ဘွဲ့ရရန်တစ်လအလို
ဘွဲ့ရရန် တစ်လသာလိုပါတော့သည် ။ ဒီဇင်ဘာ ၃၀ ရက်နေ့ dissertation submit လုပ်ရမယ် ။ ၂ နှစ်ခွဲတာ ပင်ပန်းထားသမျှတွေအတွက် အတိုးချပြီးနားမယ်စဉ်းစားပေမယ့် ကုန်ထားတဲ့ ကျောင်းလခ ကျေအောင်ကြိုးစားရဦးမယ် ။ အချိန်ကုန် ငွေကုန် လူဝ စိတ်ညစ်ရတာလေးကလွဲရင် နောက်မြှီးလေးရှည်ရမှာက ၀မ်းသာစရာကြီးပါ ။ ကွန်ကရက်မလုပ်ကြနဲ့ဦးနော် ။ ဒီဇင်ဘာကုန်မှ ပေါင်းလုပ်ပေး…ကျိန်းကျေသွားမှာစိုးလို့ပါ ။ ပျက်ကွက်ထားသမျှ လူမှုရေးတွေ၊ အချိန်မပေးနိုင်သမျှတွေအတွက် အတိုးချပြီး active ဖြစ်အောင်ကြိုးစားတော့မယ် ။ ဘလော့ကို မ၀င်ဖြစ် ၊ ဖေ့ဘုတ်ကိုပိတ်ထားပေမယ့် instagram တော့အမြဲသုံးဖြစ်တယ်။ သုံးဖြစ်တဲ့အပြင် ခရီးသွားတုန်းဓာတ်ပုံရိုက်ထားတာလေးတွေအတွက်တောင် သီးသန့် page ဖွင့်ထားသေးတာ ။ photo edit လုပ်ရတာသဘောကျတော့ […]