Recent Posts

စာအုပ်နှင့်ရောက်တတ်ရာရာ

စာအုပ်နှင့်ရောက်တတ်ရာရာ

ဒီညကနေစပြီး ၁၅ ရက်လောက် ပျောက်ပြန်ဦးမယ် ။ ဘာလုပ်မလို့လဲဆိုတော့ ခရီးသွားမလို့ ။ ၂ နှစ်၃ နှစ်နီးပါးသွားချင်ခဲ့တဲ့ ခရီးလေးကို အခုမှ အကောင်အထည်ဖော်နိုင်တာ ။ ခရီးသွားနေတုန်းမှာ ဖတ်ဖို့ စာအုပ် ငါးအုပ်သယ်သွားမယ် (၃ အုပ်ကတော့ ebook)။ ပြန်လာရင် စာအုပ် review လေးတွေရေးမယ်..။ ဖြစ်နိုင်ရင် ခရီးစဉ်အကြောင်းကိုလည်းရေးဦးမယ်လေ။ တစ်နှစ်တစ်ကြိမ်တော့ ခရီးသွားဖြစ်ပေမယ့် ဒီတစ်ခါ ခရီးသွားဖြစ်မှာကို နည်းနည်းစိတ်လှုပ်ရှားမိတယ် ။ ကိုယ်သွားနေကျအုပ်စုနဲ့မဟုတ်ဘူး ။ အသိ အမနှစ်ယောက်ရယ် ကိုယ်ရယ် သုံးယောက်ပဲ ..။ ခရီးကလည်း adventure အတွေ့အကြုံတွေကလည်းအများကြီးရမှာဆိုတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ ။ ဒီခရီးလေးသွားချင်နေတာ တော်တော်လေးကိုကြာပြီ ။ အဖော်ကောင်းမယ့်အချိန် […]

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

မနေ့က နှစ်ဆန်းတစ်ရက်နေ့ ကိုသားငယ်ဆုံးတဲ့ သတင်းတက်လာတော့ စိတ်မကောင်းတော်တော်ဖြစ်ရတယ် ။ ကိုယ်နဲ့တော့အများကြီးမရင်းနှီးပေမယ့် facebook ထဲမှာ မြင်မြင်နေကျ အကိုကြီးဆိုတော့ ဆွေမျိုးရင်းချာတစ်ယောက်ဆုံးပါးသလို စိတ်မကောင်းဖြစ်ရတယ် ။ စိတ်က တစ်နေကုန်မကြည်တော့ လုပ်သမျှအလွဲလွဲအချော်ချော်..လက်ကိုဓားရှ ဟိုပြုတ်ကျ ဒီပြုတ်ကျ အကျီတွေအောက်ပြုတ်ကျနဲ့ တစ်နေကုန်ဖြစ်နေတော့တာ ။ ညနေပိုင်းမှာ ဖေ့ဘုတ်ဖွင့်လိုက်တော့ ကိုယ့်ပိုစ့်တစ်ခုအောက်မှာ ညီမ၀မ်းကွဲက လာရေးတယ် ။ အဖေညီ့မ အဒေါ်မိုးမိုးဆုံးပြီ ။ နှလုံးရောဂါ သွေးတိုးရောဂါနဲ့ မနက်ငါးနာရီမှာ ရုတ်တရက်ဆုံးတယ် ။ ကလေးက ငါးတန်းပဲရှိသေးတယ်ဆိုပြီးလာရေးတယ်..။ ရေးတာနဲ့ မပြီးသေးဘူး အသုဘရှုလို့ရအောင်ဆိုပြီး အလောင်းပြင်ထားတဲ့ပုံကိုပါလာပို့တယ် ။ ဆုံးတယ်လို့ ကြားတုန်းက […]

နှစ်သစ်စကား

နှစ်သစ်စကား

လူတွေဟာကြောက်စရာကောင်းတယ်။ community နှစ်ခုကြားမှာ ဖြစ်တဲ့ ပြသနာကို ethnic cleansing (လူမျိုးတုန်း သတ်ဖြတ်ခြင်း) ပါလို့ တစာစာအော်ကြတယ်.. ။ ကိုယ့်ဝမ်းတောင်ကိုယ်မဖူလုံတဲ့ တိုင်းပြည်ကို illegal immigrant (ခိုးကူး) တွေအတွက် အမေရိကန် standard နဲ့ host လုပ်စေချင်ကြတယ် ။ အမေရိကန် standard အရဆိုရင် health coverage ။ နေစရာထိုင်စရာ ၊ စားစရာသောက်စရာတွေကို အစိုးရက ခိုးကူတွေအတွက် ထောက်ပံ့ကြရမှာဖြစ်ပေမယ့် မြန်မာလိုဆင်းရဲမွဲတွေနေတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပေးနိုင်မှာလဲ ။ ရှိတဲ့ ပြည်သူ ပြည်သားတွေတောင် ကျောချစရာမရှိအောင် ဆင်းရဲနေကြတာကို […]

မိပျင်း(သို့မဟုတ်)ကံဆိုးမလေး(၁)

မိပျင်း(သို့မဟုတ်)ကံဆိုးမလေး(၁)

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၁)   မိပျင်းရယ်…ကံဆိုးမလေး တောင်စဉ်ရေမရအတွေးမျှင်တန်းနောက်မှာ တကောက်ကောက်လိုက်ရင်း ရွက်ကြွေတစ်ရွက်လို လေနှင်ရာ လွင့်နေပြီလား ဂျင်းဘောင်းဘီ အရောင်ရင့်ရင့် တွေကိုနှစ်သက်တုန်းလား ရင်ကွဲပက်လက် ငိုချင်းချတုန်းလား ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်း ရှိုက်ရှိုက်ငိုတုန်းပဲလား   မိပျင်းရယ်…မေတ္တာငတ်မလေး အဆိုးထဲက ကောင်းကွက်ကိုရှာရင်း ရှာမတွေ့တဲ့အခါတိုင်း ဖြစ်ရလေခြင်းဆိုပြီး တနင့်တပိုး ဒဏ်ရာတွေကို အနာဖေးထပ်ခွာပြန်ပြီလား ဝေးနေတာပဲကောင်းပါတယ်လို့ တွေးမိနေပြီလား မလွမ်းဘူးလို့ ဟန်ဆောင်နေတုန်းလား ဘ၀အနာတွေရင်းလာတိုင်း သေရာပါအောင် မျိုချနေတုန်းပဲလား   မိပျင်းရယ်…မြက်ရိုင်းမလေး ရောက်လေရာမှာ လောကဒဏ်တရားကို မျက်စိဒေါက်ထောက်ကြည့်ရင်း မြက်ရိုင်းတစ်ပင်လို အလေ့ကျ ပေါက်တုန်းပဲလား များများခုတ်လေ ပိုသန်လေ […]

ဆုတောင်း

ဆုတောင်း

နှုတ်ဆက်ရွက်ကြွေ ၀တ္တုရှည်ရဲ့ ဇာတ်သိမ်းပိုင်းကိုရှာမတွေ့ဘူးဆိုပြီးခဏခဏပြောကြတယ် ။ တကယ်တော့ နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းက ရေးလက်စတန်းလန်းရှိသေးတဲ့အပြင် စာရေးတာနဲ့အဆက်ပြတ်သွားလို့ မုဒ်တွေပျောက်ပြီး ဇာတ်သိမ်းပိုင်းကို ရေးတာ သဘောမကျလို့ မတင်ဖြစ်တာပါ ။  နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းကို ၂၀၁ရ ကျရင် မုဒ်တွေဈာန်တွေသွင်းပြီး ရေးပေးပါ့မယ်နော်။ လောလောဆယ်တော့ အချိန်မပေးနိုင်လို့မရေးဖြစ်သေးတာ ။ တကယ်တော့အဲဒီ ဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားတာပါ ။ တချို့အကြောင်းအရာတွေကလွဲရင် တော်တော်များများက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ။ သေသေချာချာအာရုံစိုက်ပြီး ရေး၇မှာမို့ စိတ်ရောကိုယ်ပါ အားမယ့် ၂၀၁ရ မှာမှ ရေးတော့မယ်နော် ။ ပြီးတော့ ဇာတ်သိမ်းပိုင်းရှာမတွေ့ဘူးဆိုပြီး facebook ပေါ်မှာရော email , comment တွေမှာပါ ပြောပေးကြတဲ့ စာဖတ်သူတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ။ ဇာတ်သိမ်းပိုင်းမှာ တန်ပိုတွေပိုတက်ဦးမှာမို့လို့ ခုတည်းက စောင့်မျှော်ပေးပါလို့ ။ စာရေးတာနဲ့ပက်သက်ပြီးပြောရရင် […]

My Life in 2016

My Life in 2016

ဒီဇင်ဘာဆိုရင် အလိုလိုပျော်တဲ့ ကိုယ်….မနှစ်က ဒီဇင်ဘာတုန်းက ဆို ဖေဖော်ဝါရီ လဆန်း ဂျပန်ကိုသွားမှာမို့ အသည်းအသန်ခဲမှန်ပျော်နေခဲ့တာ ။ မနှစ်က ဒီဇင်ဘာက ဆို စာမေးပွဲကလည်းပြီး ဘောနက်စ်တွေဘာတွေရတဲ့အချိန်ဆိုတော့ ပိုပျော်တာပေါ့ ။ ဒီနှစ်တော့မပျော်နိုင်ပေါင် ..။ အလုပ်လက်မဲ့ ကျောင်းသူဘ၀ ဒီကြားထဲမှာ ကျောင်းကိုတင်ရမယ့် dissertation က ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ဆုံးဆိုတော့ စာပဲထိုင်လုပ်နေတော့တယ်။ (၀လာတာတော့ ထည့်မရေးတော့ဘူး နောက်မှပဲလျော့တာပေါ့)  ။ ဘာလိုလိုနဲ့ စင်ကာပူမှာ နေလာတာ ခြောက်နှစ်ကျော်သွားပြီ .. ပျော်တယ်ရယ်မဟုတ် မပျော်ဘူးရယ်မဟုတ်ဘဲနဲ့ လုပ်စရာရှိတာကို မှန်မှန်လုပ်ရင်းနဲ့ပဲ ခြောက်နှစ်ရှိသွားတာ ။ မြန်မာပြည်ကိုပြန်မလားဆိုတော့ ကိုယ့်လို မျက်နှာမွဲမှာ သူများအလုပ်မှာ ၀န်ထမ်းဖြစ်ရုံကလွဲပြီးမရှိဘူး ။ ဒီမှာပဲနေမလားဆိုတော့ နွေမိုးဆောင်းမကွဲတဲ့ နိုင်ငံမှာ နေတာကြာတော့ပျင်းလာတယ် ။ ဒါပေမယ့် […]

ဘွဲ့ရရန်တစ်လအလို

ဘွဲ့ရရန်တစ်လအလို

ဘွဲ့ရရန် တစ်လသာလိုပါတော့သည် ။ ဒီဇင်ဘာ ၃၀ ရက်နေ့ dissertation submit လုပ်ရမယ် ။ ၂ နှစ်ခွဲတာ ပင်ပန်းထားသမျှတွေအတွက် အတိုးချပြီးနားမယ်စဉ်းစားပေမယ့် ကုန်ထားတဲ့ ကျောင်းလခ ကျေအောင်ကြိုးစားရဦးမယ် ။ အချိန်ကုန် ငွေကုန် လူဝ စိတ်ညစ်ရတာလေးကလွဲရင် နောက်မြှီးလေးရှည်ရမှာက ၀မ်းသာစရာကြီးပါ  ။ ကွန်ကရက်မလုပ်ကြနဲ့ဦးနော် ။ ဒီဇင်ဘာကုန်မှ ပေါင်းလုပ်ပေး…ကျိန်းကျေသွားမှာစိုးလို့ပါ ။ ပျက်ကွက်ထားသမျှ လူမှုရေးတွေ၊ အချိန်မပေးနိုင်သမျှတွေအတွက် အတိုးချပြီး active ဖြစ်အောင်ကြိုးစားတော့မယ် ။ ဘလော့ကို မ၀င်ဖြစ် ၊ ဖေ့ဘုတ်ကိုပိတ်ထားပေမယ့် instagram တော့အမြဲသုံးဖြစ်တယ်။ သုံးဖြစ်တဲ့အပြင် ခရီးသွားတုန်းဓာတ်ပုံရိုက်ထားတာလေးတွေအတွက်တောင် သီးသန့် page ဖွင့်ထားသေးတာ ။ photo edit လုပ်ရတာသဘောကျတော့ […]

ညီမလေးတစ်ယောက်သို့

ညီမလေးတစ်ယောက်သို့

ဖြူစင်မှုဆိုတာ ဝေးကွာလွန်းလာတဲ့အချိန်မှာ တည်ဆောက်ခဲ့သမျှကို နှမြောတယ် ညီမလေးရယ် ဘ၀ဆိုတာ အချိုးအကွေ့တွေများတဲ့မြစ်တဲ့ ဖြစ်သလို စီးဆင်းကြစမြဲဆို ဘ၀ဟာ ဘ၀ဆန်ကောင်းဆန်ပေမယ့် တိုက်စားရင်း လုံးလုံးပါးကုန်ကြမှာပေါ့ ညီမလေးရယ် ခံစားချက်တွေနုစဉ်က နှလုံးသားတွေ ပါးလျလွန်းလို့ ကလောင်တစ်ချက်အတို့မှာ တောင်ပြိုကမ်းပြို လောက်ကျွမ်းခဲ့ကြသေးတာပဲ လောကဒဏ်တရားရဲ့အထိုးအနှက်တွေကြားမှာ ညီမလေးရဲ့ နှလုံးသားဟာလည်း မာကောင်းမာနိုင်လောက်တာပေါ့ အားတင်းထားရင်းနဲ့ ခက်ထန်လာတဲ့ မာနတွေနောက်မှာ ညီမလေးရဲ့မျက်ရည်စက်လက်အိပ်မက်တွေနဲ့အတူ ညတွေဟာ အကျည်းတန်လာတယ် ညီမလေးရယ် ဘ၀ဟာ ဖြူစင်မှုတွေကို ရဲရင့်စွာ မှားယွင်းရင်းနဲ့ မချို မယ့် နောင်တ တချို့အတွက် အခါခါ ပေးဆပ်နေကြရ စမြဲပဲ ။ ညီမလေးရယ် ချစ်ခင်ပါ […]

စိတ်ထဲရှိသမျှ (၁)

စိတ်ထဲရှိသမျှ (၁)

စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။ (၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass  လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ […]

ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦး

ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦး

ဘဝဟာ ရေစီးကြောင်းလေးတစ်ခုလိုတောင် ဖြောင့်အောင်မစီးတတ်ခဲ့ဘူး တိုက်စားခံလိုက်ရတဲ့ ချောင်းကမ်းပါးလေးလိုပဲ ဘဝအနားသတ်တချို့ဟာ ရေစီးနှင့်အတူ လုံးလုံးပါးသွားခဲ့ ရေကန်ထဲက လည်တံရှည်ငန်းရိုင်းလေးက ပြောတယ် ဘဝဆိုတာ ဒီလိုပါပဲတဲ့ ပျံနိုင်တဲ့အထိ ပျံကြရဦးမှာပေါ့တဲ့ ဆော်လမွန်ငါးရဲ့အိမ်ပြန်ခရီးလောက် ဘယ်ကြမ်းတမ်းမလဲတဲ့ ဌာနီဆိုတာ ဘယ်လောက်ဝေးဝေး မမေ့ကောင်းတဲ့ တစ်နေ့မှာ ဖြစ်အောင်ပြန်မယ်တဲ့ နွေဦးဟာ သာယာတယ် နှင်းကို လွမ်းတိုင်း မျက်ရည်စို့တာ ဘယ်သူသိမလဲ နွေဦးဟာ ခြောက်သွေ့တယ် မိုးကို လွမ်းတိုင်း ကြိတ်ငိုတတ်တာ ဘယ်သူသိမလဲ မရှိတဲ့အရာကို တမ်းတနေသရွှေ့တော့ ဘဝက ဘယ်အဆင်ပြေမလဲတဲ့ ငန်းရိုင်းလေးက ရင်ကွဲပက်လက်ပြောတယ် တကယ်တော့ ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦးဟာလည်း နည်းနည်းတော့ပူပြင်း ခြောက်သွေ့နေမယ်ထင်တယ် […]