Tag: ဆုမြတ်မိုး

ပေတံများနှင့်တိုင်းတာခြင်း

ပေတံများနှင့်တိုင်းတာခြင်း

အကြောင်းအရာအဖြစ်အပျက်တွေကို လူတွေဟာ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတာကြတယ်။ ဘယ်ဟာက အမှန်လဲ အမှားလဲ ။ ကိုယ့်ပေတံသာအမှန်ဆိုရင် သူများပေတံတွေက အမှားလား ။ အမှန်နဲ့အမှားဘယ်လိုခွဲခြားကြမလဲ ။ တလောက သူငယ်ချင်းတစ်ယောက်ရဲ့ facebook ပိုစ့် တစ်ခုကို ဖတ်မိတယ် ။ Master တန်း ဆက်တက်တာမကောင်းဘူး အချိန်ကုန် လူပင်ပန်းပြီးအကျိုးမရှိဘူး ၊ ဒေါက်တာ တန်းတက်ချင်တဲ့သူတွေပဲဆက်တက်သင့်တယ်တဲ့ ။ မာစတာဘွဲ့ရပြီး ဘာမှမတတ်ရင် လူအထင်သေးခံရတယ်တဲ့ ။ အနာရှိလို့စပ်တယ်ပဲဆိုပါတော့ မာစတာဘွဲ့ယူထားတဲ့ ကိုယ်ကတော့ သူ့ပိုစ့်ကိုမြင်မြင်ချင်းသဘောမကျမိဘူး ။ ဒါပေမယ့် ကိုယ်တွေးကြည့်လိုက်တယ် ။ ဒါဟာ သူ့ခံယူချက် ထင်မြင်ချက်နဲ့ measure […]

ရောက်တတ်ရာရာ ထိုသောကြာ (၂)

ရောက်တတ်ရာရာ ထိုသောကြာ (၂)

ဧပရယ်လတုန်းက အဒေါ်ဆုံးလို့ ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေဆိုတဲ့ပိုစ့်လေးကိုရေးဖြစ်ခဲ့တယ်။ ခု နိုဝင်ဘာမှာ တစ်ခေါက်ထပ်ရေးရပြန်ဦးမယ် ။ ခုတစ်ခေါက်ဆုံးတာက ကိုယ်နဲ့သက်တူရွယ်တူသူငယ်ချင်း ။ အထက်တန်းကျောင်းမတူလို့ အရမ်းမရင်းနှီးပေမယ့် အဂ်လိပ်စကားပြောသင်တန်း အတူတူတက်ခဲ့တဲ့သူငယ်ချင်းလေးဆိုပါတော့ ။ သဘောကောင်း ဖော်ရွေတဲ့သူငယ်ချင်း ၊ ကျောင်းမှာ ကိုးတန်း ဆယ်တန်းစာတွေ အသည်းအသန်လုပ်ကြတဲ့အချိန်ဆိုတော့….ကျောင်းကလိုအပ်တဲ့ လူမှုရေးကိစ္စတွေဆို ဘယ်သူမှ မလုပ်ချင်ကြဘူး ။ ဒါပေမယ့် သူကတော့ ဆိုကရေးတီးအတွက် လူလိုရင် အမြဲကူညီနေကျ ။ ကျောင်းအငြိမ့် မင်းသမီးလေး…သူများမလုပ်ချင်တဲ့ လှုမှုရေးမှန်သမျှ အမြဲကူညီနေကျ သူငယ်ချင်းလေး ၊ ခုတော့ အသဲ နဲ့ ကျောက်ကပ် ပျက်စီးသွားလို့ လွန်ခဲ့တဲ့ ရက်ပိုင်းက […]

ရောက်တတ်ရာရာ ထိုသောကြာ (၁)

ရောက်တတ်ရာရာ ထိုသောကြာ (၁)

ရာသီဥတု အပြောင်းအလဲမို့ထင်တယ် ခုတလော နေမကောင်းချင်ဘူး ။ အမြဲတမ်းပူနေတဲ့ စင်ကာပူမှာ ဘယ်လိုရာသီဥတုပြောင်းလဲတော့မသိဘူး ။ ခုတလော MRT မှာ ကြည့်လိုက်ရင် သူသူကိုယ်ကိုယ်နှာခေါင်းလေးတရှုံ့ရှုံ့ ချောင်းလေး တဟွပ်ဟွပ်နဲ့  ။ အပြောင်းအလဲဒဏ်ခံရလွယ်တဲ့ကိုယ်လည်း နေမကောင်းချင်သလိုဖြစ်ပြီး ဆေးသောက်နေရတာ တစ်ပတ်လောက်ရှိပြီ။ Panadol သာက်လိုက် Decoldgen အွန်လိုက် ၊ အအေးဒဏ်ခံနိုင်အောင် အချဉ်တွေစားလိုက် ၊ ပွင့်သွားအောင် အပူအစပ်တွေစားလိုက် ၊ ရေနွေးသောက်လိုက် နဲ့ ကိုယ့်ဟာကိုယ် ပြုစုစောင့်ရှောက်နေရတာ ဖတ်ဖတ်မော။ မောဆို အလုပ်သစ်ဆိုတော့ ဆေးခွင့်ယူဖို့ ဦးဏှောက်ကခွင့်မပြု ၊ ဆေးခန်းလည်းမသွားဖြစ်..။သွားဖို့လည်းမအားဘူး..အလုပ်ထဲမှာ တစ်ရက်တာ အလုပ်ပြီးသမျှကို […]

ချစ်တယ်

ချစ်တယ်

ပင်လယ်ကိုချစ်တယ် တောင်တန်းတွေကိုချစ်တယ် ကောင်းကင်ပြာပြာကိုချစ်တယ် နှင်းစက်ဖြူတွေကိုချစ်တယ် မိုးဦးကျမြေသင်းနံ့ကိုချစ်တယ် ရွက်ဝါကြွေတွေကိုချစ်တယ် လီလီပန်းတွေပွင့်တဲ့ ဆောင်းမနက်ခင်းတွေကိုချစ်တယ် ရင်ကွဲအောင် အော်တတ်တဲ့ ငှက်ဆိုးကလေးတွေကိုချစ်တယ် ခြောက်သွေ့အေးစက်တဲ့ ပြောင်းခင်းဝါ၀ါကြီးတွေကိုချစ်တယ် နေသာရာလိုက်လှည့်တတ်တဲ့ နေကြာပင်လေးတွေကိုချစ်တယ် အရောင်ပြောင်းတတ်တဲ့သစ်ရွက်ကလေးတွေကိုချစ်တယ် ရေကန်ထဲမျောနေတဲ့ ဘဲအုပ်ကလေးတွေကိုချစ်တယ် အလေ့ကျပေါက်တတ်တဲ့ တောပန်းလေးတွေကိုချစ်တယ် အိပ်မက်တွေထည့်ထားတဲ့ ပုံပြင်စာအုပ်ကိုချစ်တယ် တိမ်တွေပေါ်ပြေးဆော့…သက်တန့်ရောင်စုံအိပ်မက်တွေကိုချစ်တယ် အလုံးစုံပုံအပ်ထားတဲ့ မေတ္တာတရားကိုချစ်တယ် စိတ်နားခိုရာ နယ်မြေကျဉ်းကျဉ်းလေးကိုချစ်တယ် လိုအပ်ချိန်တိုင်း ဖေးမပေးတဲ့ လက်တစ်စုံကိုချစ်တယ်။ photo credit to Amazing Wild Flower  

Who Are You To Complain?

Who Are You To Complain?

ဒီရက်ပိုင်းမှာ Trans Siberian အပိုင်း ၈ ပိုစ့်မတက်နိုင်တဲ့အပြင် ပိုကြာဖို့ အကြောင်းဖန်လာပါတယ် ။ ဘာလို့ဆိုတော့ ၂ လ ကျော်ကြာ pending ဖြစ်နေတဲ့ ကိုယ့်ရဲ့ EP က ရုတ်တရုတ် Approve  ဖြစ်ပြီး …. အလုပ်သွားနေရလို့ပါပဲ ။  ဒါ့အပြင် အလုပ်နဲ့ အိမ်နဲ့ ကတော်တော်ကိုဝေးတာ..၉ နာရီ အလုပ်ကိုရောက်ဖို့ မနက် ရ နာရီကနေ အိမ်က ထွက်ရတယ် ။ တစ်နေ့ကို အသွား ၂ နာရီ အပြန် ၂ နာရီကြာပါတယ် ။ ရထား ၂၂ မှတ်တိုင်စီးရပြီး […]