ချယ်ဟာ
ပန်းတစ်ပွင့်ဆိုရင်တောင် တစ်လောကလုံးကိုဖူးပွင့်ဝေစေမယ့်ပန်းလေး
မိုးတစ်စက်ဆိုရင်တောင် ထိသူ့ရင်ကိုအေးစေမယ့်မိုးစက်လေး
ကဗျာတစ်ပုဒ်ဆိုရင်တောင် နဘေထပ်တဲ့ကဗျာလေး
ချယ့်ဘက်အခြမ်းက
အပြုံးတစ်ခုဟာ ခပ်ဝေးဝေးကဆိုပေမယ့်
ကိုယ့်သူငယ်ချင်းရဲ့သက်ဆိုင်သူထက်ပိုပါတယ်
ချယ့်ရင်ဘတ်ဟာ
ခံစားချက်၊ ကဗျာ ၊ စာ ၊ ဂီတ တွေနဲ့ဖွဲ့စည်းနေတဲ့ဆုံမှတ်လေး
ကိုယ့်ရင်ဘတ်နဲ့နီးနီးစပ်စပ်တည်ရှိတယ်ဆိုရင်
ပိုနေမလားပဲ
ကလန်မန်တီရှိုင်း က ခုံတန်းလေး
အင်းလေးက ကြေးအိုးတစ်ပွဲ
မရောက်ဖြစ်တဲ့မင်္ဂလာဆောင်
မပို့ဖြစ်ခဲ့တဲ့လက်ဖွဲ့
မပြောဖြစ်ခဲ့တဲ့ စကားများစွာအတွက်
ခွင့်လွှတ်ပါချယ် ။
ကိုယ့်ရဲ့ တယူသန် အတ္တတွေကြားမှာ
ကိုယ့်ရဲ့ ရှင်းမရတဲ့ပြသနာတချို့နဲ့
ကိုယ့်ဖက်ကပျက်ကွက်မှုတွေအတွက်
တောင်းပန်ချင်တာ ။
ပျော်ပါစေ ချယ်
အသက်ရှင်သမျှအချိန်တွေတိုင်း
အေးမြခြင်းရဲ့အနီးဆုံး
ပူလောင်ခြင်းရဲ့အဝေးဆုံးမှာ
ပန်းပွင့်မိုးစက်ကဗျာလေးလို
ပျော်ရွှင်ပါစေ …ချယ် ။
တစုံတဦးအတွက်ဆုတောင်းလေးကိုတစ်စုံတစ်ယောက်ကလာဖတ်သွားပါတယ်
( ဘိုင်သဝေး ကွန်းမန့်ပေးဖို့ သုံးဆင့်လောက်ဖြတ်ကျော်ရတာလေးကိုဖြူတ်ပြီး အကောင့်နဲ့ဝင်ပေးလို့ရအောင်လုပ်ထားမယ်ဆိုရင်ဖြင့် ကွန်မကောင်းတဲ့နိုင်ငံပဲဖြစ်ဖြစ် ကွန်ကောင်းပြီးကမန်းကတန်းလေးခြေရာချန်ခဲ့ချင်သူဘဲဖြစ်ဖြစ် ပေးနိုင်ခဲ့လိမ့်မယ်ထင်ပါကြောင်း )
ချစ်ခင်တဲ့
fb နဲ့လုပ်လို့ရအောင် ပြောင်းလိုက်ပါပြီ
လာဖတ်တာ ကျေးဇူးပါ ချစ်မရယ်..
ကဗျာလေးသဘောကျတယ်ခမျာ 🙂
ကျေးဇူးပါရှင့်း)
ကဗျာလေး ကောင်းလိုက်တာ…
ကဗျာလေး ကောင်းလိုက်တာ…
ကောင်းပါတယ် ကဗျာလေးက