အနမ်းတစ်ခုနဲ့ခြေဆန့်တဲ့ညနေခင်း

ရင်ဘတ်တစ်ခုရဲ့လိပ်ပြာတောင်ပံခပ်ခြင်း
ညှင်းဖွဖွအပြာရောင်တမ်းခြင်းတစ်ပုဒ်ကိုခပ်သွက်သွက်ဆို
နူးညံ့ခြင်းရဲ့အဆုံးစွန်တစ်ဘက်
နမ်းရှိုက်လိုက်တဲ့ ပင့်သက်တိုင်းဟာ သင်းပျံ့တယ်
မြေသားစိုင်ထုရဲ့နက်ရှိုင်းခြင်း
မိုးသားကောင်းကင်ရဲ့ကျယ်ပြန့်ခြင်း
အနှိုင်းမဲ့တွေရဲ့အနန္တဟာ
ရင်ဘတ်ထဲကိုအရှိန်အဟုန်နဲ့ငုပ်လျှိုးဆင်းသက်
မိုးစက်သံတပေါက်ပေါက်ဟာ အချိန်အခါရဲ့တောင်းဆိုမှုလား
ပြာလွင်လွင်တိမ်တိုက်တွေဟာ အခြေအနေရဲ့တောင်းဆိုမှုလား
ရင်ဘတ်တစ်ခုလုံးစာလွင့်မျောဖို့
အခြေအနေအချိန်အခါတွေကိုသော့ခတ်သိမ်းဆည်းရန်အဆင်သင့်
ခါးသောအရသာဟာ နှလုံးသားနဲ့ခံစားရင်ချိုတယ်
ဘဝတစ်ခုလုံးစာ ဟာလည်း အတိုင်အဖောက်ညီစွာနဲ့
ခါးလျက်ချိုတဲ့လေညှင်းဟာ…..
ညနေခင်းညှင်းသွဲ့သွဲ့နဲ့အသက်ဝင်လှုပ်ရှား ကာ အနမ်းတစ်ခုနဲ့ခြေဆန့်လို့
မြန်မာကျူးပစ်ဂျာနယ်တွင်ဖော်ပြခံရပြီး


Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.