Tag: မွန်ဂိုလီးယား

Trans Siberian ခရီးစဉ်-ရ

Trans Siberian ခရီးစဉ်-ရ

အရင်ပိုစ့်တွေမှာပြောခဲ့သလိုပဲ ကားက မနက် ၇ နာရီခွဲမှာ အူလန်ဘာထော Dragon Center ကနေထွက်ပြီးတော့ Ulan Ude မြို့ကို ကို ည 8:30 မှာရောက်မှာပါ ။ Ulan Ude နဲ့ အူလန်ဘာထောက time zone တူတာမို့ အချိန်ကွာခြားချက်မရှိပါဘူး ။  ကားပေါ်မှာ စုစုပေါင်း ကြာချိန်ကတော့ ၁၂ နာရီ ထိုအထဲမှာမှ ကားမောင်းတဲ့အချိန်က ၈ နာရီ ၊ border ဖြတ်တဲ့အချိန်က ၂ နာရီ ၊ lunch break နဲ့ toilet […]

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

စာရေးခြင်းထဲမှာ ကိုယ်မကြိုက်ဆုံးကတော့ ခရီးသွားပိုစ့်ရေးရတာပဲ ။ အရမ်းအလုပ်ရှုပ်အချက်အလက်တွေမမှားရအောင် သတိထားရပါတယ် ။ ဒါပေမယ့် ဒီ Trans Siberian ခရီးစဉ်ကိုတော့ အချိန်ဘယ်လောက်ပဲကြာကြာ ပြီးအောင် ရေးဖို့စဉ်းစားထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒီခရီးအကြောင်းကို တချိန်ချိန်မှာ ကိုယ်ပြန်ဖတ်ချင်လို့ရှိရင် ဖတ်လို့ရအောင် ရေးတာပါ ။သူများတွေအကျိုးရှိအောင် ဘာညာနဲ့လျှောက်မရွှီးချင်ဘူး ။ ကိုယ့်ဘ၀ဖြစ်စဉ်တွေထဲက အမှတ်တရတစ်ခုအနေနဲ့ပဲရေးထားတာပါ ။ ဒီတော့လည်း ပိုစ့်တွေဟာသူများခရီးသွားမှတ်တမ်းတွေနဲ့ တူချင်မှတူပါလိမ့်မယ် ။ ဒါပြီးလို့ နောင်ခရီးတွေသွားရင်လည်း ထပ်တင်ချင်မှ တင်မှာပါ ။ ဘာလို့ဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ခရီးသွားပိုစ့်ရေးရတာ ၀ါသနာမပါပါဘူး ။ ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့ မှတ်တိုင်လေးတွေရှိတယ် ။ […]

Trans Siberian ခရီးစဉ်-၆

Trans Siberian ခရီးစဉ်-၆

မနက်အိပ်ရာကနိုးတာနဲ့ ပစ္စည်းတွေသိမ်းပြီး မနက်စာထွက်စားကြပါတယ် ။ မနက်စာကတော့ ထုံးစံအတိုင်း ပေါင်မုန့် ၊ ကော်ဖီ ၊ ရေနွေးကြမ်းပါပဲ ။ ဒီနေ့ အစီစဉ်ကတော့ တစ်နေကုန် ကားမောင်းပြီး Hustai National Park မှာ မြင်းရိုင်းတွေကြည့်မယ် ။ ပြီးရင် အူလန်ဘာထောကိုပြန်ကြမယ် တစ်နေကုန်နီးပါး ကားပေါ်မှာပဲအချိန်ကုန်ကြမှာပါ ။ မနက်ကိုးနာရီလောက်မှာ tourist camp ကနေထွက်လာကြပြီးတော့ နေ့လည် ၁၂ နာရီကျော်လောက်အထိကို ကားလမ်းပေါ်မှာပါပဲ ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း မြက်ခင်းလွင်ပြင်တွေရယ် ခေါင်းမဖော်တမ်းစားနေကြတဲ့ မြင်းတွေရယ်ပဲရှိပါတယ်။ နေ့စဉ်နဲ့အမျှ ထိုမြင်ကွင်းတွေမြင်လာတော့ ပျင်းလာကြတာ အိပ်တောင်ငိုက်ပါတယ် ။ ခဏနေတော့ အလာတုန်းကသွားခဲ့တဲ့ Elsen Tasarkhai  semi sand dune မှာခဏနားပါတယ်။ သူငယ်ချင်းတွေကတော့ […]

Trans Siberian ခရီးစဉ်-၅

Trans Siberian ခရီးစဉ်-၅

Terkhiin Tsagaan Nuur လို့ခေါ်တဲ့ white lake ဟာ Khorgo – Terkhiin Tsagaan Nuur Natural Park ထဲမှာတည်ရှိပါတယ် ။ တကယ်တော့ ထို natural park ထဲမှာ white lake တင်မကပါဘူး တခြား Khorgo လို့အမည်ရတဲ့ မီးတောင်ရှင် တစ်ခုလည်းရှိပါသေးတယ် ။ မိုင်ပေါင်း ကိုးရာကျော်ရှည်ပြီး ၂၀၀-၆၀၀ ကျော် မိုင်ထိကျယ်တဲ့ White lake ဟာ ထိုမီးတောင်ရှင်ပေါက်ကွဲခြင်းမှ တဆင့် ဖြစ်ပေါ်လာခဲ့တာပါ ။ ဒီနေ့အစီစဉ်ကတော့ White lake ကို အစောကြီးထသွားကြမယ် […]

Trans Siberian ခရီးစဉ်-၎

Trans Siberian ခရီးစဉ်-၎

ညက တဖြေးဖြေးနက်လာပေမယ့် အိပ်ရာအပြောင်းအလဲမို့လို့ တော်ရုံနဲ့ အိပ်မပျော်ဘူး ။  Ger ထဲမှာ မီးဖိုကိုနွေးနေအောင်ဖိုထားတဲ့အရှိန်ကြောင့်ရယ်.Baatar ပေးတဲ့ sleeping bag အရှိန်ကြောင့်ရယ် အိုက်စပ်စပ်ဖြစ်နေလို့ sleeping bag ရဲ့ ဇစ်ကိုတောင်ဖြုတ်အိပ်ရပါတယ် ။ မှေးခနဲ အိပ်ပျော်လိုက် ပြန်နိုးလိုက်နဲ့ ဖြစ်နေတုန်းမှာ သိုးထိန်းခွေးလေးတွေရဲ့ ဟောင်သံတွေ ခပ်စိပ်စိပ်ကြားရပြီး ger နားကို လူကပ်တဲ့အသံတွေကြားရပါတော့တယ် ။ ညကလည်းနက်နေပြီ နေရာကလည်း လူသူလေးပါးမရှိတဲ့ အရပ်မှာမို့ စိတ်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ် ။ ဒါပေမယ့် အနီးအနားက Ger တွေ မှာ အဖိုးတွေအဖွားတွေနဲ့အတူတူ ဂိုက်မလေး ၊ ကားဒရိုင်ဘာ အန်ကယ် ၊ tourist နှစ်ယောက် ၊ တိုးပိုင်ရှင် Baatar […]