30 Days Writing Challenge (Things that make you happy)
ပျော်ရွှင်ခြင်းဆိုတာ ရွှေ ငွေ စည်းစိမ်းချမ်းသာတွေလား ၊ ရာထူးဂုဏ်ဒြပ်တွေလား ၊ အိမ်ကြီးအိမ်ကောင်းတွေလား… ဒါမှမဟုတ် ပြတင်းပေါက်ဘောင်ပေါ်မှာတင်နေတဲ့ ငှက်မွှေးလေးတွေလား ၊ စာအုပ်ကြားထဲညှပ်ထားတဲ့စွယ်တော်ရွက်လေးတွေလား ? ကိုယ့်အတွက်ကတော့ အေးချမ်းတိတ်ဆိတ်တဲ့ မြို့လေးတွေကိုမထင်မှတ်ဘဲရောက်သွားတာမျိူး ၊ ခရစ်စမတ်ကတ်လေးတွေ လက်ဆောင်ရတာမျိူး ၊ စာအုပ်ကောင်းကောင်းလေးတစ်အုပ်ဖတ်ရတာမျိူး ၊ မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူခင်သူတွေနဲ့စကားပြောရတာမျိူးဟာပျော်ရွှင်ခြင်းတွေထဲက တချို့ပါပဲ။ ထိုအရာတွေဟာ တန်ဖိုးဖြတ်ပြီး တိုင်းတာလို့မရပေမယ့် ဘာကြောင့် ကိုယ့်ကိုပျော်ရွှင်စေရသလဲဆိုတာလေးကို ပြောပြချင်ပါတယ် ။ ၂၀၁၅ ခုနှစ်မှာ ကိုယ်ဂျပန်ကိုသွားလည်တော့ ကျိူတိုမြို့လေးကိုဝင်ခဲ့ပါတယ် ။ တချို့လူတွေကတော့ ကျိူတိုကို ပျင်းစရာကြီးလို့ပြောကြပေမယ့် ကိုယ်ကတော့ အင်မတန်နှစ်သက်ပါတယ် ။ လက်ညှိုးထိုးမလွဲတဲ့ […]