ဝတ္တုတို

လိမ်ညာတတ်သူ

လိမ်ညာတတ်သူ

ဟန်ဆောင်ပန်ဆောင်စကားလုံးတွေနဲ့တွယ်တာမှုတွေကိုအမြဲရောင်စဉ်လွင့်အောင်ကြိုးစားနေတဲ့ကိုယ်ဟာ တကယ်တော့ လိမ်ညာတတ်သူတစ်ယောက်ပါ။ သူငယ်ချင်းလေးမှာချစ်သူရှိတယ်ဆိုတဲ့အသိတစ်ခုတည်းနဲ့တင် ကိုယ့်စောင့်စည်းခြင်းအလွှာခပ်ထူထူနဲ့ ကိုယ့်သေတွင်းကိုခက်နက်နက်တူးရင်း ကိုယ်ပြုံးရုံလေးပြုံးနေခဲ့တာပါ ။ “အရမ်းကိုရိုးသားဖြူစင်တဲ့သူငယ်ချင်းတွေလေ ..ဟာ ဘာမှမဆိုင်ပါဘူး တကယ်ကိုသူငယ်ချင်းစစ်စစ် ။ ကိုယ့်သူငယ်ချင်းလေးက ဘယ်သူ့အပေါ်မဆိုသဘောကောင်းတာ အဲဒီလိုမဟုတ်ရပါဘူး ” ကဲ သူငယ်ချင်းလေး ကိုယ်လူတိုင်းကိုလိုက်ညာမိပြန်ပြီ ။ ကိုယ့်စောင့်ထိန်းထားတဲ့အလွှာထူထူကိုမကွာကျစေမယ့်အရေးအတွက် ညာခြင်းတွေအပ်ကြောင်းထပ်အောင် ၊ မုသားတွေချောင်းစီးအောင်ညာခဲ့ပြန်ပြီ..။ ကိုယ်ဟာ လိမ်ညာတတ်သူပါသူငယ်ချင်းလေးရယ် ။ “သူငယ်ချင်းလေးကိုချစ်နေတယ်မလား”တဲ့ ။ သွေးအေးအေးနဲ့ကိုယ်လိမ်ညာလိုက်ပြန်ပြီသူငယ်ချင်းလေးရယ် ။ အတွေးထဲမှာ တရေးရေးမြင်ယောင်လာတဲ့သူငယ်ချင်းလေးမျက်နှာကို ကိုယ်သတ္တိနည်းစွာရင်မဆိုင်ရဲဘဲ ခေါင်းအုံးအောက်မှာမျက်နှာဝှက်ရင်း ရှိုက်ကြီးတငင်ငိုကြွေးရင်း ကိုယ်ဟာသူငယ်ချင်းလေးကိုစိတ်အနှောင့်အယှက်ပေးမိပြီဆိုတဲ့အတွေးနဲ့ညနက်ခဲ့ရတယ် ။ သူငယ်ချင်းလေး ကိုယ်ဟာ ချစ်သူရှိပြီးသားလူတစ်ယောက်ကို နီးစပ်ခြင်းဆိုတဲ့အကြောင်းပြချက်ခပ်နဲ့နဲ့ နဲ့ ကိုယ့်ဘက်ပါအောင်ဆွဲယူချင်တဲ့ […]

မစိမ်းပြာနှင့် မျက်တောင်တု

မစိမ်းပြာနှင့် မျက်တောင်တု

ဘဏ်ထဲမှာရှိသောပိုက်ဆံတွေကို စိတ်ဖြင့်တဒေါက်ဒေါက်ပေသီးခေါက်လိုက်သည် ။ လစာ ၊ အိမ်လခ ၊ ဖုန်းခ ဟင်းဟင်းဟင်း.. ကုန်ကျစရိတ်တွေလည်းတယ်များသကိုး ။ ဘာပဲဖြစ်ဖြစ် ဖြစ်အောင်ဝယ်မယ်ဆုံးဖြတ်ချက်နဲ့ မစိမ်းပြာတစ်ယောက် ခြင်းတောင်းတစ်လုံးကောက်ဆွဲပြီး အလှကုန်ပစ္စည်းတွေထားတဲ့ဘက်ကိုပဲဦးတည်လိုက်မိသည်။အလှကုန်တန်းကို နာရီဝက်လောက်ပတ်ပြီးပေမယ့် မစိမ်းပြာလိုချင်သောပစ္စည်းတွေယခုထက်ထိရှာမတွေ့နိုင်သေး။ စင်ကာပူက ရှောပင်းစင်တာတွေမှာက ကုန်ပစ္စည်းကောင်တာတွေတစ်နေရာတည်းမှာအများကြီးရှိပေမယ့် ကောင်တာတိုင်းမှာ အရောင်းစာရေးတွေထားလေ့မရှိ ။ Watson တို့လို့ဆိုင်မျိုးမှာသာ အရောင်းစာရေးမလေးတွေအနည်းအကျဉ်းရှိတတ်သည် ။ ဒါကြောင့်မို့ မစိမ်းပြာတစ်ယောက် အလှကုန်တန်းမှာ တစ်ယောက်တည်းသွားလိုက်ပြန်လိုက်ယောက်ယက်ခတ်နေခြင်းဖြစ်သည်။ မျှော်နေတုန်း ကျော့ဆုံးလာ ဆိုသလိုပဲ ရှောပင်းစင်တာရဲ့ဝန်ထမ်းဝတ်စုံနဲ့လူတစ်ယောက်မစိမ်းပြာဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည် ။“Hello, excuse me, i want to buy fake eyelashes […]

ပြန်မလာနိုင်သူ

ပြန်မလာနိုင်သူ

တစ်စစီပြန့်ကြဲနေသော ကျောင်းစာအုပ်တွေကို ကျွန်တော်သိမ်းဆည်းလိုက်ကာ အမေ့ငိုသံကိုနားစွင့်နေမိသည်။ အမေနေ့လည်တည်းကထိုင်ငိုနေတာ ခုဆိုညနေတောင်ရောက်နေပြီ အမေ ငိုလို့မပြီးသေး ။ အခန်းပြင်ကိုထွက်လာပြီး ငိုနေသောအမေ့ကို“အဖေဘယ်မှာလဲ” လို့ မေးတော့ အမေပြန်မဖြေနိုင်ဘဲ ရှိုက်ကြီးတငင်ထပ်ငိုပြန်တော့ ကျွန်တော်စိတ်မကောင်းစွာနဲ့ ထပ်မမေးဖြစ်တော့ပေ ။ ပြန်လာမလားလို့မျှော်နေပေမယ့် ရက်ပေါင်းများစွာကြာအောင် အဖေပြန်မလာသောအခါ အိမ်ကကြောင်မလေးလိုများဖြစ်နေမလားဆိုပြီးစဉ်းစားမိပါတယ်။ကျွန်တော် မူကြိုတက်တုန်းက အိမ်က ကြောင်မလေးဟာ အိမ်ပြန်မလာဘဲ အချိန်တော်တော်ကြာအောင်ပျောက်နေခဲ့ဖူးသည် ။ ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိသွားတဲ့အခါကျမှ  ကြောင်မလေးဟာ ပိန်လှီချိနဲ့စွာနဲ့ အိမ်ပြန်ရောက်လာခဲ့တာမို့ အဖေဟာလည်း တစ်နေ့နေ့တော့ အိမ်ကကြောင်မလေးလို ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိတဲ့အချိန်ပြန်လာမှာပါလို့ တွေးနေမိပါတယ်။ အိမ်ကိုဆွေမျိုးသားချင်းတွေလာလည်တိုင်း “ယုံကြည်ချက်တွေလေ…ယုံကြည်ချက်တွေ…ကျွန်ဝယ်ရာမှအဆစ်ပါသွားတာ” ဆိုတဲ့စကားကို အမေ့ဆီမှ မကြာမကြာကြားရလေ့ရှိသည် ။ အဖေဟာတကယ်ပဲ ကျွန်ဝယ်ရာမှာ အဆစ်ပါသွားသလား ကျွန်တော်စဉ်းစားမိပါသည် […]

အချစ်ဦးဒိုင်ယာရီ

အချစ်ဦးဒိုင်ယာရီ

ဖုန်တလောင်းလောင်းထနေသောဗီရိုအံဆွဲလေးကိုဖုန်ခါရင်း ရှိနေမှန်းသိလျက်နဲ့ မေ့ချင်ယောင်ဆောင်ထား ဒိုင်ယာရီစာအုပ်လေးကိုတစ်ရွက်ချင်းလှန်လိုက်မိသည်။“အချစ်ဦး မြေးဦးရရင်တောင်မမေ့ဘူး” တဲ့….. အချစ်ဦးဆီက အမှတ်တရလက်ဆောင်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်လေး ။ အမှတ်တရပေါင်းစုံတို့ရဲ့သိုမှီးရာ ၊ ခံစားချက်တွေရဲ့ဖြစ်တည်ရာ ၊ မျက်ရည်တွေရဲ့စီးဆင်းရာ တကယ်တော့ အချစ်ဦးဆီက ဆိုတဲ့ခံစားချက်လေးတောင်မှ သူမအတွက်အရာရာတိုင်းဖြစ်စေခဲ့ပါသည်။ ဒိုင်ယာရီရဲ့ပထမစာမျက်နှာမှာ “သက်ထားလေးရဲ့ခံစားချက်တွေအကုန်ဖွင့်ဟဖို့” ဆိုတဲ့စာလေးရေးထားမှန်း မကြည့်ပေမယ့် သိနေခဲ့သည်။ လေးထောင့်ဆန်ဆန်လက်ရေးတွေကိုလည်းအခုထိအလွတ်ရနေမြဲ ။ “ကိုကြီးရယ် လက်ပံပွင့်တွေပွင့်နေပြီ အပြင်မှာလည်းတအားပူတယ် ဘယ်ကိုလွမ်းလို့လွမ်းရမှန်းမသိဘူး ကိုကြီးကိုတအားသတိရတယ် ”နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ရောက်ရောက်ချင်းပထမဆုံးရေးဖြစ်တဲ့စာသားလေး ။ အလွမ်းတွေနဲ့မယဉ်ပါးသေးတဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ဆောက်တည်ရာမဲ့တဲ့အလွမ်းတွေ  ချစ်တတ်လွမ်းတတ်ခံစားတတ်လွန်းတဲ့ငယ်ပုံရိပ်တွေ ၊ ကြင်နာတတ်တဲ့နှုတ်ခမ်းဖျားက “သက်ထားလေး” ဆိုတဲ့အသံတွေဟာ ဒိုင်ယာရီစာမျက်နှာတွေနဲ့အတူ လှုပ်ခတ်နိုးကြားလာခဲ့ပြန်ပါတယ်။ “နေ့စဉ်ရက်ဆက်လွမ်းနေမိတယ် ကိုကြီးရယ် […]

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မနက်ဖြန် မင်းနဲ့မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးတဲ့နေ့မှာ ကိုယ်ဘယ်လောက်နာကျင်ခံစားရလဲသိလား ။ မင်းနဲ့ပက်သက်သမျှကိုအဆက်ဖြတ်ပြီး လုံးဝနောက်လှည့်မကြည့်တော့နဲ့တော့ ဆိုပြိးကိုယ့်ကိုကိုယ်အမိန့်ပေးရတာဟာ ကိုယ့်အသဲနှလုံးကို ဓါးထက်ထက်နဲ့နုတ်နုတ်စဉ်းလိုက်သလိုခံစားရတယ် ။ ကိုယ့်ဘ၀ထဲကို မင်းဝင်လာခဲ့တာလား မင်းဘ၀ထဲကို ကိုယ်ပဲဝင်မိသလား ကိုယ်မသိဘူး ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ လူမသိသူမသိပက်သက်ခဲ့ကြတဲ့သူတွေမှန်း မင်းနဲ့ကိုယ်နှစ်ယောက်လုံးသိပါတယ်။ လေတဖြူးဖြူးတိုက်နေတဲ့ ချောင်းဘေးက လှေကားထစ်တွေမှာ ကိုယ်ရှက်ပြုံးလေးပြုံးရင်း မင်းနဲ့လိုက်ထိုင်ဖူးတယ်။ မင်းတွဲလာမလားလို့ ကမ်းလိုက်ရတဲ့လက် ၊ ပေးလိုက်ရတဲ့မြောင်းတွေ ။ မင်းကလည်း လက်မကမ်းသလို မြောင်းကလည်းရေမလာခဲ့ဘူး ။ ကိုယ်ကတော့ထင်မိခဲ့တယ် ။ တီတီတာတာပြောတတ်တဲ့ ကိုယ့်ကိုမင်းနှစ်သက်လိမ့်မယ် ။ မင်းကိုဂရုစိုက်တဲ့ကိုယ့်ကိုနှစ်သက်လိမ့်မယ် ။ မင်းကို သ၀န်တိုတတ်တဲ့ကိုယ့်ကို နှစ်သက်ခဲ့လိမ့်မယ်လို့ ။ […]

ရင်ထဲက ”ညီ”

ရင်ထဲက ”ညီ”

ညီ .. တွယ်တာမိသောမျက်ဝန်းတစ်စုံရဲ့အောက်မှာ အရှုံးတွေထွေးပိုက်ခွင့်ရခဲ့တာတို့ပါညီ။ မနိုင်သောတိုက်ပွဲကိုမှ တိုက်ချင်မိတဲ့သူတစ်ယောက်ရဲ့အမှားလို့ပဲဆိုပါတော့။ တကယ်ပဲ အဲဒီတိုက်ပွဲမှာတို့ရှုံးခဲ့တယ်ညီ။ ညီ မသိတဲ့တို့အကြောင်း ၊ ညီမသိချင်တဲ့ တို့ခံစားချက်  … ညီရေ တို့တွေဝေးလာတာခုဆိုရင် ဆယ်စုနှစ်တစ်ခုစာရှိတော့မယ် ။ တို့ရင်ထဲမှာ ညီ့အကြောင်းကို ဟာသလုပ်ပြီးမပြောနိုင်သေးဘူး ။ တို့ဘ၀ရဲ့ ဆူးငြှောင့်ခလုတ်တစ်ခုလို တို့မေ့ပစ်နိုင်စွမ်းမရှိခဲ့ဘူးညီ။ ညီမှတ်မိဦးမလားမသိဘူး….တို့နဲ့ညီ ပထမဆုံးစတွေ့တဲ့နေ့ကပေါ့… ညီက အဲဒီနေ့က ကာကီရောင်အကျီလေးကိုလက်ခေါက်ပြီးဝတ်လို့ ၊ လူတကာဝတ်တဲ့ ဂျင်းဘောင်းဘီက တို့မျက်စိထဲမှာ ညီနဲ့မှ ပိုအဆင်ပြေနေသလိုပဲ ။ မမျှော်လင့်ဘဲ တို့ကိုဝေ့ခနဲတစ်ချက်အကြည့် တို့……ရင်တွေခုန်သွားတယ်ညီရယ်…။ ဒါပေမယ့်တို့မှာ ထိန်းသိမ်းရမယ့်သိက္ခာတရားလေးကရှိနေတော့ တို့ မမြင်ချင်ယောင်ဆောင်ပြီး မသိသလိုလေးနေခဲ့ရတယ်ညီ။ […]

ချစ်တာလည်းကြာခဲ့ပြီ

ချစ်တာလည်းကြာခဲ့ပြီ

ရေအလျဉ်ကို အလိုက်သင့်လေး စီးမျောနေသော ငါးကန်သေးသေးလေးထဲက ရွှေငါးပေါက်စနလေးတွေ ငေးကြည့်နေမိသည် ။ ရင်ခုန်ခြင်းလား တွေဝေခြင်းလားအမျိုးအမည်မသိသော ဝေဒနာနဲ့အတူ ရင်ထဲမှာလှိုက်မောလွန်းလှပါသည် ။ ကြိုတင်ပြင်ဆင်ခြင်းများစွာနဲ့အတူ အစပြုခဲ့ပေမယ့် တကယ်တမ်း အကောင်အထည်ဖော်ဖို့ပြင်ဆင်တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်မှာကိုလည်းစိုးရိမ်လွန်းလှသလို အမည်မသိသော ဝေဒနာတွေကိုအလူးအလဲခံစားနေရသလိုပါပဲလား ။ မျက်နှာချင်းဆိုင်ထိုင်လိုက်တော့ ကိုယ်နဲ့ချွတ်စွပ်တူတဲ့ မျက်နှာတစ်ခုကို မြင်ရသည် ။ ဒီလူနှစ်ယောက်ဘာလို့ တစ်မျက်နှာတည်းဖြစ်နေကြလဲ လူတိုင်းတအံတဩပြောကြလေ့ရှိသည်။ ပြောတာများလွန်းတော့လည်းထူးခြားဖြစ်စဉ်လို့ကိုမမှတ်တော့သလိုပဲ ။ တခါတခါတော့ ပြန်ပြောတတ်လေသည် ။ ”တို့နှစ်ယောက်က ဖူးစာမှန်လို့ ရုပ်တူတာ” ဆိုပြီးတော့ပေါ့လေ ။ ချွတ်စွပ်တူတဲ့လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်က စာရွက်လေးတစ်ရွက်ကိုင်လျက် ၊ တစ်ယောက်က ခဲတံလေးတစ်ချောင်းကိုင်လျက်..။ […]

မရှိတော့တဲ့နောက်

မရှိတော့တဲ့နောက်

မောင်ရယ် လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့ မနက်ခင်းအလင်းနုနုကြောင့်  မေနိုးလာခဲ့တယ် ။ နှစ်ညတာမနိုးတမ်းအိပ်စက်ခဲ့ပေမယ့် မေ့ခန္စကိုယ်ဟာ အရင်ရက်တွေကထက် နုံးချိလေးလံနေသလိုပဲ မောင်ရယ်. ……..ပြီးတော့ မေ့ခေါင်းတစ်ခုလုံး တူတစ်လက်နဲ့မနားတမ်းထုရိုက်ထားသလို နာကျင်ကိုက်ခဲလေးလံနေတယ်မောင် ။ ခါတိုင်းမေမြင်နေကျ မြင်ကွင်းမဟုတ်တာကို သတိထားလိုက်မိတော့မှ မေ ၊ မောင်နဲ့မေရဲ့ အိမ်ကလေးကိုရောက်နေမှန်း သတိရမိတော့တယ်မောင်ရယ်..။ မေ ဒီအိမ်လေးထဲကိုရောက်နေတာ နှစ်ရက်ရှိပြီမောင် ။ မေတစ်ယောက်ထဲရှိနေတဲ့ ပန်းနုရောင်အိပ်ရာပေါ်ကနေထလိုက်ပြီး အိမ်ရှေ့ဝရန်တာဘက်ကို ထွက်လာလိုက်တယ် ။ ၀ရန်တာလက်ရန်းနားမှာ မောင်ချစ်တဲ့ငှက်ကလေးတွေ နားနေကြတယ် မောင်…စိုးစီ စိုးစီအသံတွေနဲ့ မေ့ကိုနှုတ်ဆက်နေကြတယ်။ မောင်သာရှိနေခဲ့ရင် ဟောဒီမနက်ခင်းတိုင်းမောင်နဲ့အတူတူ နိုးထပြီး ၀ရန်တာလက်တန်းလေးမှာ မှီပြီးစကားတွေပြောမယ် ။ […]

May God Bless You!!

May God Bless You!!

လေပြည်သွေ့သွေ့တိုက်နေတဲ့ ညနေခင်းလေးမှာ လှိုင်းကြက်ခွပ်ကလေးများပြေးလွှားဆော့ကစားနေတဲ့ အင်းလျားကန်ရေပြင်ကြီးကိုငေးမောရတဲ့အရသာကို သူမနှစ်သက်လှပါသည် ။ ရုန်းကန်လှုပ်ရှားနေကြတဲ့လူမှုပတ်ဝန်းကျင်ကနေ ပြေးထွက်ပြီး ဒီနေရာလေးမှာ သူမ အပန်းဖြေစမြဲ ။ ဘ၀အမောတွေကြားက ရုန်းထွက်ဖို့ သူမအတွက်သီးသန့်ရှိနေသော ကမ္ဘာလေးပါပဲ ။ ကန်ဘောင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း တခါတခါရောင်စုံလူတွေကိုသူမငေးမိသေးသည် ။ တဟေးဟေးတ၀ါးဝါးအော်ဟစ်ပျော်မြူးနေကြတဲ့ ဆယ်ကျော်သက်အုပ်စုလေးတစ်စု ။ ငယ်ရွယ်နုပျိုသော မျက်နှာလေးတွေကိုယ်စီနဲ့ ပေါ့ပါးလွတ်လပ်သောပျော်ရွှင်မှုတွေနဲ့အတူ သူမအားကျသလိုလိုတောင်ဖြစ်မိပါသည်။ထိုအုပ်စုလေးနောက်မှာ လက်ချင်းချိတ်သွားနေကြတဲ့စုံတွဲ ၊ ထီးလေးတစ်ချောင်းရဲ့အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကမ္ဘာလောကကြီးတစ်ခုလုံးကိုလျစ်လျူရှုထားတဲ့စုံတွဲ ၊ ကလေးငယ်လေးနှစ်ယောက်လက်ကိုဆွဲရင်း အေးအေးလူလူလမ်းလျှောက်လာတဲ့မိခင်တစ်ယောက် ၊ အင်းလျားကန်ရေပြင်ကြီးကိုတောင်မငေးနိုင်လောက်အောင် အသည်းအသန်ဖုန်းပြောနေသောကောင်မလေးတစ်ယောက်  ကို သူမငေးမောရင်း သူမ စိတ်အေးလက်အေးအတွေးနယ်ချဲ့နေမိပါတော့သည်။ ကန်ရေပြင်ကိုငေးလိုက် ၊ […]

အခါလွန်သင်္ကြန်

အခါလွန်သင်္ကြန်

နွေပိတောက်တို့သည် မိုးစက်များအကြိုထောက်ခေါ်ဆောင်မှုဖြင့်သင်္ကြန်ကာလအတွင်းလောကတခွင်အလှဆင်နေကြပြီ။ ခါသင်္ကြန်ဆိုရင်ဖြင့် ပတ်ဝန်းကျင်တခုလုံး လှုပ်လှုပ်ရှားရှားဖြင့် လူတိုင်းလူတိုင်းပျော်ပျော်ပါးပါးနှစ်သစ်ကိုကြိုဆြို ကသည်။ ငယ်ရွယ်စဉ်ဘ၀တုန်းကတော့ သင်္ကြန်ရောက်တိုင်း ကလေးပီပီနို့ဆီခွက်နဲ့ရေပက်ရင်းဆယ်စုနှစ်တစ်ခုစာလောက်ပျော်ပါးခဲ့ဖူးတယ် ။ ဒါပေမယ့်လည်း အရွယ်ရောက်လာတဲ့အခါ ရေထိမိတာနဲ့ ပဲကြီးရေတွန့်တဲ့လက်ရယ် ရေစိုအ၀တ်နဲ့အကြာကြီးနေရတာကိုမကြိုက်တာရယ်ကြောင့်ပဲ သူမသင်္ကြန်နဲ့ဝေးခဲ့ပါသည် ။ သင်္ကြန်ရောက်တိုင်း သနပ်ခါးအဖွေးသားလိမ်းကာ ရေလာလောင်းသမျှ အလောင်းမခံဘဲ ရေမစိုအောင်နေတတ်ခဲ့သည် ။ မမပဲလို့ ပတ်ဝန်းကျင်က သမုတ်ကြမလားပဲ ။ သင်္ကြန်ရောက်တိုင်းသူမတို့အိမ်မှာအမြဲရှိတတ်ခဲ့တာက သူမထက် အသက်နည်းနည်းပိုကြီးတဲ့ အိပ်မက်ညဆက်ရောက်ရောက်လာတတ်တဲ့ ရင်ဘတ်ထဲက တစ်ယောက်သောသူ ။ ရင်ခုန်သံကိုသိနားလည်တယ်ပြောရလောက်အောင်လည်း ရင်ဘတ်ချင်းပွင့်လင်းခဲ့ကြသူတွေမဟုတ်သလို နားမလည်ဘူး ပြောရအောင်လည်း ရင်ဘတ်ချင်းဝေးကွာခဲ့ကြသူတွေမဟုတ်ဘူး ။ […]