(ထမင်းစားပြီးမှ ဖတ်ပါရန်)
အောက်သိုးသိုးအနံ့ကြီးကြောင့်စိတ်တော်တော်ညစ်ရသည်။ အဲဒီအနံ့ကြီးကြောင့်ပဲ ခေါင်းတွေလည်းမူးလှပြီ ။ စိတ်တွေလည်းမကြည်မလင်ဖြစ်လွန်းလှပြီ ။ ပြသနာက တစ်သက်လုံးပြသနာမရှိဖူးခဲ့တဲ့ ဂျိုင်းက စသည် ။ အသန့်အပြန့်ကြိုက်တဲ့အပြင် အမွှေးအကြိုင်ကြိုက်တဲ့ ကျမအတွက် ဂျိုင်းမှာ ချွေးနံ့လိုလို အောက်သိုးသိုးအနံ့လိုလိုနဲ့ ဘာအနံ့မှန်းကိုမသိ တ်ာတော်ကြီးကိုစိတ်ပျက်စရာကောင်းပါသည်။ အနံ့ကိုခွဲခြမ်းစိတ်ဖြာရလျင်
(၁)နေပူကြဲတဲအောက်က ဖုန်တထောင်းထောင်းထနေတဲ့နေရာမှာ တစ်နေကုန်တစ်နေခန်း နေထားတဲ့ လူတစ်ယောက်ဆီက နံတဲ့အနံ့မျိုးလား
(၂) အပူအစပ် ၊ အနံ့ပြင်းပြင်း အစားအစာတွေစားထားတဲ့သူဆီက နံတဲ့အနံ့မျိုးလား
(၃)ရေမွှေးအပေါစား ၊ roll on အပေါစားသုံးပြီး ချွေးနံ့နဲ့ရောသွားတဲ့အနံ့မျိုးလား
(၄) personal hygiene ညံ့လွန်းတဲ့ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့သူဆီက နံတဲ့အနံ့မျိုးလား
မဟုတ်ရပါ..မဟုတ်ရပါဘူး ။ ကျမအလုပ်က အဲကွန်းခန်းထဲမှာ တစ်နေကုန်တစ်နေခမ်းနေရတဲ့အလုပ် ။
အပူအစပ် အနံ့ပြင်းတဲ့အစားအစာတွေကိုလည်းစားခဲတယ် ။ ရေမွှေးရော roll on ပါ အကောင်းစားသုံးပါတယ်။ ပြီးတော့ တစ်နေ့ကိုရေနှစ်ခါမချိုးပေမယ့် ရေတစ်နေ့တစ်ခါမှန်မှန်ချိုးပါသည် ။ ရေချိုးတိုင်း ဆပ်ပြာနဲ့သေချာတိုက်ပါတယ် ။ (အနံ့ပြင်းလွန်းတဲ့ဆပ်ပြာတွေနဲ့မတည့်လို့ baby ဆပ်ပြာလေးနဲ့ပဲ သုံးပါတယ်) ။ အလုပ်ကပြန်လာပြီးတိုင်း ကိုယ်လက်ကိုသေသေချာချာဆေးပါတယ်။ အ၀တ်အစားတိုင်းကို တစ်ကြိမ်ပဲဝတ်ပြီးလျှော်ပါတယ် ။ ဘယ်တော့မှ နှစ်ခါသုံးခါပြန်ဝတ်လေ့မရှိပါဘူး ။
လွန်ခဲ့သော နှစ်တွေကလည်း ဒီအတိုင်းကျင့်သုံးလာခဲ့တာ ကျမကိုယ်မှာ အနံ့ဆိုးကင်းပါသည်။ လွန်ခဲ့သောလတွေအထိပေါ့ ..။ ဘာကြောင့်ဖြစ်လဲစဉ်းစားလို့မရ ။ roll on ပြောင်းသုံးသည် ။ အဆင်မပြေ ။ အနံ့မပြင်းပေမယ့် ညှင်းသိုးသိုးအနံ့ကြီးက မပျောက် ။ ဘေးကလူတွေဘယ်လိုနေလဲမသိ ကျမတော့ တော်တော်ကြီးကိုခေါင်းကိုက်ပါတယ်။ ကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ဘူးလေ..။ ဘာကြောင့်လဲ ဘာကြောင့်လဲ ။ အမွှေးအမျှင်လည်းရှင်းအောင်ထားပါတယ်။ ကျမရဲ့ တကိုယ်ရည်သန့်ရှင်းပုံမျိုးနဲ့ နံစရာအကြောင်းမရှိပါဘူး ။ မရှိတဲ့ကြားထဲကနေ နံနေတော့ စိတ်ညစ်လှပြီ ။ roll on အသုံးများလို့လားဆိုပြီး ညဘက်ကိုယ်လက်သန့်စင်ပြီးရင် roll on တခါတလေသုံးပေမယ့် မသုံးဘဲ တကိုယ်လုံးကို lotion အပျော့စားလေးလိမ်းတယ် ။ဘယ်လိုလုပ်လုပ်အနံ့နံနေတော့ စိတ်ညစ်ပြီး cityhall ကနေ ကျောက်ချဉ်တွေဝယ်လာပြီး သွေးလိမ်းပါတယ် ။ ဒါပေမယ့် အနံ့မပျောက်.. အောက်သိုးသိုးအနံ့ကြီးကရှိတုန်းပဲ ။ ဒီမနက် အလုပ်ကနောက်ကျတော့ တက်ဆီစီးပြီး အလုပ်အလာ အသိကားသမားကြီးကပြောပါတယ် ။ နင် laundry ကိုဘယ်လိုလုပ်လဲတဲ့..။ နေရောင်ကောင်းကောင်းရတဲ့နေရာမှာလှမ်းလားတဲ့..။ သူပြောမှပဲသတိရမိပါတယ် ။ ကျမအ၀တ်တွေအပြင်ထုတ်မလှမ်းတာကြာလှပြီ ။ ဒီအိမ်ကိုပြောင်းတည်းက အိမ်မှာလှမ်းစရာနေရာမရှိလို့ လျှော်ပြီးရင်အခန်းထဲက တန်းမှာပဲဒီအတိုင်းချိတ်ထားဖြစ်ခဲ့တာ တော်တော်ကြာပြီ ။ သူပြောမှပဲ ဂျိုင်းနံရခြင်း ပြသနာရဲ့ တရားခံကို ကျမရိပ်မိတော့တယ် ။ တစ်ပတ်တစ်ခါလျှော်တဲ့အ၀တ်တွေဟာ ၂၄ နာရီမှာ နာရီ ၂၀ လောက်ပိတ်ထားတဲ့အခန်းထဲမှာလှောင်ပြီး ချွေးနံ့လည်းမဟုတ်..အနံ့အသက်လည်းမကင်းတဲ့ ညှင်းသိုးသိုးအနံ့ကြီးဖြစ်နေခဲ့တာပေါ့ ။ အရင်က ထုတ်မလှမ်းဖြစ်တာကလဲ အပြင်မှာလှမ်းစရာနေရာမရှိတာရယ် အခန်းထဲမှာ တန်းအကြီးကြီးရှိနေတာရယ်ကြောင့်မလှမ်းဖြစ်တာပါ။ ခုတော့ ကျမကိုဒုက္ခပေးနေတဲ့တရားခံကိုမိပြီ ။
ဒီတစ်ပတ်အ၀တ်လျှော်ပြီးရင်တော့ အကုန်လုံးကို လေကောင်းလေသန့်ရတဲ့အိမ်ပြင်ကိုထုတ်လှမ်းမှဖြစ်တော့မယ် ။
မန်ကျည်းသီးမှည့်ကို ရေနည်းနည်းနဲ့ စိမ်ပြီး အနှစ်တွေချည်းယူထား၊ အဖတ်တွေ လွှင့်ပစ်လိုက်တာကို ပြောတာ ဆုမြတ် 😛
မျက်စိလည်နေတယ်.. အရင်ရက်က ဘလော့ကို လာတော့ ဆုမြတ်ဘလော့က under maintenance ဆိုပြီး ဘာမှ မတွေ့ရဘူး…။
အပေါ်က ကောမန့်တွေ ဖတ်ပြီး တအားရီနေတယ်…။ အဲဒါလာရေးတုံးက အပေါ်စာတွေ လေးထောင့်တုံးပဲ မြင်ရတာ ..။
ဟုတ်တယ်… အဝတ်တွေ နေ (သို့) လေနဲ့ မခြောက်ရင် အဲဒီအနံ့ရတတ်တယ်..။ မျက်နှာသုတ်ပုဝါ အစိုကို အခန်းထဲ လှမ်း တံခါးအလုံ ပိတ်ထားခဲ့လဲ အဲ့လိုပဲ ။ နောက်ဖေးမီးဖိုထဲက တန်းမှာ အဝတ်တွေ လှမ်းထားလျှက်နဲက ဟင်းချက်မိလို့ကတော့ အကုန်ပြန်လျှော်ပေတော့ပဲ …။
စင်စင်
ဟုတ်ပ စင်စင်ရယ်..
ကော့မက်နဲ့စာနဲ့ဘာမှမဆိုင်ဘူးနော်..။ သမီးတောင်နည်းပေးတယ်ထင်နေတာ..ဟီးးးး)
ဟုတ်ပ…ဒီတစ်ပတ်အ၀တ်မလျှော်ရသေးဘူး လျှော်ပြီးရင် အပြင်ထုတ်လှမ်းရမယ်…း)
ကော့မက်ရေးတာကျးဇူးပါစင်စင်ရဲ့
ထမင်းစားပြီးမှဖတ်လို့ရေးထားတာ မုန့်စားနေတုန်းဖတ်သွားတယ်။ :))