ဘလော့မှသည်
၂၀၀၈ . ၂၀၀၉ လောက်မှာ co.cc, forum တွေကနေ တစ်ဆင့် blogspot ဆိုတဲ့ blogger တွေစုစည်းတဲ့ရပ်ဝန်းလေးတစ်ခုကိုမထင်မှတ်ဘဲရောက်လာခဲ့ပါတယ် ။ ဟိုသင်ဒီသင် ၊ ဘာမှနားမလည်တဲ့အဆင့်ကနေ blogspot ဆိုတာဘာလဲလို့သိလာတဲ့အချိန်ကနေစပြီး ဒီရပ်ဝန်းလေးကိုသံယောဇဉ်ဖြစ်တာ ကိုယ့်ကိုကိုယ် blogger အမည်ခံပြီး ဟိုဟိုဒီဒီမကူးတော့ပဲ ဒီရပ်ဝန်းလေးထဲမှာနေလာခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။ ဒီနှစ်ထဲ အလုပ်သစ်မှာ wordpress နဲ့ပက်သက်တာတွေလုပ်နေရတော့ wordpress ရဲ့အားသာချက် ၊ အားနည်းချက်တွေကိုမြင်လာပြီး သံယောဇဉ်ရှိတဲ့ blogspot ကိုစွန့်ပြီး သံယောဇဉ်အသစ်မွေးဖွားဖို့ wordpress ကိုပြောင်းမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ် ။ wordpress ကိုအရင်ကသုံးဖူးခဲ့ပေမယ့် သေသေချာချာမသုံးဖြစ်တာရယ်ကြောင့် မနှစ်သက်ခဲ့ပါဘူး ။ […]