အတွေးတစ်စ

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

စာရေးခြင်းထဲမှာ ကိုယ်မကြိုက်ဆုံးကတော့ ခရီးသွားပိုစ့်ရေးရတာပဲ ။ အရမ်းအလုပ်ရှုပ်အချက်အလက်တွေမမှားရအောင် သတိထားရပါတယ် ။ ဒါပေမယ့် ဒီ Trans Siberian ခရီးစဉ်ကိုတော့ အချိန်ဘယ်လောက်ပဲကြာကြာ ပြီးအောင် ရေးဖို့စဉ်းစားထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒီခရီးအကြောင်းကို တချိန်ချိန်မှာ ကိုယ်ပြန်ဖတ်ချင်လို့ရှိရင် ဖတ်လို့ရအောင် ရေးတာပါ ။သူများတွေအကျိုးရှိအောင် ဘာညာနဲ့လျှောက်မရွှီးချင်ဘူး ။ ကိုယ့်ဘ၀ဖြစ်စဉ်တွေထဲက အမှတ်တရတစ်ခုအနေနဲ့ပဲရေးထားတာပါ ။ ဒီတော့လည်း ပိုစ့်တွေဟာသူများခရီးသွားမှတ်တမ်းတွေနဲ့ တူချင်မှတူပါလိမ့်မယ် ။ ဒါပြီးလို့ နောင်ခရီးတွေသွားရင်လည်း ထပ်တင်ချင်မှ တင်မှာပါ ။ ဘာလို့ဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ခရီးသွားပိုစ့်ရေးရတာ ၀ါသနာမပါပါဘူး ။ ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့ မှတ်တိုင်လေးတွေရှိတယ် ။ […]

၂၉ မှတ်စု

၂၉ မှတ်စု

ဘ၀ဟာ တချို့လူတွေအတွက် လွယ်ကောင်းလွယ်နိုင်ပေမယ့် ကိုယ့်အတွက်တော့ မလွယ်ကူခဲ့ပါဘူး ။ အသက် ၂၉ မှာ စိုက်ထူခဲ့တဲ့ မှတ်တိုင်သေးသေးလေးတစ်ခုအတွက် ကိုယ်ရင်းနှီးခဲ့ရတာတွေအများကြီးပဲ။ အချိန်ရယ် ၊ ငွေရယ် ၊ ခေါင်းပေါ်က ဆံပင်ဖြူတွေရယ် ၊ ပြန်မရနိုင်တဲ့ နုပျိုခြင်းတွေရယ်ပေါ့။ ၂၀၁၄ သြဂုတ်လ ကျောင်းစတက်တဲ့အချိန်ကနေစလို့ ၂၀၁၆ ဒီဇင်ဘာ dissertation submit လုပ်ပြီးတဲ့အချိန်ထိ ကိုယ့်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပဲ ။ ကိုယ့်ဘေးမှာ ယိုင်လဲမသွားအောင် ထိန်းမတ်ပေးမယ့် သူ သာမရှိရင် ကိုယ်မတွေးရဲဘူး ။ အေးအတူပူအမျှ နွေးထွေးမှုပေးတဲ့ ချစ်သူကိုလည်း ကျေးဇူးတင်မဆုံးဘူး ။ ပါရမီဖြည့်ပေးကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်လှပါတယ် ။ ဘာပဲပြောပြော ဘွဲ့တစ်ခုတော့ ရခဲ့ပြီ […]

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

မေလထဲမှာပဲ ကိုယ့်အသက် ၂၉ နှစ်ပြည့်သွားပြီ ။ နောက်နှစ်ဆိုရင် ထိပ်စီးစပြောင်းပြီး ။ ဒီအသက် ၂၀ ကျော်အတွင်း ကိုယ့်ဘ၀ထဲမှာကျေးဇူးတင်ရမယ့်သူတွေကို ရေတွက်ကြည့်ရင်တော်တော်များတာပဲ ။ အဲဒီထဲကမှ ကိုယ်နဲ့အဝေးမှာရှိပေမယ့် စေတနာသက်သက်နဲ့ ကိုယ့်တောင်းတဲ့အကူအညိမှန်သမျှကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးကြတဲ့ ကိုယ့်ဘ၀ထဲက လူတစ်ချို့အကြောင်းကိုရေးပြချင်တယ်။ 2014 တည်းက ကျောင်းကိစ္စနဲ့ ပက်သက်သမျှ ဘာမဆို ကူညီပေးခဲ့တဲ့ Grace ဆိုတဲ့ အန်တီတစ်ယောက်ရှိတယ် ။ သူကတော့ ကိုယ်တို့ course ရဲ့ ကျောင်းသားရေးရာကိစ္စဟူသမျှကို တာဝန်ယူပေးတဲ့သူပေါ့ ။  ဒီ course ကို မကြိုက်လို့ မတက်ချင်ဘူးဆိုလို့ တက်လက်စကို ပြီးအောင်တက်ဖို့ နားချပေးဖူးတယ် ။ ကျောင်းတက်တုန်း […]

စာအုပ်နှင့်ရောက်တတ်ရာရာ

စာအုပ်နှင့်ရောက်တတ်ရာရာ

ဒီညကနေစပြီး ၁၅ ရက်လောက် ပျောက်ပြန်ဦးမယ် ။ ဘာလုပ်မလို့လဲဆိုတော့ ခရီးသွားမလို့ ။ ၂ နှစ်၃ နှစ်နီးပါးသွားချင်ခဲ့တဲ့ ခရီးလေးကို အခုမှ အကောင်အထည်ဖော်နိုင်တာ ။ ခရီးသွားနေတုန်းမှာ ဖတ်ဖို့ စာအုပ် ငါးအုပ်သယ်သွားမယ် (၃ အုပ်ကတော့ ebook)။ ပြန်လာရင် စာအုပ် review လေးတွေရေးမယ်..။ ဖြစ်နိုင်ရင် ခရီးစဉ်အကြောင်းကိုလည်းရေးဦးမယ်လေ။ တစ်နှစ်တစ်ကြိမ်တော့ ခရီးသွားဖြစ်ပေမယ့် ဒီတစ်ခါ ခရီးသွားဖြစ်မှာကို နည်းနည်းစိတ်လှုပ်ရှားမိတယ် ။ ကိုယ်သွားနေကျအုပ်စုနဲ့မဟုတ်ဘူး ။ အသိ အမနှစ်ယောက်ရယ် ကိုယ်ရယ် သုံးယောက်ပဲ ..။ ခရီးကလည်း adventure အတွေ့အကြုံတွေကလည်းအများကြီးရမှာဆိုတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ ။ ဒီခရီးလေးသွားချင်နေတာ တော်တော်လေးကိုကြာပြီ ။ အဖော်ကောင်းမယ့်အချိန် […]

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

မနေ့က နှစ်ဆန်းတစ်ရက်နေ့ ကိုသားငယ်ဆုံးတဲ့ သတင်းတက်လာတော့ စိတ်မကောင်းတော်တော်ဖြစ်ရတယ် ။ ကိုယ်နဲ့တော့အများကြီးမရင်းနှီးပေမယ့် facebook ထဲမှာ မြင်မြင်နေကျ အကိုကြီးဆိုတော့ ဆွေမျိုးရင်းချာတစ်ယောက်ဆုံးပါးသလို စိတ်မကောင်းဖြစ်ရတယ် ။ စိတ်က တစ်နေကုန်မကြည်တော့ လုပ်သမျှအလွဲလွဲအချော်ချော်..လက်ကိုဓားရှ ဟိုပြုတ်ကျ ဒီပြုတ်ကျ အကျီတွေအောက်ပြုတ်ကျနဲ့ တစ်နေကုန်ဖြစ်နေတော့တာ ။ ညနေပိုင်းမှာ ဖေ့ဘုတ်ဖွင့်လိုက်တော့ ကိုယ့်ပိုစ့်တစ်ခုအောက်မှာ ညီမ၀မ်းကွဲက လာရေးတယ် ။ အဖေညီ့မ အဒေါ်မိုးမိုးဆုံးပြီ ။ နှလုံးရောဂါ သွေးတိုးရောဂါနဲ့ မနက်ငါးနာရီမှာ ရုတ်တရက်ဆုံးတယ် ။ ကလေးက ငါးတန်းပဲရှိသေးတယ်ဆိုပြီးလာရေးတယ်..။ ရေးတာနဲ့ မပြီးသေးဘူး အသုဘရှုလို့ရအောင်ဆိုပြီး အလောင်းပြင်ထားတဲ့ပုံကိုပါလာပို့တယ် ။ ဆုံးတယ်လို့ ကြားတုန်းက […]

Diary of A Taxi Driver (တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း- ခင်စောတင့်)

Diary of A Taxi Driver (တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း- ခင်စောတင့်)

အရင်တစ်ရက်က ဆရာမခင်စောတင့် ဘာသာပြန်တဲ့ တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း ဆိုတဲ့စာအုပ်လေးကိုဖတ် ဖြစ်ပါတယ် ။ ဒီစာအုပ်လေးဟာ singapore က ဒေါက်တာဘွဲ့ရ သိပ္ပံပညာရှင်တစ်ယောက်ဟာ စီးပွားရေးဂယက်အတွင်းမှာ အလုပ်ပြုတ်ပြီး taxi မောင်းရတဲ့အကြောင်းလေးပါ ။ စာရေးသူ blogger Cai Mingjie ဟာ သူ့ရဲ့ taxi မောင်းရင်းကြုံရတဲ့နေ့စဉ်ဘ၀ကို blog မှာရေးရင်းကနေ နောက်ဆုံးစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေခံရတဲ့အထိ သူ့ရဲ့ စာတွေက အောင်မြင်ခဲ့တာပါ ။ ဒီနေရာမှာ ကျမက သူ့ဘ၀ ၊ သူ့ blog ပေါ်က daily entry ထက် သူ့ရဲ့ အပြောင်းအလဲကိုလက်ခံနိုင်တဲ့စိတ်ကိုလေးစားအားကျမိတာပါ ။ ရပ်နေသောအရာဝတ္တု၏ ရပ်မြဲရပ်နေလိုသော သဘော […]

Art, Craft နှင့်ရောက်တတ်ရာရာ

Art, Craft နှင့်ရောက်တတ်ရာရာ

ခုတလော art တို့ craft တို့ကိုအရမ်းစိတ်ဝင်စားနေတော့ အချိန်ရှိတိုင်း craft blog တွေဖတ်ဖြစ်ပါတယ် ။ မီးခြစ်ဆံဗူးသာသာအခန်းလေးကို စိတ်တိုင်းကျပြင်ချင်ပေမယ့် အချိန်မရတော့ ရတဲ့အချိန်လေးမှာ craft ဆိုင်လေးတွေကိုငေးဖြစ်ပါတယ်။ craft ပစ္စည်းတွေက ဈေးအရမ်းကြီးတော့ ငွေပိုအကုန်မခံချင်တာနဲ့မ၀ယ်ဖြစ်ပါဘူး ။ ဒီရက်ပိုင်းမှာ ကျမအတောင့်တဆုံးအရာက ဖယောင်းတိုင် ။ ရောင်စုံ ဖယောင်းတိုင်တွေဝယ်ပြီးထွန်းချင်တာပါ ။ ဧည့်ခန်းထဲမှာ ထိုင်နေတုန်း ဖယောင်းတိုင်လေးထွန်းပြီးနေချင်တယ် ။ အိပ်ခန်းထဲမှာလည်း အဲကွန်းမဖွင့်ခင် ဖယောင်းတိုင်လေးထွန်းပြီး အလှအပကိုခံစားချင်တာပါ ။ ခက်တာက ကျမနေတဲ့အိမ်နားက ဈေးမှာ ရောင်စုံဖယောင်းတိုင်တွေကမရှိ ။ သာမန်ဖယောင်းတိုင်ရယ် တရုတ်ဘုရားမှာထွန်းတဲ့ အနီရောင်ဖယောင်းတိုင်ရယ်ပဲရှိတာပါ ။ ကျမလိုချင်တာက scented candle လို့ခေါ်တဲ့ အမွှေးနံ့ပါတဲ့ဖယောင်းတိုင် […]

အဲဒီညနေ

အဲဒီညနေ

ခုတလော အလုပ် ၊ ကျောင်း ၊ အိမ်နဲ့ နပန်းလုံးနေရတာမို့ အစားကောင်းသောက်ကောင်းတွေနဲ့ဝေးနေတာကြာပါပြီ ။ အရင်နေခဲ့တဲ့အိမ်က shopping center နဲ့နီးတော့ အလုပ်က ပြန်လာတိုင်း shopping center ထဲမှာဝင်စားဖြစ်ပါတယ်။ အခု အိမ်အသစ်က စားသောက်ဆိုင်တွေ food court တွေ shopping center တွေနဲ့ ဝေးတာမို့ အိမ်မှာပဲ ဖြစ်သလိုစားဖြစ်နေခဲ့ပါတယ် ။ အစားအစာနဲ့ပက်သက်လာရင် ကျမက အင်မတန်ချီးထူတဲ့သူ ။ အသား ထဲမှာ ကြက်သားတစ်မျိုးပဲ စားပြီး ပင်လယ်အနည်းအကျဉ်း (ငါးဖယ် ၊ ငါးကြင်း ၊ ကတ်ကတစ် ၊ ပုဇွန်) ပဲစားတာမို့ ကျမအတွက် အစားအစာ range […]

အိတ်မှောက်ဖာသွန်

အိတ်မှောက်ဖာသွန်

တီသက် tag တဲ့ပိုစ့်လေးကိုမနေ့ကနေ ရေးချင်နေပေမယ့် အလုပ်မအားတာနဲ့ အခုမှပဲအိတ်မှောက်ဖာသွန်ဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုတော့ အိမ်ကနေရိုက်ယူလာခဲ့တာ ။ ကျွန်မက လက်ကိုင်အိတ်တွေ ၊ ပိုက်ဆံအိတ်တွေကိုင်ရင်သေးသေးမွှားမွှားလေးတွေကြိုက်တတ်ပေမယ့် ကိုယ့်ကိုယ်လုံးကိုယ်ပေါက်ကိုညှာသောအားဖြင့် ခပ်ကြီးကြီးတွေပဲဝယ်ဖြစ်ခဲ့တယ် ။ ကျွန်မလောလောဆယ်သုံးနေတဲ့အိတ်ကတော့ အညိုရောင်ခပ်ကြီးကြီး …။ neverfull ဆိုတဲ့နာမည်နဲ့လိုက်အောင် ဘယ်လောက်ပဲထည့်ထည့်ဆန့်တဲ့အိတ်ကလေးပါ။  တစ်ခါတစ်ခါ ဘယ်လောက်တောင်လေးလဲမသိ ၊ ပခုံးမှာမလွယ်နိုင်လို့ လက်နဲ့ဆွဲယူရတဲ့အဖြစ်လေ။ အရူးမဆွဲခြင်းအလား ပေါက်ကရတွေနဲ့ပြည့်နေတတ်တဲ့ ကျွန်မရဲ့အိတ်ကို အိတ်သွန်ဖာမှောက်ကြည့်ရရင် ၁- carlo rino လက်ကိုင်အိတ်လေးနှစ်လုံး   -တစ်လုံးမှာတော့ ဘဏ်ကတ် ၊အိုင်စီကတ် ၊ မန်ဘာကတ် စတဲ့ ကတ်ပေါင်းစုံ ၊ ဓာတ်ပုံ ၊   အန်ပေါင်းအိတ်တွေနဲ့ […]

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မနက်ဖြန် မင်းနဲ့မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးတဲ့နေ့မှာ ကိုယ်ဘယ်လောက်နာကျင်ခံစားရလဲသိလား ။ မင်းနဲ့ပက်သက်သမျှကိုအဆက်ဖြတ်ပြီး လုံးဝနောက်လှည့်မကြည့်တော့နဲ့တော့ ဆိုပြိးကိုယ့်ကိုကိုယ်အမိန့်ပေးရတာဟာ ကိုယ့်အသဲနှလုံးကို ဓါးထက်ထက်နဲ့နုတ်နုတ်စဉ်းလိုက်သလိုခံစားရတယ် ။ ကိုယ့်ဘ၀ထဲကို မင်းဝင်လာခဲ့တာလား မင်းဘ၀ထဲကို ကိုယ်ပဲဝင်မိသလား ကိုယ်မသိဘူး ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ လူမသိသူမသိပက်သက်ခဲ့ကြတဲ့သူတွေမှန်း မင်းနဲ့ကိုယ်နှစ်ယောက်လုံးသိပါတယ်။ လေတဖြူးဖြူးတိုက်နေတဲ့ ချောင်းဘေးက လှေကားထစ်တွေမှာ ကိုယ်ရှက်ပြုံးလေးပြုံးရင်း မင်းနဲ့လိုက်ထိုင်ဖူးတယ်။ မင်းတွဲလာမလားလို့ ကမ်းလိုက်ရတဲ့လက် ၊ ပေးလိုက်ရတဲ့မြောင်းတွေ ။ မင်းကလည်း လက်မကမ်းသလို မြောင်းကလည်းရေမလာခဲ့ဘူး ။ ကိုယ်ကတော့ထင်မိခဲ့တယ် ။ တီတီတာတာပြောတတ်တဲ့ ကိုယ့်ကိုမင်းနှစ်သက်လိမ့်မယ် ။ မင်းကိုဂရုစိုက်တဲ့ကိုယ့်ကိုနှစ်သက်လိမ့်မယ် ။ မင်းကို သ၀န်တိုတတ်တဲ့ကိုယ့်ကို နှစ်သက်ခဲ့လိမ့်မယ်လို့ ။ […]