ချစ်ခြင်း၏ လျှို့ဝှက်ချက်
ကျွန်တော့်အမျိုးသမီး နာမကျန်းဖြစ်နေပါတယ်။ အလုပ်ထဲက ပြသနာတွေရယ် ၊ မိသားစုဘ၀ထဲကပြသနာတွေရယ် ၊ မထင်မှတ်တဲ့လွဲချော်မှုတွေအပြင် ကလေးတွေနဲ့အဆင်မပြေတာလေးတွေကြောင့် သူမဟာ အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့နဲ့စိတ်ချောက်ချားနေတတ်တယ် ။ မထင်မှတ်လောက်အောင်ပါပဲ.. အသက် ၃၅ နှစ်အရွယ်သူမဟာ ကိုယ်အလေးချိန်ပေါင် ၃၀ ကျော်ကျသွားပြီး ပေါင် ၉၀ သာသာလေးပဲကျန်ခဲ့ပါတော့တယ် ။ သူမဟာ သိသိသာသာကြီး ပိန်ကျသွားပြီး တငိုငို တရယ်ရယ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မိန်းမတစ်ယောက်ကနေ ပူပင်သောကများတဲ့သူအဖြစ်သို့ မယုံနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပါတော့တယ် ။သူမရဲ့ခေါင်းဟာ အဆက်မပြတ်ကိုက်ခဲနေပြီး နှလုံးအောင့်ခြင်း ၊ ကျောကုန်းနဲ့နံရိုးနားတွေမှာ အာရုံကြောပိတ်ခြင်းတွေကိုပါ တပြိုင်နက်တည်းခံစားရပါတယ်။ ညဘက်တွေဆိုလည်းတစ်ညလုံးနိုးနေတတ်ပြီး မနက်မိုးလင်းမှပဲ သူမ အိပ်မောကျသွားတတ်ပါတယ် ။ ဒါ့အပြင်နေ့လည်နေ့ခင်းဆိုရင်လည်း […]