရပါတယ်။ Service Industry က လူတွေတော့အင်္ဂလိပ်လိုပြောတတ်ကြပါတယ် ။
- ခရီးသွားတွေ အများကြီးလာတွေအတွက် Backpacker Hostel တွေပေါပါတယ် ။ ဒါ့အပြင် အဲလို hostel တွေက ဈေးသက်သာတဲ့အပြင် သန့်ရှင်းသပ်ရပ်တာမို့ နေလို့အဆင်ပြေပါတယ် ။ Dorm room တွေမှာလည်း နေခဲ့ပါတယ် ။ အားလုံးအဆင်ပြေပါတယ် ။
- Public Transport အဆင်ပြေပါတယ် ။
- အချိန်ရရင် World Deepest Fresh Water Lake – Lake Baikal ရှိတဲ့ Irkutsk ကိုရောက်အောင်သွားသင့်ပါတယ် ။
- Bolshoi Theater မှာ Opera ကြည့်ဖြစ်အောင်ကြည့်ခဲ့ပါ။ ဈေးမပေါလှပေမယ့် one of the best experiences of lifetime လို့ပြောလို့ရပါတယ် ။
- Russian ရုပ်တည်ပေမယ့် friendly ဖြစ်ကြပါတယ် ။ ကိုယ်ကသာ စကားအရင် စပြောလိုက် သူတို့ရေပက်မ၀င်အောင် ပြန်ပြောပါလိမ့်မယ် ။ အင်္ဂလိပ်လိုလည်း ကြိုးစားပြောပြီး လခဘယ်လောက်ရလဲ ဘာလဲအထိ ဒုတ်ထိုးအိုးပေါက်မေးပါလိမ့်မယ် ။ အဲလိုအမေးခံရရင် သူငယ်ချင်းတစ်ယောက်တိုးပြီလို့သာ မှတ်ပါတော့ ။
- Tap water သောက်လို့မရပါဘူး ။ ရေသန့်ဘူးဝယ်သောက်ရပါတယ် ။
- လမ်းအများကြီးလျှောက်ရတာမို့ ခြေထောက်သက်သာတဲ့ ဖိနပ်ကောင်းကောင်းလိုပါတယ် ။
- နာမည်သိပ်မကြီးတဲ့ tourists နည်းတဲ့နေရာလေးတွေကိုသွားကြည့်ဖို့မကြောက်ပါနဲ့ ။ ထူးထူးဆန်းဆန်းနေရာလေးတွေ အမှတ်ရစရာနေရာလေးတွေ အများကြီးရှိပါတယ် ။ အမှတ်တရလက်ဆောင်တွေဝယ်ရင် ဈေးဆစ်ဖို့မမေ့ပါနဲ့ ။
Bonus Point အနေနဲ့တော့ ….Russian တွေက အေးတဲ့အချိန်တွေမှာ ကုတ်အကျီအကောင်းစားတွေ ၊ မာဖလာ တွေနဲ့ သပ်သပ်ရပ်ရပ် လှလှပပ ၀တ်စားတတ်ကြပါတယ် ။ ဖြစ်နိုင်ရင် local တွေလိုဝတ်စားဆင်ယင်ပါ ။ Tourist မှန်းမသိသာရင် ခါးပိုက်နှိုက်အန္တရယ်ကင်းပါတယ်။
ချစ်ခင်လျက်
ဆုမြတ်