ဝတ္တုရှည်

နှုတ်ဆက်ရွက်ကြွေ(၅)

နှုတ်ဆက်ရွက်ကြွေ(၅)

တရိပ်ရိပ်တက်လာသောလှိုင်းလုံးကြီးတွေကိုကြည့်ရင်း အသက်ရှုရပ်သွားမတတ်ကြောက်လန့်စိတ်နဲ့အတူ သူမကြောင်ပြီးရပ်နေမိသည်။ မြစ်ဝကျွန်းပေါ်သူ ၊ ရေနဲ့မစိမ်းသူဖြစ်ပေမယ့် သူမဘ၀မှာဒီလောက်ထိဆိုးရွားသောအခြေအနေမျိုးကိုတစ်ခါမှမမြင်ဖူးခဲ့ ။ ပတ်ဝန်းကျင်တစ်ခုလုံးပိန်းပိတ်မှောင်နေသည့်အပြင် လေတ၀ူးဝူးတိုက်ကာ ဘေးအိမ်တွေလည်းအမိုးတွေလန်ကာ တချို့အိမ်တွေဆိုရင်ပြိုကျလုနီးပါးအခြေအနေဖြစ်နေသည်။ ထုနဲ့ထည်နဲ့ခိုင်ခန့်လှသည့်သူမတို့အိမ်တောင် လေတစ်ချက်အဝှေ့မှာ အိမ်ခေါင်မိုးလန်ကုန်သည်။ “ဦးငယ်…ဘယ်လိုလုပ်မလဲ..” “ဆက်နေဖို့မဖြစ်တော့ဘူး ကုန်းအမြင့်ပိုင်းဘက်ကိုပြေးမှဖြစ်မယ်…ရေဒီထက်တက်လာရင်သေကုန်ကြလိမ့်မယ်..” ဦးငယ်ကပြောလည်းပြောပြီးသည်နှင့် ကိုအောင်ကျော်လက်က သမီးလေးကိုချီလိုက်ပြီး သူမလက်ကိုဆွဲကာ အိမ်အောက်ကိုဆင်းလာကြသည်။ သူမတို့တွေအကုန်လုံးရွဲရွဲစိုလျက်…။ သမီးလေးကတော့ကြောက်အားလန့်အားနဲ့ငိုတောင်မငိုနိုင်တော့ဘဲ အဖေကိုသာအတင်းဖက်ထားရှာသည်။အိမ်အောက်ထပ်တစ်ခုလုံးလည်းရေလွှမ်းကာ ရှိသမျှအကုန်လုံးရေထဲမှာပေါလောမျောလို့..။ ကံကြမ္မာကိုပဲအပြစ်ဆိုရမှာလားမသိတော့ ။ ဒီလောက်အခြေအနေနဲ့ဆိုလျင်သူမတို့ပွဲရုံကဆန်တွေလည်း ရေထဲမှာနစ်ကုန်ပြီလား ၊ မြစ်ထဲမျောသွားပြီလားမသေချာ။ အသက်အန္တရာယ်ကိုနီးနီးကပ်ကပ်ရင်ဆိုင်ပြီးမှတော့ ကျန်တာတွေကို သူမ မစိုးရိမ်နိုင်တော့ပေ ။ ဖြစ်ချင်တာသာဖြစ်ပါစေတော့ လူ့အသက်ထက်အရေးကြီးတာဘာရှိဦးမှာမို့လဲ ။သူမတို့လွတ်အောင်ပြေးရုံသာ။ ရေကပေါင်လယ်လောက်အထိသာရောက်နေပေမယ့် လေထဲမိုးထဲမှာ သူမတို့လမ်းမလျှောက်နိုင်ဘဲရေစီးအလိုက်နဲ့အတူမျောလာခဲ့ကြသည်။ မှောင်မည်းနေသောရေထဲမှာ […]

နှုတ်ဆက်ရွက်ကြွေ(၄)

နှုတ်ဆက်ရွက်ကြွေ(၄)

တီ..တီ..တီ..တီ နှိုးစက်မြည်သံကိုကြားသည်နှင့် ကျင့်သားရနေတဲ့မျက်ဝန်းတွေက အလိုလျောက်ပဲပွင့်လာခဲ့သည်။ နောက်ကျမှသွားလို့ရသော်လည်း အခွင့်အရေးကိုအပြည့်အ၀မယူချင်သောစိတ်နဲ့အတူ အိပ်ရာမှထကာ ရေချိုးရန်ထလာလိုက်သည်။ ညနက်အောင်အထိ စာလုပ်ထားသောဖြူကတော့ အိပ်မောကျတုန်း ။  မနက်ဖြန်ဆိုရင်ဘာလုပ်ရမလဲဆိုတဲ့ အတွေးက ခေါင်းထဲကိုမခေါ်ဘဲဝင်ဝင်လာသည်။ ဒီနေ့ဟာ သူမအတွက် အလုပ်ထဲမှာနောက်ဆုံးရက်ဖြစ်သလို မကြာခင်မှာလည်း နှစ်ရှည်လများနေလာခဲ့ဖူးတဲ့ ဒီအဆောင်ကိုချန်ထားခဲ့ပြီး ဦးငယ်နဲ့အတူ ဘ၀သစ်တစ်ခုကိုစတင်လျှောက်လှမ်းရတော့မည်။ ပြင်ဆင်ညှိနှိုင်းခဲ့သောအချိန်တွေဘယ်လောက်ရှိရှိ တကယ်တမ်းရင်ဆိုင်ရတော့မှာမို့ သူမစိတ်လှုပ်ရှားမိသည်။ ဘ၀ရဲ့လှိုင်းတွေက ခပ်ကြမ်းကြမ်းရိုက်ခတ်ဖူးလေတော့ ခိုင်မြဲလှပါတယ်ဆိုတဲ့ ကျောက်ဆောင်တောင် လေလာတိုင်းလှိုင်းများလားလို့တုန်လှုပ်စမြဲမဟုတ်လား…ရှေ့လျှောက်ရမယ့်လမ်းတွေကို ချောချောမောမောနဲ့လျှောက်လှမ်းနိုင်ပါ့မလားဆိုတဲ့ သံသယတွေနဲ့အတူ စိုးရွံ့နေမိပြန်သည်။ “ကံဇာတာရယ် တစ်ခါတော့အလှည့်ပေးပါနော်” လို့သာသီချင်းလေးညည်းလိုက်ချင်ပါတော့သည်။ “ငါတော့ဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး ဒါပေမယ့် ငါတို့တွေသတိရနေမှာပါဟာ..ပြီးတော့ နင့်နေရာမှာလုပ်မယ့်တစ်ယောက်လည်း ဘာတွေတလွဲလုပ်ဦးမလဲမသိဘူး”တကယ်တမ်းလည်းခွဲခွာရမယ်ဆိုတော့ သံယောဇဉ်အဖွဲ့အနှောင်တွေက ခပ်တင်းတင်းလည်းချည်လို့..။ မသက်မာရဲ့ဝမ်းနည်းစကားတွေ၊ […]

နှုတ်ဆက်ရွက်ကြွေ(၃)

နှုတ်ဆက်ရွက်ကြွေ(၃)

လွယ်ထားသောဆလင်းဘတ်အိတ်နဲ့ ပါလာသောအထုတ်အပိုးတွေကို စားပွဲခုံပေါ်မှာတင်ပြီး သူမကုတင်ထက်မှာစိတ်လွတ်ကိုယ်လွတ်လှဲချလိုက်မိသည်။ တစ်နေကုန်တစ်နေခမ်းပင်ပန်းလိုက်သည့်ဖြစ်ခြင်း ၊ မသက်မာဆီကို နက်ဖြန်လည်း ခွင့်ယူမယ့်အကြောင်းကို text message လေးပို့လိုက်ပြီး အိပ်ရာပေါ်မှာငြိမ်သက်နေမိသည်။ ဦးငယ်ပြန်ရောက်နေတာမို့ ဆိုင်ကိုမလာဖြစ်မှန်း မသက်မာသိပြီးဖြစ်ပေမယ့် စာမလာအကြောင်းမကြားဘဲပျက်ကွက်နေမိမှာကိုအားနာကြောင့် message ပို့ပြီးအကြောင်းကြားခြင်းဖြစ်သည်။ တကယ်တော့ မသက်မာဆိုတာ ဦးငယ်ရဲ့သူငယ်ချင်းဖြစ်သလို သူမတို့ “သစ္စာ Home Market ” ရဲ့ရှယ်ယာတစ်ဝက်ကိုပိုင်ဆိုင်သောသူဖြစ်သည် ။ ကျန်သောရှယ်ယာတစ်ဝက်ကိုတော့ ဦးငယ်ကပိုင်ဆိုင်ပြီး သူမကျောင်းပြီးတဲ့နောက်ပိုင်းတော့ ဦးငယ်ကဆိုင်မှာ စာရင်းကိုင်အဖြစ်သွင်းပေးထားခြင်းဖြစ်ပါတယ်။ သူမဟာ ဒီနေ့အလုပ်သွားဖို့အစီစဉ်ရှိပေမယ့် မနက်စောစောစီးစီး ဦးငယ်က ဘုရားတက်ချင်လို့လာခေါ်တာကြောင့် အလုပ်မသွားဖြစ်ဘဲ ဦးငယ်နောက်ပါသွားခြင်းပင် ။ အခန်းတံခါးဖွင့်သံဖွဖွလေးကြားလိုက်တော့ ဖြူကျောင်းမှပြန်ရောက်ပြီမှန်းသိလိုက်သည် ။“ညီမလေး […]

နှုတ်ဆက်ရွက်ကြွေ (၂)

နှုတ်ဆက်ရွက်ကြွေ (၂)

“အချစ်ဆိုတာဘာလဲ မမ”ကုတင်ပေါ်မှာပက်လက်ကလေးလှဲရင်း ဖြူကမေးလိုက်သည် ။ ဘ၀အစကတည်းက ချိုသဲအောင်ဆိုသောသူမအတွက် ကံဇာတ်ဆရာသည် ဇာတ်ညွှန်းကောင်းကောင်းကိုမဖန်တီးနိုင်ခဲ့ ။ “ပလိုင်းပေါက်နဲ့ဖားကောက်” သလို အဖေကရှာလိုက် ၊ အမေက လောင်းကစားလုပ်လိုက်နဲ့ သူမတို့ဘ၀ဟာ ပိန်တစ်လှည့်ဖောင်းတစ်လှည့် လောင်းကစားမိသားစုစစ်စစ်ဖြစ်သည် ။ ဒါပေမယ့် ရေရှည်တွေးတတ်ခဲ့သည့်အဖေ့ကျေးဇူးကြောင့်တစ်ဦးတည်းသောသမီးသူမအတွက် အိမ် ၊ ကား ၊ အတွင်းပစ္စည်းတွေအပြင် အဝေးရပ်တစ်နေရာမှာ ပညာသင်နိုင်အောင် အဖေစီမံနိုင်ခဲ့သည် ။ သူမဟာလည်း အပူပင်ကင်းမဲ့စွာနဲ့ မြို့တော်အရပ်မှာ ပညာသင်ယူနေရာကနေ ရုတ်တရက်ကြီးအဖေ ကွယ်လွန်သွားတော့  ကံဇာတ်ဆရာက နောက်ထပ်တစ်ကြိမ်မျက်လှည့်ထပ်ပြပြန်ပါတော့သည်။“အချစ်ဆိုတာလား… မပက်သက်ခဲ့ရင်အကောင်းသားဆိုတဲ့ နောင်တ တစ်ခုပဲ ပေးနိုင်တဲ့အရာပေါ့ ညီမလေးရာ”“ဟယ်…မမကလည်း မမဘဲဘဲက ဒီလောက်ဥစ္စာပေါ […]

နှုတ်ဆက်ရွက်ကြွေ (၁)

နှုတ်ဆက်ရွက်ကြွေ (၁)

မနက်ခင်းနေရောင်ဖွေးဖွေးက သူမ၏ပါးပြင်ပေါ်သို့ခပ်စူးစူးလေးထိုးလာတော့ ကျင့်သားရနေတဲ့မျက်လုံးအစုံက ပွင့်လာခဲ့သည်။ သူမထသောအချိန်သည် မနက်ခုနစ်နာရီတိတိ ဖြစ်သည်။ ဘုရားပန်းလဲ ၊ သောက်တော်ရေကပ်ပြီး ဘုရားရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ဘုရားရှိခိုး ၊ ဘုရားစာရွတ်ဆိုတာ မနက်ခင်းတစ်ခုကိုစတင်လိုက်ပါသည်။ ဘုရားရှိခိုးပြီး ထမင်းအိုးလေး ထတည်ရင်း တံမျက်စည်းလေးကိုင်ကာ အခန်းကို ကပျာကရာသန့်ရှင်းရေးလုပ်လိုက်သည်။ ဒီနေ့နေ့လည်ခင်းမှာ သူမရဲ့အခန်းဖော်အသစ် ကျောင်းသူလေးရောက်လာမည်ဟု အဆောင်ပိုင်ရှင်အဒေါ်ကြီး မနေ့ညကလာပြောခဲ့သည်။ မတူညီသောအသိုင်းအ၀ိုင်းထဲမှာကြီးပြင်းလာခဲ့တဲ့ မတူညီသောလူသားနှစ်ယောက် နေရာတစ်ခုတည်းတွင် အတူတူခိုအောင်းကြတဲ့အခါ ဘယ်လိုပြသနာတွေနောက်ဆက်တွဲဖြစ်တတ်သလဲဆိုတာ အဆောင်ပါးဝနေတဲ့သူမအတွက် သိပ်ထူးဆန်းသော အကြောင်းအရာတစ်ခုမဟုတ်တော့ပေ။ ဘာပဲပြောပြော အခန်းဖော်အသစ်ကလေးကို သူမ လှိုက်လှဲသောစိတ်ကလေးနဲ့ကြိုဆိုနေမိခဲ့ပါသည်။ သူမထက်အသက်ငယ်မယ့်ပုံရတဲ့ ဖြူဖြူနုနုအခန်းဖော်အသစ်လေးနာမည်က “ဖြူစင်လင်း” တဲ့ ။ မျက်မှန်ခပ်ထူထူတပ်ထားတဲ့ […]