tag

30 Days Writing Challenge (Things that make you happy)

30 Days Writing Challenge (Things that make you happy)

ပျော်ရွှင်ခြင်းဆိုတာ ရွှေ ငွေ စည်းစိမ်းချမ်းသာတွေလား ၊ ရာထူးဂုဏ်ဒြပ်တွေလား ၊ အိမ်ကြီးအိမ်ကောင်းတွေလား… ဒါမှမဟုတ် ပြတင်းပေါက်ဘောင်ပေါ်မှာတင်နေတဲ့ ငှက်မွှေးလေးတွေလား ၊ စာအုပ်ကြားထဲညှပ်ထားတဲ့စွယ်တော်ရွက်လေးတွေလား ? ကိုယ့်အတွက်ကတော့ အေးချမ်းတိတ်ဆိတ်တဲ့ မြို့လေးတွေကိုမထင်မှတ်ဘဲရောက်သွားတာမျိူး ၊ ခရစ်စမတ်ကတ်လေးတွေ လက်ဆောင်ရတာမျိူး ၊ စာအုပ်ကောင်းကောင်းလေးတစ်အုပ်ဖတ်ရတာမျိူး ၊ မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူခင်သူတွေနဲ့စကားပြောရတာမျိူးဟာပျော်ရွှင်ခြင်းတွေထဲက တချို့ပါပဲ။ ထိုအရာတွေဟာ တန်ဖိုးဖြတ်ပြီး တိုင်းတာလို့မရပေမယ့် ဘာကြောင့် ကိုယ့်ကိုပျော်ရွှင်စေရသလဲဆိုတာလေးကို ပြောပြချင်ပါတယ် ။ ၂၀၁၅ ခုနှစ်မှာ ကိုယ်ဂျပန်ကိုသွားလည်တော့ ကျိူတိုမြို့လေးကိုဝင်ခဲ့ပါတယ် ။ တချို့လူတွေကတော့ ကျိူတိုကို ပျင်းစရာကြီးလို့ပြောကြပေမယ့် ကိုယ်ကတော့ အင်မတန်နှစ်သက်ပါတယ် ။ လက်ညှိုးထိုးမလွဲတဲ့ […]

30 Days Writing Challenge (Describe your personality)

30 Days Writing Challenge (Describe your personality)

30 Days Writing Challenge ကို Facebook ပေါ်မှာ တွေ့ပြီးတည်းက အားရင်ရေးဖြစ်အောင်ရေးမယ်ဆိုပြီး အားခဲထားခဲ့ပါတယ် ။ နေ့စဉ်ရေးဖို့ကျအဆင်မပြေတာမို့ အားရင်အားသလို ဒီ List လေးထဲက အကြောင်းအရာလေးတွေကိုချရေးသွားပါ့မယ်နော် ။ Day 1 – Describe your personality ကိုယ်တို့လူသားတွေဟာ ကောင်းတာရောဆိုးတာပါ ရောယှက်နေကြတာမို့ ကိုယ့်မှာလည်းအကောင်းနဲ့အဆိုးရောနေတဲ့ personality ရှိပါတယ် ။ ပထမဆုံးအချက်အနေနဲ့ပြောရရင်တော့ ကိုယ်ဟာ Introvert တစ်ဦးပါ ။ တချို့တွေလို တစ်ရာ ရာခိုင်နှုန်းထိတော့မဟုတ်ပေမယ့် Introvert ရာခိုင်နှုန်းတော်တော်များတဲ့သူပါ ။ ကိုယ်နဲ့သိတဲ့လူတော်တော်များများက ကိုယ့်ကို Introvert […]

2014 Review

2014 Review

စာမရေးတာကြာလို့ blog ပေါ်ကိုပြန်ရောက်အောင် တခုတ်တရ tag လုပ်ပေးတဲ့ ချစ်သူငယ်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော် ။ ၂၀၁၄ အတွက် review လုပ်ရရင် ထူးထွေဆန်းပြားတာရယ် ဘာမှမရှိပေမယ့် ရှိတဲ့အထဲက စဉ်းစားမိတာလေးတွေကိုချရေးကြည့်ရင် ၂၀၁၄ နှစ်ဆန်းပိုင်း အိမ်ပြန်မယ်လို့ရည်ရွယ်ပေမယ့် အိမ်မပြန်ဖြစ်တဲ့နှစ်တစ်နှစ်ပေါ့ ။ လက်မှတ်တွေဝယ်ထားပေမယ့် အဆင်မပြေတာလေးတွေကြောင့် အိမ်မပြန်ဖြစ် ၊ အဖေ ၊ အမေအတွက် လက်ဆောင်တွေဝယ်ထားပေမယ့် မထည့်ပေးရသေးဘဲ အိမ်မှာခုထိသောင်တင်နေတုန်း ။ အလုပ်ပြောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အလုပ်သစ်ကိုစိတ်ရှည်လက်ရှည်ရှာဖြစ်တဲ့အချိန်ပါပဲ ။ စိတ်ဖိစီးမှုတွေ တပုံတခေါင်းကြီးရှိခဲ့ပေမယ့် အားလုံးကိုအဆင်ပြေပြေ ချောချောမောမောဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၄ နှစ်လယ်ပိုင်း အသစ်အဆန်းတွေကြားထဲမှာ နေသားကျအောင်ကြိုးစားရတဲ့အချိန်ပေါ့ […]

Happy Blog Day!!!

Happy Blog Day!!!

Blog ဆိုတဲ့နေရာလေးတစ်ခုကို ၂၀၀၉ ခုနှစ်က ကျွန်မရောက်ရှိခဲ့ပါတယ် ။ connection ကောင်းတဲ့အရပ်မှာနေသူမို့ သူငယ်ချင်းတွေကို ပိုစ့်တင်ဖို့ကူရင်းကနေ ကိုယ်ပိုင် blog လေးကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ ၂၀၀၉ တုန်းက ကျွန်မအသက်က ၂၁ နှစ်သာသာကလေးရယ်မို့ ကျွန်မရေးဖြစ်ခဲ့တဲ့အကြောင်းအရာတွေက အချစ်အကြောင်း ၊ အလွမ်းအဆွေးတွေအကြောင်း ၊ ရောက်တတ်ရာရာလေးတွေပါပဲ ။ အလယ်တန်းအရွယ်လောက်ကနေ စာရေးခြင်းကိုနှစ်သက်ခဲ့သူမို့ ကျွန်မကတော့ အကြောင်းအရာမယ်မယ်ရရမရှိပေမယ့် blog ပေါ်မှာစာတွေရေးဖြစ်နေခဲ့ပါတယ် ။ စာသာရေးနေပေမယ့် စာဖတ်သူဆိုလို့ တစ်လနေလို့တစ်ယောက်တောင်မရှိခဲ့တဲ့ကျွန်မဘလော့လေးကို စာဖတ်သူတွေရောက်လာအောင်ဆွဲခေါ်ပေးခဲ့သူက မမကွန်။ မမကွန်ရဲ့ blog list ကနေတဆင့် ရောက်လာကြတဲ့ ကိုဇတ်တီ ၊ […]

အိတ်မှောက်ဖာသွန်

အိတ်မှောက်ဖာသွန်

တီသက် tag တဲ့ပိုစ့်လေးကိုမနေ့ကနေ ရေးချင်နေပေမယ့် အလုပ်မအားတာနဲ့ အခုမှပဲအိတ်မှောက်ဖာသွန်ဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုတော့ အိမ်ကနေရိုက်ယူလာခဲ့တာ ။ ကျွန်မက လက်ကိုင်အိတ်တွေ ၊ ပိုက်ဆံအိတ်တွေကိုင်ရင်သေးသေးမွှားမွှားလေးတွေကြိုက်တတ်ပေမယ့် ကိုယ့်ကိုယ်လုံးကိုယ်ပေါက်ကိုညှာသောအားဖြင့် ခပ်ကြီးကြီးတွေပဲဝယ်ဖြစ်ခဲ့တယ် ။ ကျွန်မလောလောဆယ်သုံးနေတဲ့အိတ်ကတော့ အညိုရောင်ခပ်ကြီးကြီး …။ neverfull ဆိုတဲ့နာမည်နဲ့လိုက်အောင် ဘယ်လောက်ပဲထည့်ထည့်ဆန့်တဲ့အိတ်ကလေးပါ။  တစ်ခါတစ်ခါ ဘယ်လောက်တောင်လေးလဲမသိ ၊ ပခုံးမှာမလွယ်နိုင်လို့ လက်နဲ့ဆွဲယူရတဲ့အဖြစ်လေ။ အရူးမဆွဲခြင်းအလား ပေါက်ကရတွေနဲ့ပြည့်နေတတ်တဲ့ ကျွန်မရဲ့အိတ်ကို အိတ်သွန်ဖာမှောက်ကြည့်ရရင် ၁- carlo rino လက်ကိုင်အိတ်လေးနှစ်လုံး   -တစ်လုံးမှာတော့ ဘဏ်ကတ် ၊အိုင်စီကတ် ၊ မန်ဘာကတ် စတဲ့ ကတ်ပေါင်းစုံ ၊ ဓာတ်ပုံ ၊   အန်ပေါင်းအိတ်တွေနဲ့ […]