ဝတ္တုတို

ချယ်ရီပင်အောက် နောက်တစ်ခေါက်

ချယ်ရီပင်အောက် နောက်တစ်ခေါက်

တကယ်တော့အဲဒီနေ့ဟာ ရန်ကုန်မြို့တော်ရဲ့ ခပ်ပြင်းပြင်းနေရောင်အောက်ကနေ့တစ်နေ့ ။ မြလမ်းထဲက လမ်းသွယ်လေးတစ်ခုထဲကို တရွေ့ရွေ့တိုးဝင်လာရင်း ပြင်းထန်လွန်းတဲ့နေရောင်ကိုသူမ ထီးအပြာရောင်နဲ့အန်တုဖို့ကြိုးစားလိုက်တယ်။ ကိုကိုမြန်မြန်လာပါ ဒီမှာချိန်းထားတာနောက်ကျတော့မယ် သူမနောက်ကအသော့ကလေးလိုက်လာတဲ့ ချစ်ခင်ပွန်းကိုခဏလောလိုက်ရင်း ရတနာလမ်းနဲ့မြလမ်းထောင့်က သူမတို့ချိန်းထားတဲ့ နှစ်ထပ်တိုက်ကလေးကိုရောက်လာခဲ့ပါတယ်။ အဆင်သင့်စောင့်နေတဲ့ပွဲစားက သူမတို့နှစ်ယောက်ကိုလှမ်းခေါ်ရင်း ဧည့်ခန်းမှာပဲ ထွက်မလာသေးတဲ့အိမ်ရှင်လင်မယားကိုထိုင်စောင့်နေလိုက်ကြတယ်။ သေသပ်လှပသော နှစ်ထပ်တိုက်ကလေး ၊ ကျယ်ကျယ်ဝန်းဝန်းနေရာယူထားတဲ့ဧည့်ခန်းဖွဲ့စည်းပုံလေးက ဒီအိမ်ကအိမ်ရှင်မရဲ့စည်းစနစ်ကျမှုကိုဖော်ပြနေတယ်။ ကြည်ညိုဖွယ်ကောင်းလှတဲ့ ကျောက်စိမ်းဗုဒ္ဓဆင်းတုတော် ၊ ဘုရားမီးအစိမ်းရောင်လေးတွေ ၊ ဂန္ဓမာပန်းအဖြူလေးတွေထိုးထားတဲ့ ဘုရားပန်းအိုး  ဒီအိမ်ရဲ့အိမ်ရှင်မဟာ အလှအပကိုလည်းသဘောကျနှစ်သက်မယ့်သူလို့သူမမှတ်ချက်ချမိတယ် ။ နေအပူပြင်းလွန်းလို့ ခုထက်ထိအမောမပြေနိုင်တဲ့ အိမ်ဦးနတ်ကို သူမပြုံးပြလိုက်ရင်း လက်ထဲက တစ်ရှုးလေးကိုထုတ်ပြီးချွေးသုတ်ပေးလိုက်တယ်။ ဒါကြောင့်ကိုကို့ကိုကားနဲ့ပဲလာပါလို့ပြောတာ ပြောစကားနားမထောင်ဘူးလို့ ဗျစ်တောက်ဗျစ်တောက်ပြောမိပြန်တယ် ။ […]

တစ်ခုသောတနင်္ဂနွေ

တစ်ခုသောတနင်္ဂနွေ

တိတ်ဆိတ်တဲ့လမ်းမကြီးက ဝါကျင့်ကျင့်မီးရောင်တွေကလွဲရင် ခွေးတစ်ကောင်ကြောင်တမြီးမှမရှိ ။ လမ်းတစ်ဘက်က အုပ်အုပ်ဆိုင်းဆိုင်းနွယ်ပင်တွေ ကားမှတ်တိုင်ခေါင်မိုးပေါ်ကိုတိုးတက်နေလိုက်ကြတာ ။ မိုးတိတ်ပြီးစ ဒီလိုအချိန်ဆိုရင် ဒီနေရာမျိုးက ခြောက်ကပ်တတ်တာကို သူမသိလျက်နဲ့ပဲ ဒီလမ်းကိုဇွတ်လာမိခဲ့တာလည်းသူမအပြစ် ။ ဘေးပတ်ဝန်းကျင်ကိုအကဲမခပ်ရဲလောက်အောင် သူမထိတ်လန့်နေမိသည်။ နောက်ဘက်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကလည်း ခါတိုင်းတနင်္ဂနွေရက်တွေနဲ့မတူ တိတ်ဆိတ်ငြိမ်သက်နေလိုက်တာ ။ မနက်ခင်းကပဲသူမဘုရားကျောင်းတက်ဖို့ရောက်လာခဲ့သေးတယ်လေ။ဘုရားကျောင်းဘက်ကိုဆတ်ခနဲ့တစ်ချက်ငေးအကြည့် ဘေးနားမှာက ယူကလစ်ပင်အောက်မှာ လူရိပ်ယောင်ယောင်မြင်လိုက်မိသည်။ သေချာအောင်ထပ်ကြည့်လိုက်တော့ ဘာမှမရှိပြန်.. သူမမျက်စိမှားတာပဲနေမှာပါ ကြောက်ပါတယ်ဆိုမှ ။ကြောက်စိတ်တွေဝင်နေပေမယ့် စိတ်ထဲမှာမသိုးမသန့်ခံစားချက်ကို သူမခုမှစခံစားမိသည်။ အချိန်က ည ဆယ့်နှစ်နာရီနီးပါး ၊ နေရာက လူ့မလိုင်တွေအနေများတဲ့ အိမ်ရာဝင်းတစ်ခုရဲ့ နောက်ဘက်က ကားလမ်းမကြီးဘေးက ကားမှတ်တိုင်သေးသေးလေးတစ်ခု ၊  မိုးတိတ်ပြီးစ […]

ချစ်သောမောင်

ချစ်သောမောင်

ဝရံတာနောက်က တိတ်တခိုးချောင်းကြည့်တတ်တဲ့မျက်ဝန်းတစ်စုံကို မောင်သိခဲ့မယ်ဆိုရင် ၊ ကျစ်လျစ်တဲ့မောင့်ပုံစံလေးကို အဝေးကနေမျှော်ကြည့်တတ်တဲ့သူတစ်ယောက်ကိုမောင်သိခဲ့မယ်ဆိုရင် ၊ မမလေးဆီကိုလာတိုင်း အငယ်မလေးအတွက်ဆိုပြီး လက်ဆောင်တွေယူယူလာတတ်တဲ့ မောင့်ကို ဒီဇင်ဘာ ပိတ်ရက်ရောက်တိုင်းလည်တမော့မော့နဲ့မျှော်နေတဲ့သူကို မောင်သာသိခဲ့မယ်ဆိုရင် … ပြီးတော့ ကိုယ့်ထက် ငါးနှစ်နီးပါးကြီးတဲ့သူတစ်ယောက်ကို မောင်လို့တိတ်တခိုးလေးခေါ်တဲ့သူကို  မောင်သာသိခဲ့မယ်ဆိုရင်…. ဒီဇင်ဘာနှင်းစက်တွေက အလွမ်းတွေသယ်လာစရာအကြောင်းမရှိဘူးလေ ။မောင့်ကိုမောင်လို့စခေါ်မိတဲ့နေ့လေးအကြောင်းကို မောင်သိချင်နေမလား အဲဒီနေ့က မောင်နဲ့ကျမနဲ့ပထမဆုံးဆုံဖူးတဲ့နေ့လေ…လွန်ခဲ့တဲ့ငါးနှစ်လောက်က ဒီဇင်ဘာရဲ့ ညနေခင်းတစ်ခုမှာ… အပြာနုရောင်ရှပ်အကျီလေးဝတ်ထားတဲ့မောင့်နဲ့ ကျမတို့ညီမနှစ်ယောက်နဲ့လမ်းမှာတွေ့ကြတာလေ..။ မမလေးရဲ့လက်ကိုဆွဲရင်း မောင့်မျက်နှာကိုမော့ကြည့်ပြီး မောင်နဲ့မျက်လုံးချင်းဆုံသွားတဲ့ခဏ အံအားသင့်သွားတဲ့မောင့်မျက်နှာရယ်လေ…။‘မမလေး နင့်ညီမက အချောလေးပဲဟေ့… ပုတာလေးကလွဲရင်ပေါ့’ တဲ့..။အချောလေးပဲဆိုလို့ ဝမ်းသာရမလိုရှိသေး ပုတာလေးကလွဲရင်ဆိုတဲ့စကားက ကျမရင်ကိုဆို့စေခဲ့တယ်မောင်..ဒါပေမယ့်လည်း….တောက်ပတဲ့မောင့်မျက်ဝန်းတွေအတွက် ကျမစိတ်မဆိုးရက်ဘူးလေ..။ ငါးပေဆယ့်တစ်လက်မဆိုတဲ့မောင့်အတွက်..ငါးပေမပြည့်တဲ့ ကျမက ပုတာပေါ့နော်..မောင်..။ […]