စိတ်ထဲရှိသမျှ (၁)
စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။ (၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ […]