ရောက်တတ်ရာရာ ထိုသောကြာ (၂)
ဧပရယ်လတုန်းက အဒေါ်ဆုံးလို့ ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေဆိုတဲ့ပိုစ့်လေးကိုရေးဖြစ်ခဲ့တယ်။ ခု နိုဝင်ဘာမှာ တစ်ခေါက်ထပ်ရေးရပြန်ဦးမယ် ။ ခုတစ်ခေါက်ဆုံးတာက ကိုယ်နဲ့သက်တူရွယ်တူသူငယ်ချင်း ။ အထက်တန်းကျောင်းမတူလို့ အရမ်းမရင်းနှီးပေမယ့် အဂ်လိပ်စကားပြောသင်တန်း အတူတူတက်ခဲ့တဲ့သူငယ်ချင်းလေးဆိုပါတော့ ။ သဘောကောင်း ဖော်ရွေတဲ့သူငယ်ချင်း ၊ ကျောင်းမှာ ကိုးတန်း ဆယ်တန်းစာတွေ အသည်းအသန်လုပ်ကြတဲ့အချိန်ဆိုတော့….ကျောင်းကလိုအပ်တဲ့ လူမှုရေးကိစ္စတွေဆို ဘယ်သူမှ မလုပ်ချင်ကြဘူး ။ ဒါပေမယ့် သူကတော့ ဆိုကရေးတီးအတွက် လူလိုရင် အမြဲကူညီနေကျ ။ ကျောင်းအငြိမ့် မင်းသမီးလေး…သူများမလုပ်ချင်တဲ့ လှုမှုရေးမှန်သမျှ အမြဲကူညီနေကျ သူငယ်ချင်းလေး ၊ ခုတော့ အသဲ နဲ့ ကျောက်ကပ် ပျက်စီးသွားလို့ လွန်ခဲ့တဲ့ ရက်ပိုင်းက […]