တစ်နေ့နေ့
တိမ်တွေရှိတယ် တောင်တန်းတွေရှိတယ် ပင်လယ်တွေရှိတယ် အပြုံးတွေရှိတယ် ကြည်နူးချမ်းမြေ့မှုတွေရှိတယ် ချစ်ခြင်းမေတ္တာတွေရှိတယ် အေးချမ်းမှုတွေရှိတယ် သူရယ် ကိုယ်ရယ် တိမ်ရောင်စုံတွေငေးကြမယ် တောင်တန်းတွေရဲ့ ရင်ငွေ့ကိုလှုံကြမယ် ပင်လယ်တွေရဲ့ အထိအတွေ့ကိုခံယူကြမယ် ချစ်ခြင်းမေတ္တာကိုသီကျူးကြမယ် အေးချမ်းမှုနဲ့ နွေးထွေးကြမယ် ရိုးစင်းစွာနဲ့ ပျော်ရွှင်ကြမယ် ရောင့်ရဲခြင်းနဲ့ ချမ်းမြေ့ကြမယ် သူရယ် ကိုယ်ရယ် အရောင်ပြောင်းတတ်တဲ့ တိမ်တွေအကြောင်းသင်ယူကြမယ် နက်ရှိုင်းကျယ်ပြန့်တဲ့ တောင်တန်းတွေအကြောင်းလေ့လာကြမယ် မာယာများတဲ့ ပင်လယ်တွေအကြောင်း နားလည်အောင်ကြိုးစားကြမယ် သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခင်နွေးထွေးကြမယ် အေးချမ်းတဲ့ စိတ်နဲ့ ခွင့်လွှတ်နားလည်ခြင်းကို မွေးမြူကြမယ် ရိုးစင်းစွာနဲ့ ပျော်ရွှင်တတ်အောင် သင်ယူကြမယ် ရောင့်ရဲခြင်းနဲ့ တင်းတိမ်တတ်အောင် ကျင့်ကြံကြမယ် သူရယ် ကိုယ်ရယ် […]