Women’s World Journal

ပြန်မလာနိုင်သူ

ပြန်မလာနိုင်သူ

တစ်စစီပြန့်ကြဲနေသော ကျောင်းစာအုပ်တွေကို ကျွန်တော်သိမ်းဆည်းလိုက်ကာ အမေ့ငိုသံကိုနားစွင့်နေမိသည်။ အမေနေ့လည်တည်းကထိုင်ငိုနေတာ ခုဆိုညနေတောင်ရောက်နေပြီ အမေ ငိုလို့မပြီးသေး ။ အခန်းပြင်ကိုထွက်လာပြီး ငိုနေသောအမေ့ကို“အဖေဘယ်မှာလဲ” လို့ မေးတော့ အမေပြန်မဖြေနိုင်ဘဲ ရှိုက်ကြီးတငင်ထပ်ငိုပြန်တော့ ကျွန်တော်စိတ်မကောင်းစွာနဲ့ ထပ်မမေးဖြစ်တော့ပေ ။ ပြန်လာမလားလို့မျှော်နေပေမယ့် ရက်ပေါင်းများစွာကြာအောင် အဖေပြန်မလာသောအခါ အိမ်ကကြောင်မလေးလိုများဖြစ်နေမလားဆိုပြီးစဉ်းစားမိပါတယ်။ကျွန်တော် မူကြိုတက်တုန်းက အိမ်က ကြောင်မလေးဟာ အိမ်ပြန်မလာဘဲ အချိန်တော်တော်ကြာအောင်ပျောက်နေခဲ့ဖူးသည် ။ ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိသွားတဲ့အခါကျမှ  ကြောင်မလေးဟာ ပိန်လှီချိနဲ့စွာနဲ့ အိမ်ပြန်ရောက်လာခဲ့တာမို့ အဖေဟာလည်း တစ်နေ့နေ့တော့ အိမ်ကကြောင်မလေးလို ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိတဲ့အချိန်ပြန်လာမှာပါလို့ တွေးနေမိပါတယ်။ အိမ်ကိုဆွေမျိုးသားချင်းတွေလာလည်တိုင်း “ယုံကြည်ချက်တွေလေ…ယုံကြည်ချက်တွေ…ကျွန်ဝယ်ရာမှအဆစ်ပါသွားတာ” ဆိုတဲ့စကားကို အမေ့ဆီမှ မကြာမကြာကြားရလေ့ရှိသည် ။ အဖေဟာတကယ်ပဲ ကျွန်ဝယ်ရာမှာ အဆစ်ပါသွားသလား ကျွန်တော်စဉ်းစားမိပါသည် […]

အချစ်ဦးဒိုင်ယာရီ

အချစ်ဦးဒိုင်ယာရီ

ဖုန်တလောင်းလောင်းထနေသောဗီရိုအံဆွဲလေးကိုဖုန်ခါရင်း ရှိနေမှန်းသိလျက်နဲ့ မေ့ချင်ယောင်ဆောင်ထား ဒိုင်ယာရီစာအုပ်လေးကိုတစ်ရွက်ချင်းလှန်လိုက်မိသည်။“အချစ်ဦး မြေးဦးရရင်တောင်မမေ့ဘူး” တဲ့….. အချစ်ဦးဆီက အမှတ်တရလက်ဆောင်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်လေး ။ အမှတ်တရပေါင်းစုံတို့ရဲ့သိုမှီးရာ ၊ ခံစားချက်တွေရဲ့ဖြစ်တည်ရာ ၊ မျက်ရည်တွေရဲ့စီးဆင်းရာ တကယ်တော့ အချစ်ဦးဆီက ဆိုတဲ့ခံစားချက်လေးတောင်မှ သူမအတွက်အရာရာတိုင်းဖြစ်စေခဲ့ပါသည်။ ဒိုင်ယာရီရဲ့ပထမစာမျက်နှာမှာ “သက်ထားလေးရဲ့ခံစားချက်တွေအကုန်ဖွင့်ဟဖို့” ဆိုတဲ့စာလေးရေးထားမှန်း မကြည့်ပေမယ့် သိနေခဲ့သည်။ လေးထောင့်ဆန်ဆန်လက်ရေးတွေကိုလည်းအခုထိအလွတ်ရနေမြဲ ။ “ကိုကြီးရယ် လက်ပံပွင့်တွေပွင့်နေပြီ အပြင်မှာလည်းတအားပူတယ် ဘယ်ကိုလွမ်းလို့လွမ်းရမှန်းမသိဘူး ကိုကြီးကိုတအားသတိရတယ် ”နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ရောက်ရောက်ချင်းပထမဆုံးရေးဖြစ်တဲ့စာသားလေး ။ အလွမ်းတွေနဲ့မယဉ်ပါးသေးတဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ဆောက်တည်ရာမဲ့တဲ့အလွမ်းတွေ  ချစ်တတ်လွမ်းတတ်ခံစားတတ်လွန်းတဲ့ငယ်ပုံရိပ်တွေ ၊ ကြင်နာတတ်တဲ့နှုတ်ခမ်းဖျားက “သက်ထားလေး” ဆိုတဲ့အသံတွေဟာ ဒိုင်ယာရီစာမျက်နှာတွေနဲ့အတူ လှုပ်ခတ်နိုးကြားလာခဲ့ပြန်ပါတယ်။ “နေ့စဉ်ရက်ဆက်လွမ်းနေမိတယ် ကိုကြီးရယ် […]

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မနက်ဖြန် မင်းနဲ့မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးတဲ့နေ့မှာ ကိုယ်ဘယ်လောက်နာကျင်ခံစားရလဲသိလား ။ မင်းနဲ့ပက်သက်သမျှကိုအဆက်ဖြတ်ပြီး လုံးဝနောက်လှည့်မကြည့်တော့နဲ့တော့ ဆိုပြိးကိုယ့်ကိုကိုယ်အမိန့်ပေးရတာဟာ ကိုယ့်အသဲနှလုံးကို ဓါးထက်ထက်နဲ့နုတ်နုတ်စဉ်းလိုက်သလိုခံစားရတယ် ။ ကိုယ့်ဘ၀ထဲကို မင်းဝင်လာခဲ့တာလား မင်းဘ၀ထဲကို ကိုယ်ပဲဝင်မိသလား ကိုယ်မသိဘူး ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ လူမသိသူမသိပက်သက်ခဲ့ကြတဲ့သူတွေမှန်း မင်းနဲ့ကိုယ်နှစ်ယောက်လုံးသိပါတယ်။ လေတဖြူးဖြူးတိုက်နေတဲ့ ချောင်းဘေးက လှေကားထစ်တွေမှာ ကိုယ်ရှက်ပြုံးလေးပြုံးရင်း မင်းနဲ့လိုက်ထိုင်ဖူးတယ်။ မင်းတွဲလာမလားလို့ ကမ်းလိုက်ရတဲ့လက် ၊ ပေးလိုက်ရတဲ့မြောင်းတွေ ။ မင်းကလည်း လက်မကမ်းသလို မြောင်းကလည်းရေမလာခဲ့ဘူး ။ ကိုယ်ကတော့ထင်မိခဲ့တယ် ။ တီတီတာတာပြောတတ်တဲ့ ကိုယ့်ကိုမင်းနှစ်သက်လိမ့်မယ် ။ မင်းကိုဂရုစိုက်တဲ့ကိုယ့်ကိုနှစ်သက်လိမ့်မယ် ။ မင်းကို သ၀န်တိုတတ်တဲ့ကိုယ့်ကို နှစ်သက်ခဲ့လိမ့်မယ်လို့ ။ […]

မောင်မောင့်အကြောင်း

မောင်မောင့်အကြောင်း

ဒီစာမျက်နှာမှာ အဖေအကြောင်း ၊ အမေအကြောင်းတွေကိုခဏခဏရေးဖူးပေမယ့် ကျမချစ်သောမောင်ငယ်လေးအကြောင်းကိုတော့ တစ်ခါမှမရေးဖူးခဲ့ပါဘူး ။ ကျမမှာ ကျမထက် ဆယ်နှစ်တိတိငယ်သော မောင်လေးတစ်ယောက်ရှိပါတယ် ။ ၁၉၉၈ ဖွား စနေသားမောင်လေးကို ကျမက မောင်မောင်လို့ချစ်စနိုးနဲ့ခေါ်ရာကနေစပြီး သူ့ကိုလူတိုင်းက မောင်မောင်လို့ပဲခေါ်ကြပါတယ် ။ မေမေ့မှာ မောင်လေးကိုယ်ဝန်ရှိတယ်လို့ကြားစက ငါးတန်းအရွယ်ကျမ ရှိုက်ကြီးတငင်ငိုပြီး မလိုချင်ဘူးလို့အခါခါ ငြင်းခဲ့ပါတယ် ။ ဟုတ်တယ်လေ ဆယ်နှစ်လောက် တစ်ဦးတည်းသောသမီးအဖြစ်နေလာခဲ့တဲ့ ကျမ အတ္တကြီးတာလည်းမဆန်းပါဘူး ။ တကယ်တမ်းမောင်လေးမွေးလာတဲ့အချိန်မှာ ကျမထက်ချစ်တဲ့သူတောင် ကျမလောက်ချစ်နိုင်မယ်မထင်ဘူး ။ မျက်နှာတစ်ပြင်လုံးမှာ အမွှေးနုလေးတွေပါတဲ့ မောင်လေးသေးသေးလေးကို မချီတတ်ချီတတ် ချီပြီး အချစ်တွေပိုခဲ့ရပါတယ် ။  မောင်လေးက ကံဆိုးတယ်ပြောမလား သူ့ကိုမေမေမွေးတုန်းက မမွေးနိုင်လို့ညှပ်ဆွဲပြီး မွေးခဲ့ရတာမို့ မျက်နှာတစ်ဝိုက်မှာ ဒဏ်ရာဒဏ်ချက်တွေအမျာကြီးရခဲ့ပါတယ် ။ ဒါ့အပြင် […]

လုပ်ချင်တာလေးတွေ

လုပ်ချင်တာလေးတွေ

လောလောဆယ် စိတ်ဖိစီးမှုများလွန်းတဲ့ဘ၀ထဲကနေ ခဏတာရုန်းထွက်ချင်မိပါတယ်။ ဘာလုပ်လိုက်ရရင်စိတ်ဖိစီးမှုတွေပြေပျောက်သွားမလဲဆိုပြီးတွေးမိပြန်တော့ တကယ်လို့ကျွန်မ အောက်မှာရေးထားတဲ့အချက်တွေထဲက တစ်ခုခုကိုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မစိတ်တွေအနည်းငယ်ပြေလျော့သွားလိမ့်မယ်ထင်ပါတယ်။ (၁)လက်ရှိအလုပ်ကနေထွက်ပြီး ကျွန်မလုပ်ချင်တဲ့ PHP နဲ့ development လုပ်ချင်ပါတယ် ။ ရှေ့မကြည့်နောက်မကြည့်လုပ်ချင်ရာလုပ်တတ်တဲ့ကျွန်မ ရွေးချယ်မှုအမှားတစ်ခုကြောင့် ကိုယ်စိတ်မ၀င်စားတဲ့အရာတွေကိုလုပ်နေရတယ်။ အချိန်မှီပြောင်းမှဖြစ်ပါတော့မယ် ။ (၂)ပျော်စရာမကောင်းတဲ့အလုပ်ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ချင်ပါတယ်။ ဒါပေမယ့် ဒါဟာကျွန်မရွေးချယ်ထားတဲ့အလုပ်မို့လို့လောလောဆယ်ပြောင်းခွင့်မရှိသေး ။ (၃)ရစရာရှိတဲ့ ဘောနက်စ်ရချင်ပါတယ် ။ နှစ်စဉ်ပေးနေကျ ဘောနက်စ်က management အပြောင်းအလဲကြောင့် မပေးသေးဘူးဖြစ်နေပါတယ်။ ပိုက်ဆံလေးမြိုးမြိုးမြက်မြက်ရမယ့်အချိန်ဆို အဲ့တိုင်းပဲ ။ (၄)အဟေး…အထိုင်များလွန်းလို့ တစ်နေ့တစ်ခြား ချစ်တဲ့သူတွေကတော့ မိပုံ့ဖြစ်လာတယ် ၊ အမြင်ကတ်တဲ့သူတွေကတော့ ၀လာလိုက်တာတဲ့……။ အဲ..တစ်နေ့တခြားဝလာတဲ့ ကိုယ်ကို […]