ကြုံရဆုံရ

ပေတံများနှင့်တိုင်းတာခြင်း

ပေတံများနှင့်တိုင်းတာခြင်း

အကြောင်းအရာအဖြစ်အပျက်တွေကို လူတွေဟာ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတာကြတယ်။ ဘယ်ဟာက အမှန်လဲ အမှားလဲ ။ ကိုယ့်ပေတံသာအမှန်ဆိုရင် သူများပေတံတွေက အမှားလား ။ အမှန်နဲ့အမှားဘယ်လိုခွဲခြားကြမလဲ ။ တလောက သူငယ်ချင်းတစ်ယောက်ရဲ့ facebook ပိုစ့် တစ်ခုကို ဖတ်မိတယ် ။ Master တန်း ဆက်တက်တာမကောင်းဘူး အချိန်ကုန် လူပင်ပန်းပြီးအကျိုးမရှိဘူး ၊ ဒေါက်တာ တန်းတက်ချင်တဲ့သူတွေပဲဆက်တက်သင့်တယ်တဲ့ ။ မာစတာဘွဲ့ရပြီး ဘာမှမတတ်ရင် လူအထင်သေးခံရတယ်တဲ့ ။ အနာရှိလို့စပ်တယ်ပဲဆိုပါတော့ မာစတာဘွဲ့ယူထားတဲ့ ကိုယ်ကတော့ သူ့ပိုစ့်ကိုမြင်မြင်ချင်းသဘောမကျမိဘူး ။ ဒါပေမယ့် ကိုယ်တွေးကြည့်လိုက်တယ် ။ ဒါဟာ သူ့ခံယူချက် ထင်မြင်ချက်နဲ့ measure […]

ဒေါသထုတ်အကြီးကြီး

ဒေါသထုတ်အကြီးကြီး

ဒီရက်ပိုင်း ကိုယ်လုပ်ဖြစ်တဲ့အလုပ်က သည်းခံခြင်းပဲ.. ဟုတ်တယ် အစစအရာရာကိုသည်းခံနိုင်အောင်ပဲ ကြိုးစားဖြစ်တယ် ။ ကြာသပတေးသမီးကိုယ်ဟာ…. နေ့နံနဲ့မလိုက်အောင် တအားဒေါသကြီးတယ် ဒေါသထွက်လာရင် အသားတွေ တဆတ်ဆတ်တုန်အောင်ထိဖြစ်တာ ။ စိတ်ကိုထိန်းချုပ်ပြီး သည်းခံနိုင်အောင် မနည်းကြိုးစားနေရတယ် ။အကြောင်းအရာအစုံအလင်ကို မပြောချင်တော့ဘူး ။ ပြသနာတစ်ခုဖြစ်ရင် နှစ်ဦးနှစ်ဖက်အမှားကိုယ်စီရှိတာမို့ ကိုယ်မှန်တယ်လို့လဲမဆိုလိုဘူး…။ သူများမှားတယ်ဆိုပြီးလည်းလက်ညှိုးမထိုးချင်တော့ဘူး။ အတိုချုပ်ပြောရရင် ၂၀၁ရ ဖေဖော်ဝါရီမှာ ကိုယ်ရွေးချယ်မှုတစ်ခုမှားခဲ့တယ် ။ မနေသင့်တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ တစ်အိမ်တည်းနေမိတာ ကိုယ့်အမှား ။ ထိုရွေးချယ်မှုနောက်ဆက်တွဲအဖြစ် ဒီလို ဒေါသထွက်တာမျိုးကို နေ့တဓူဝကြုံနေရသလို သူငယ်ချင်းတွေကြားမှာလည်း မိတ်ပျက်တာပဲအဖတ်တင်ခဲ့ပါတယ် ။ ကိုယ်သည်းခံတယ်ဆိုတာလည်း သည်းခံတတ်လို့ သည်းခံနိုင်လို့မဟုတ်ဘူး […]

စိတ်ထဲရှိသမျှ (၁)

စိတ်ထဲရှိသမျှ (၁)

စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။ (၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass  လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ […]

မလုံသောစိတ်

မလုံသောစိတ်

ကျွန်မဒီရုံးကိုရောက်စက မျက်နှာလေးအမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကော်ဖီဖျော်တဲ့ အန်တီတစ်ယောက်ကိုသတိထားမိခဲ့ပါတယ် ။ အန်တီရဲ့မျက်နှာဟာ အမြဲတမ်းကြည်လင်ပြီးပြုံးရွှင်နေတတ်တဲ့အပြင် အင်္ဂလိပ်လိုမပြောတတ်ပေမယ့် သူပြောတတ်တဲ့တရုတ်စကားနဲ့ကျွန်မကိုအမြဲတမ်းနှုတ်ဆက်လေ့ရှိပါတယ် ။ ကျွန်မကလည်းသူ့ကိုအမြဲတမ်းနှုတ်ဆက်ပြီး “အန်တီ စားပြီးလား နေကောင်းလား လှတယ်နော်” ဆိုပြီး သူများဆီသင်ထားတဲ့တရုတ်စကားတစ်လုံးစ ၊ နှစ်လုံးစကလေးနဲ့ပြန်ပြောတတ်ခဲ့ပါတယ် ။ ရုံးမှာကော်ဖီဖျော်တဲ့အောက်ခြေသိမ်းအလုပ်ကိုလုပ်ပေမယ့် သူတို့က ဆင်းဆင်းရဲရဲတွေထဲကမဟုတ်ပါဘူး ။ အိမ်ပိုင် ၊ ကားပိုင်ကိုယ်စီရှိကြပေမယ့် လူနေမှုစနစ်ကြောင့်သာ တစ်ကိုယ်စာဝင်ငွေရအောင် ပင်စင်စားပြီးတဲ့နောက်ပိုင်းမှာ အဆင်ပြေတဲ့အလုပ်တစ်ခုခုမှာဝင်လုပ်တတ်ကြတာပါ ။ ဒီမှာ food court တို့ဘာတို့မှာသွားကြည့်လိုက်ရင် စားပွဲထိုးတွေ ၊ အမှိုက်သိမ်းတွေဟာ သက်ကြီးရွယ်အိုတွေများပါတယ် ။ တုန်တုန်ချိချိနဲ့စားပြီးသားတွေသိမ်းနေတဲ့သက်ကြီးရွယ်အိုတွေကိုမြင်ရတိုင်း ကျွန်မအပါအ၀င်မြန်မာလူမျိုးတိုင်းက ရင်ထဲမကောင်းဘဲ […]

လုပ်ချင်တာလေးတွေ

လုပ်ချင်တာလေးတွေ

လောလောဆယ် စိတ်ဖိစီးမှုများလွန်းတဲ့ဘ၀ထဲကနေ ခဏတာရုန်းထွက်ချင်မိပါတယ်။ ဘာလုပ်လိုက်ရရင်စိတ်ဖိစီးမှုတွေပြေပျောက်သွားမလဲဆိုပြီးတွေးမိပြန်တော့ တကယ်လို့ကျွန်မ အောက်မှာရေးထားတဲ့အချက်တွေထဲက တစ်ခုခုကိုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မစိတ်တွေအနည်းငယ်ပြေလျော့သွားလိမ့်မယ်ထင်ပါတယ်။ (၁)လက်ရှိအလုပ်ကနေထွက်ပြီး ကျွန်မလုပ်ချင်တဲ့ PHP နဲ့ development လုပ်ချင်ပါတယ် ။ ရှေ့မကြည့်နောက်မကြည့်လုပ်ချင်ရာလုပ်တတ်တဲ့ကျွန်မ ရွေးချယ်မှုအမှားတစ်ခုကြောင့် ကိုယ်စိတ်မ၀င်စားတဲ့အရာတွေကိုလုပ်နေရတယ်။ အချိန်မှီပြောင်းမှဖြစ်ပါတော့မယ် ။ (၂)ပျော်စရာမကောင်းတဲ့အလုပ်ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ချင်ပါတယ်။ ဒါပေမယ့် ဒါဟာကျွန်မရွေးချယ်ထားတဲ့အလုပ်မို့လို့လောလောဆယ်ပြောင်းခွင့်မရှိသေး ။ (၃)ရစရာရှိတဲ့ ဘောနက်စ်ရချင်ပါတယ် ။ နှစ်စဉ်ပေးနေကျ ဘောနက်စ်က management အပြောင်းအလဲကြောင့် မပေးသေးဘူးဖြစ်နေပါတယ်။ ပိုက်ဆံလေးမြိုးမြိုးမြက်မြက်ရမယ့်အချိန်ဆို အဲ့တိုင်းပဲ ။ (၄)အဟေး…အထိုင်များလွန်းလို့ တစ်နေ့တစ်ခြား ချစ်တဲ့သူတွေကတော့ မိပုံ့ဖြစ်လာတယ် ၊ အမြင်ကတ်တဲ့သူတွေကတော့ ၀လာလိုက်တာတဲ့……။ အဲ..တစ်နေ့တခြားဝလာတဲ့ ကိုယ်ကို […]

တရားခံ

တရားခံ

(ထမင်းစားပြီးမှ ဖတ်ပါရန်)အောက်သိုးသိုးအနံ့ကြီးကြောင့်စိတ်တော်တော်ညစ်ရသည်။ အဲဒီအနံ့ကြီးကြောင့်ပဲ ခေါင်းတွေလည်းမူးလှပြီ ။ စိတ်တွေလည်းမကြည်မလင်ဖြစ်လွန်းလှပြီ ။ ပြသနာက တစ်သက်လုံးပြသနာမရှိဖူးခဲ့တဲ့ ဂျိုင်းက စသည် ။ အသန့်အပြန့်ကြိုက်တဲ့အပြင် အမွှေးအကြိုင်ကြိုက်တဲ့ ကျမအတွက် ဂျိုင်းမှာ ချွေးနံ့လိုလို အောက်သိုးသိုးအနံ့လိုလိုနဲ့ ဘာအနံ့မှန်းကိုမသိ တ်ာတော်ကြီးကိုစိတ်ပျက်စရာကောင်းပါသည်။ အနံ့ကိုခွဲခြမ်းစိတ်ဖြာရလျင် (၁)နေပူကြဲတဲအောက်က ဖုန်တထောင်းထောင်းထနေတဲ့နေရာမှာ တစ်နေကုန်တစ်နေခန်း နေထားတဲ့ လူတစ်ယောက်ဆီက နံတဲ့အနံ့မျိုးလား (၂) အပူအစပ် ၊ အနံ့ပြင်းပြင်း အစားအစာတွေစားထားတဲ့သူဆီက နံတဲ့အနံ့မျိုးလား (၃)ရေမွှေးအပေါစား ၊ roll on အပေါစားသုံးပြီး ချွေးနံ့နဲ့ရောသွားတဲ့အနံ့မျိုးလား (၄) personal hygiene ညံ့လွန်းတဲ့ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့သူဆီက နံတဲ့အနံ့မျိုးလား မဟုတ်ရပါ..မဟုတ်ရပါဘူး ။ ကျမအလုပ်က အဲကွန်းခန်းထဲမှာ တစ်နေကုန်တစ်နေခမ်းနေရတဲ့အလုပ် ။အပူအစပ် […]