အတွေးတစ်စ

အိတ်မှောက်ဖာသွန်

အိတ်မှောက်ဖာသွန်

တီသက် tag တဲ့ပိုစ့်လေးကိုမနေ့ကနေ ရေးချင်နေပေမယ့် အလုပ်မအားတာနဲ့ အခုမှပဲအိတ်မှောက်ဖာသွန်ဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုတော့ အိမ်ကနေရိုက်ယူလာခဲ့တာ ။ ကျွန်မက လက်ကိုင်အိတ်တွေ ၊ ပိုက်ဆံအိတ်တွေကိုင်ရင်သေးသေးမွှားမွှားလေးတွေကြိုက်တတ်ပေမယ့် ကိုယ့်ကိုယ်လုံးကိုယ်ပေါက်ကိုညှာသောအားဖြင့် ခပ်ကြီးကြီးတွေပဲဝယ်ဖြစ်ခဲ့တယ် ။ ကျွန်မလောလောဆယ်သုံးနေတဲ့အိတ်ကတော့ အညိုရောင်ခပ်ကြီးကြီး …။ neverfull ဆိုတဲ့နာမည်နဲ့လိုက်အောင် ဘယ်လောက်ပဲထည့်ထည့်ဆန့်တဲ့အိတ်ကလေးပါ။  တစ်ခါတစ်ခါ ဘယ်လောက်တောင်လေးလဲမသိ ၊ ပခုံးမှာမလွယ်နိုင်လို့ လက်နဲ့ဆွဲယူရတဲ့အဖြစ်လေ။ အရူးမဆွဲခြင်းအလား ပေါက်ကရတွေနဲ့ပြည့်နေတတ်တဲ့ ကျွန်မရဲ့အိတ်ကို အိတ်သွန်ဖာမှောက်ကြည့်ရရင် ၁- carlo rino လက်ကိုင်အိတ်လေးနှစ်လုံး   -တစ်လုံးမှာတော့ ဘဏ်ကတ် ၊အိုင်စီကတ် ၊ မန်ဘာကတ် စတဲ့ ကတ်ပေါင်းစုံ ၊ ဓာတ်ပုံ ၊   အန်ပေါင်းအိတ်တွေနဲ့ […]

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မနက်ဖြန် မင်းနဲ့မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးတဲ့နေ့မှာ ကိုယ်ဘယ်လောက်နာကျင်ခံစားရလဲသိလား ။ မင်းနဲ့ပက်သက်သမျှကိုအဆက်ဖြတ်ပြီး လုံးဝနောက်လှည့်မကြည့်တော့နဲ့တော့ ဆိုပြိးကိုယ့်ကိုကိုယ်အမိန့်ပေးရတာဟာ ကိုယ့်အသဲနှလုံးကို ဓါးထက်ထက်နဲ့နုတ်နုတ်စဉ်းလိုက်သလိုခံစားရတယ် ။ ကိုယ့်ဘ၀ထဲကို မင်းဝင်လာခဲ့တာလား မင်းဘ၀ထဲကို ကိုယ်ပဲဝင်မိသလား ကိုယ်မသိဘူး ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ လူမသိသူမသိပက်သက်ခဲ့ကြတဲ့သူတွေမှန်း မင်းနဲ့ကိုယ်နှစ်ယောက်လုံးသိပါတယ်။ လေတဖြူးဖြူးတိုက်နေတဲ့ ချောင်းဘေးက လှေကားထစ်တွေမှာ ကိုယ်ရှက်ပြုံးလေးပြုံးရင်း မင်းနဲ့လိုက်ထိုင်ဖူးတယ်။ မင်းတွဲလာမလားလို့ ကမ်းလိုက်ရတဲ့လက် ၊ ပေးလိုက်ရတဲ့မြောင်းတွေ ။ မင်းကလည်း လက်မကမ်းသလို မြောင်းကလည်းရေမလာခဲ့ဘူး ။ ကိုယ်ကတော့ထင်မိခဲ့တယ် ။ တီတီတာတာပြောတတ်တဲ့ ကိုယ့်ကိုမင်းနှစ်သက်လိမ့်မယ် ။ မင်းကိုဂရုစိုက်တဲ့ကိုယ့်ကိုနှစ်သက်လိမ့်မယ် ။ မင်းကို သ၀န်တိုတတ်တဲ့ကိုယ့်ကို နှစ်သက်ခဲ့လိမ့်မယ်လို့ ။ […]

မေ – ၂၀၁၃

မေ – ၂၀၁၃

မေရက်တွေက မိုးတစီစီနဲ့လက်ပြနှုတ်ဆက်သွားခဲ့ပါပြီ ။ ကျမက မေ born ဆိုတော့ မေလကိုသိပ်သဘောကျတာပါ ။ မေလမှာ အလုပ်တွေအရမ်းများတယ် ။  ဘလော့ဖက်ကိုခြေဦးလှည့်ဖို့မအားနိုင်လောက်အောင်ပါပဲ ၊ စာတွေကဗျာတွေ တိုးလို့တန်းလန်းကြီးတွေနဲ့ ဘယ်ဟာကိုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်ပါဘူး ။ အလုပ်မအားပေမယ့် ၂၆ ရက်နေ့ မွေးနေ့ရောက်ရင်တော့  မွေးနေ့ကိတ်လေးစားပြီး One Raffle Place က ၆၃ ထပ်ကိုသွားဖို့အားခဲထားမိပါတယ် ။ ဒါပေမယ့် ဒါပေမယ့်…….မွေးနေ့မတိုင်ခင် သုံးလေးရက်အလိုက စဖျားပါတယ် ။ ချောင်းတဟွပ်ဟွပ်နဲ့ စကားတောင်မပြောနိုင်ဘူး ။ ကိုယ်ပူကလည်းတက်လိုက်ကျလိုက်နဲ့ နည်းနည်းလေးမှနေလို့မကောင်း ၊ ဒါပေမယ့် ပိတ်ရက်နဲ့ Holiday နဲ့ဆက်သွားလို့ နည်းနည်းတော်ပါသေးတယ် ။ ပိတ်ရက် (သောကြာနေ့)တည်းကနေ […]

ဘာပြောသေးလဲ

ဘာပြောသေးလဲ

သူငယ်ချင်းတွေက ဘာပြောသေးလဲကျောင်းမှာဘာပြောသေးလဲ ဆိုတဲ့ စကားကို ကျမငယ်စဉ်တောင်ကျေးကလေးဘဝတည်းကနေ ယဉ်ပါးခဲ့ဖူးပါတယ်။ အထူးသဖြင့် မတည့်အတူနေ ကျမရဲ့ မာတာမိခင် ကျေးဇူးရှင်ဆီကပေါ့..။ဘဝမှာ နားလည်မှု ၊ ပေးကမ်းမှု ၊ သက်ဆိုင်မှုဆိုတာ ရှိလာတဲ့အချိန်မှာ ကျမလည်း ဘာပြောသေးလဲဆိုတဲ့စကားနဲ့ စတင်ရင်းနှီးလာခဲ့ပါတယ်။ဟေမာနေဝင်းသီချင်းထဲကလို အမေ့အိမ်ကိုလည်းချစ်သမီးလွမ်းပါတယ်လို့ပြောရမလားဘဲ..။ အမေ က ကျမကိုအကျီအသစ်ကလေးတွေဆင်ပေးရင်…အမြဲတမ်းမေးပါတယ်.. သမီးကိုသူငယ်ချင်းတွေကဘာပြောလဲ ဆရာမကဘာပြောလဲ…သမီးလက်ရေးတွေကိုဆရာမဘာပြောလဲဆိုရင်..ကျမစိတ်ထဲမှာအမေ့ကိုအင်မတန်ရှုပ်တယ်..စပ်စုတယ် ဆိုပြီး..အမြဲတမ်း ဘာမှမပြောဘူးဆိုပြီးဘူးခံငြင်းတတ်ပါတယ်။ သူငယ်ချင်းတွေကလှတယ် ၊ ဆရာမက လက်ရေးလှတယ်ပြောပေမယ့်လည်း အမေ့ရှေ့မှာရှက်တာရော ၊ မပြောချင်တာရယ်ပါ ကျမဘယ်တုန်းကမှပြောလေ့မရှိဘူး ။ဘယ်သူတွေဘာပြောလဲမေးရင်…အမြဲတမ်းဘာမှမပြောဘူးဆိုပြီး စိတ်ပျက်လက်ပျက်အမေဖြစ်သွားမြဲ ။ အမေ့ကိုစပ်စုတယ်ဆိုပြီးမျက်မှောင်ကြီးကြုံ့ပြီးစိတ်တိုတတ်မြဲပါပဲ..။ တကယ်လည်း ကျမအတွက်ကိုယ်တိုင်ရေးတဲ့ဘဝပြဇာတ်ထဲကိုလည်းရောက်ရော..အနီးဆုံးမှာရှိတဲ့တစ်ယောက်သောသူကိုအမြဲတမ်းမေးဖြစ်ခဲ့တယ် ။ ဘယ်သူတွေဘာပြောလဲ……………သူ့ရုံးမှာ သူ့အလုပ်များတာနဲ့ပက်သက်ပြီးမန်နေဂျာဘာပြောလဲကျမသိချင်ပြန်တယ်သူ့ရုံးကလူတွေအတွက်ပေးလိုက်တဲ့လက်ဆောင်ကိုရုံးကလူတွေဘာပြောလဲသိချင်သူအကျီအသစ်လေးဝတ်သွားတဲ့နေ့မှာရုံးကလူတွေက […]