မောင်လေး

စိတ်ထဲရှိသမျှ (၁)

စိတ်ထဲရှိသမျှ (၁)

စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။ (၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass  လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ […]

မောင်မောင့်အကြောင်း

မောင်မောင့်အကြောင်း

ဒီစာမျက်နှာမှာ အဖေအကြောင်း ၊ အမေအကြောင်းတွေကိုခဏခဏရေးဖူးပေမယ့် ကျမချစ်သောမောင်ငယ်လေးအကြောင်းကိုတော့ တစ်ခါမှမရေးဖူးခဲ့ပါဘူး ။ ကျမမှာ ကျမထက် ဆယ်နှစ်တိတိငယ်သော မောင်လေးတစ်ယောက်ရှိပါတယ် ။ ၁၉၉၈ ဖွား စနေသားမောင်လေးကို ကျမက မောင်မောင်လို့ချစ်စနိုးနဲ့ခေါ်ရာကနေစပြီး သူ့ကိုလူတိုင်းက မောင်မောင်လို့ပဲခေါ်ကြပါတယ် ။ မေမေ့မှာ မောင်လေးကိုယ်ဝန်ရှိတယ်လို့ကြားစက ငါးတန်းအရွယ်ကျမ ရှိုက်ကြီးတငင်ငိုပြီး မလိုချင်ဘူးလို့အခါခါ ငြင်းခဲ့ပါတယ် ။ ဟုတ်တယ်လေ ဆယ်နှစ်လောက် တစ်ဦးတည်းသောသမီးအဖြစ်နေလာခဲ့တဲ့ ကျမ အတ္တကြီးတာလည်းမဆန်းပါဘူး ။ တကယ်တမ်းမောင်လေးမွေးလာတဲ့အချိန်မှာ ကျမထက်ချစ်တဲ့သူတောင် ကျမလောက်ချစ်နိုင်မယ်မထင်ဘူး ။ မျက်နှာတစ်ပြင်လုံးမှာ အမွှေးနုလေးတွေပါတဲ့ မောင်လေးသေးသေးလေးကို မချီတတ်ချီတတ် ချီပြီး အချစ်တွေပိုခဲ့ရပါတယ် ။  မောင်လေးက ကံဆိုးတယ်ပြောမလား သူ့ကိုမေမေမွေးတုန်းက မမွေးနိုင်လို့ညှပ်ဆွဲပြီး မွေးခဲ့ရတာမို့ မျက်နှာတစ်ဝိုက်မှာ ဒဏ်ရာဒဏ်ချက်တွေအမျာကြီးရခဲ့ပါတယ် ။ ဒါ့အပြင် […]