အမှတ်တရများ

ဒီဇင်ဘာအကြောင်း

ဒီဇင်ဘာအကြောင်း

“ကိုယ်နေတဲ့အခန်းရဲ့ ဟိုမနီးမဝေးအပြင်ဖက်ဆီမှာ နှင်းတွေတဖွေးဖွေးကျနေဆဲ ဒီဇင်ဘာရဲ့ လွန်ကဲတဲ့ အအေးဒဏ်ကို အသဲကွဲသူတစ်ယောက် တွန်းလှန်ဖို့ကြိုးစားရင် အခန်းငယ်အတွင်းမှာ” ကိုယ့်ရဲ့ ပြီးခဲ့သောဒီဇင်ဘာက သီချင်းတွေထဲက ရင်ခုန်လွမ်းဆွတ်စရာမကောင်း ။Dissertation ကို ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့မှာ အပြီးလုပ်မယ်လို့ သတ်မှတ်ထားတာမို့ အသည်းအသန်ခဲမှန် စာရေးနေရတဲ့အချိန်တွေပေါ့။ ကျောင်းသားဘ၀ရဲ့လွတ်လပ်ခြင်းဆိုတာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ဘွဲ့လွန်ကျောင်းသားတွေအတွက် မပါဘူးလို့ ကိုယ်ကတော့ သတ်မှတ်ချင်ပါတယ် ။ မိဘလုပ်စာစားပြီး ကျောင်းတက်ရတာ ပျော်စရာအကောင်းဆုံးပဲ ။ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ဘ၀က ထင်သလောက်ပျော်စရာမကောင်းပါဘူး။ ညအလုပ်က ဆင်းတာနဲ့ ကျောင်းကိုပြေး..စာမေးပွဲအတွင်းခွင့်လိုချင်ရင် မန်နေဂျာကိုမျက်နှာချိုသွေးရ…တခါတခါများ ကိုယ့်ပိုက်ဆံကိုယ်ကျောင်းတက်ရတာ အပြစ်ကြီးတစ်ခုလိုဖြစ်လို့ ။ […]

ပေတံများနှင့်တိုင်းတာခြင်း

ပေတံများနှင့်တိုင်းတာခြင်း

အကြောင်းအရာအဖြစ်အပျက်တွေကို လူတွေဟာ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတာကြတယ်။ ဘယ်ဟာက အမှန်လဲ အမှားလဲ ။ ကိုယ့်ပေတံသာအမှန်ဆိုရင် သူများပေတံတွေက အမှားလား ။ အမှန်နဲ့အမှားဘယ်လိုခွဲခြားကြမလဲ ။ တလောက သူငယ်ချင်းတစ်ယောက်ရဲ့ facebook ပိုစ့် တစ်ခုကို ဖတ်မိတယ် ။ Master တန်း ဆက်တက်တာမကောင်းဘူး အချိန်ကုန် လူပင်ပန်းပြီးအကျိုးမရှိဘူး ၊ ဒေါက်တာ တန်းတက်ချင်တဲ့သူတွေပဲဆက်တက်သင့်တယ်တဲ့ ။ မာစတာဘွဲ့ရပြီး ဘာမှမတတ်ရင် လူအထင်သေးခံရတယ်တဲ့ ။ အနာရှိလို့စပ်တယ်ပဲဆိုပါတော့ မာစတာဘွဲ့ယူထားတဲ့ ကိုယ်ကတော့ သူ့ပိုစ့်ကိုမြင်မြင်ချင်းသဘောမကျမိဘူး ။ ဒါပေမယ့် ကိုယ်တွေးကြည့်လိုက်တယ် ။ ဒါဟာ သူ့ခံယူချက် ထင်မြင်ချက်နဲ့ measure […]

Who Are You To Complain?

Who Are You To Complain?

ဒီရက်ပိုင်းမှာ Trans Siberian အပိုင်း ၈ ပိုစ့်မတက်နိုင်တဲ့အပြင် ပိုကြာဖို့ အကြောင်းဖန်လာပါတယ် ။ ဘာလို့ဆိုတော့ ၂ လ ကျော်ကြာ pending ဖြစ်နေတဲ့ ကိုယ့်ရဲ့ EP က ရုတ်တရုတ် Approve  ဖြစ်ပြီး …. အလုပ်သွားနေရလို့ပါပဲ ။  ဒါ့အပြင် အလုပ်နဲ့ အိမ်နဲ့ ကတော်တော်ကိုဝေးတာ..၉ နာရီ အလုပ်ကိုရောက်ဖို့ မနက် ရ နာရီကနေ အိမ်က ထွက်ရတယ် ။ တစ်နေ့ကို အသွား ၂ နာရီ အပြန် ၂ နာရီကြာပါတယ် ။ ရထား ၂၂ မှတ်တိုင်စီးရပြီး […]

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

စာရေးခြင်းထဲမှာ ကိုယ်မကြိုက်ဆုံးကတော့ ခရီးသွားပိုစ့်ရေးရတာပဲ ။ အရမ်းအလုပ်ရှုပ်အချက်အလက်တွေမမှားရအောင် သတိထားရပါတယ် ။ ဒါပေမယ့် ဒီ Trans Siberian ခရီးစဉ်ကိုတော့ အချိန်ဘယ်လောက်ပဲကြာကြာ ပြီးအောင် ရေးဖို့စဉ်းစားထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒီခရီးအကြောင်းကို တချိန်ချိန်မှာ ကိုယ်ပြန်ဖတ်ချင်လို့ရှိရင် ဖတ်လို့ရအောင် ရေးတာပါ ။သူများတွေအကျိုးရှိအောင် ဘာညာနဲ့လျှောက်မရွှီးချင်ဘူး ။ ကိုယ့်ဘ၀ဖြစ်စဉ်တွေထဲက အမှတ်တရတစ်ခုအနေနဲ့ပဲရေးထားတာပါ ။ ဒီတော့လည်း ပိုစ့်တွေဟာသူများခရီးသွားမှတ်တမ်းတွေနဲ့ တူချင်မှတူပါလိမ့်မယ် ။ ဒါပြီးလို့ နောင်ခရီးတွေသွားရင်လည်း ထပ်တင်ချင်မှ တင်မှာပါ ။ ဘာလို့ဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ခရီးသွားပိုစ့်ရေးရတာ ၀ါသနာမပါပါဘူး ။ ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့ မှတ်တိုင်လေးတွေရှိတယ် ။ […]

၂၉ မှတ်စု

၂၉ မှတ်စု

ဘ၀ဟာ တချို့လူတွေအတွက် လွယ်ကောင်းလွယ်နိုင်ပေမယ့် ကိုယ့်အတွက်တော့ မလွယ်ကူခဲ့ပါဘူး ။ အသက် ၂၉ မှာ စိုက်ထူခဲ့တဲ့ မှတ်တိုင်သေးသေးလေးတစ်ခုအတွက် ကိုယ်ရင်းနှီးခဲ့ရတာတွေအများကြီးပဲ။ အချိန်ရယ် ၊ ငွေရယ် ၊ ခေါင်းပေါ်က ဆံပင်ဖြူတွေရယ် ၊ ပြန်မရနိုင်တဲ့ နုပျိုခြင်းတွေရယ်ပေါ့။ ၂၀၁၄ သြဂုတ်လ ကျောင်းစတက်တဲ့အချိန်ကနေစလို့ ၂၀၁၆ ဒီဇင်ဘာ dissertation submit လုပ်ပြီးတဲ့အချိန်ထိ ကိုယ့်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပဲ ။ ကိုယ့်ဘေးမှာ ယိုင်လဲမသွားအောင် ထိန်းမတ်ပေးမယ့် သူ သာမရှိရင် ကိုယ်မတွေးရဲဘူး ။ အေးအတူပူအမျှ နွေးထွေးမှုပေးတဲ့ ချစ်သူကိုလည်း ကျေးဇူးတင်မဆုံးဘူး ။ ပါရမီဖြည့်ပေးကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်လှပါတယ် ။ ဘာပဲပြောပြော ဘွဲ့တစ်ခုတော့ ရခဲ့ပြီ […]

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

မေလထဲမှာပဲ ကိုယ့်အသက် ၂၉ နှစ်ပြည့်သွားပြီ ။ နောက်နှစ်ဆိုရင် ထိပ်စီးစပြောင်းပြီး ။ ဒီအသက် ၂၀ ကျော်အတွင်း ကိုယ့်ဘ၀ထဲမှာကျေးဇူးတင်ရမယ့်သူတွေကို ရေတွက်ကြည့်ရင်တော်တော်များတာပဲ ။ အဲဒီထဲကမှ ကိုယ်နဲ့အဝေးမှာရှိပေမယ့် စေတနာသက်သက်နဲ့ ကိုယ့်တောင်းတဲ့အကူအညိမှန်သမျှကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးကြတဲ့ ကိုယ့်ဘ၀ထဲက လူတစ်ချို့အကြောင်းကိုရေးပြချင်တယ်။ 2014 တည်းက ကျောင်းကိစ္စနဲ့ ပက်သက်သမျှ ဘာမဆို ကူညီပေးခဲ့တဲ့ Grace ဆိုတဲ့ အန်တီတစ်ယောက်ရှိတယ် ။ သူကတော့ ကိုယ်တို့ course ရဲ့ ကျောင်းသားရေးရာကိစ္စဟူသမျှကို တာဝန်ယူပေးတဲ့သူပေါ့ ။  ဒီ course ကို မကြိုက်လို့ မတက်ချင်ဘူးဆိုလို့ တက်လက်စကို ပြီးအောင်တက်ဖို့ နားချပေးဖူးတယ် ။ ကျောင်းတက်တုန်း […]

စာအုပ်နှင့်ရောက်တတ်ရာရာ

စာအုပ်နှင့်ရောက်တတ်ရာရာ

ဒီညကနေစပြီး ၁၅ ရက်လောက် ပျောက်ပြန်ဦးမယ် ။ ဘာလုပ်မလို့လဲဆိုတော့ ခရီးသွားမလို့ ။ ၂ နှစ်၃ နှစ်နီးပါးသွားချင်ခဲ့တဲ့ ခရီးလေးကို အခုမှ အကောင်အထည်ဖော်နိုင်တာ ။ ခရီးသွားနေတုန်းမှာ ဖတ်ဖို့ စာအုပ် ငါးအုပ်သယ်သွားမယ် (၃ အုပ်ကတော့ ebook)။ ပြန်လာရင် စာအုပ် review လေးတွေရေးမယ်..။ ဖြစ်နိုင်ရင် ခရီးစဉ်အကြောင်းကိုလည်းရေးဦးမယ်လေ။ တစ်နှစ်တစ်ကြိမ်တော့ ခရီးသွားဖြစ်ပေမယ့် ဒီတစ်ခါ ခရီးသွားဖြစ်မှာကို နည်းနည်းစိတ်လှုပ်ရှားမိတယ် ။ ကိုယ်သွားနေကျအုပ်စုနဲ့မဟုတ်ဘူး ။ အသိ အမနှစ်ယောက်ရယ် ကိုယ်ရယ် သုံးယောက်ပဲ ..။ ခရီးကလည်း adventure အတွေ့အကြုံတွေကလည်းအများကြီးရမှာဆိုတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ ။ ဒီခရီးလေးသွားချင်နေတာ တော်တော်လေးကိုကြာပြီ ။ အဖော်ကောင်းမယ့်အချိန် […]

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

မနေ့က နှစ်ဆန်းတစ်ရက်နေ့ ကိုသားငယ်ဆုံးတဲ့ သတင်းတက်လာတော့ စိတ်မကောင်းတော်တော်ဖြစ်ရတယ် ။ ကိုယ်နဲ့တော့အများကြီးမရင်းနှီးပေမယ့် facebook ထဲမှာ မြင်မြင်နေကျ အကိုကြီးဆိုတော့ ဆွေမျိုးရင်းချာတစ်ယောက်ဆုံးပါးသလို စိတ်မကောင်းဖြစ်ရတယ် ။ စိတ်က တစ်နေကုန်မကြည်တော့ လုပ်သမျှအလွဲလွဲအချော်ချော်..လက်ကိုဓားရှ ဟိုပြုတ်ကျ ဒီပြုတ်ကျ အကျီတွေအောက်ပြုတ်ကျနဲ့ တစ်နေကုန်ဖြစ်နေတော့တာ ။ ညနေပိုင်းမှာ ဖေ့ဘုတ်ဖွင့်လိုက်တော့ ကိုယ့်ပိုစ့်တစ်ခုအောက်မှာ ညီမ၀မ်းကွဲက လာရေးတယ် ။ အဖေညီ့မ အဒေါ်မိုးမိုးဆုံးပြီ ။ နှလုံးရောဂါ သွေးတိုးရောဂါနဲ့ မနက်ငါးနာရီမှာ ရုတ်တရက်ဆုံးတယ် ။ ကလေးက ငါးတန်းပဲရှိသေးတယ်ဆိုပြီးလာရေးတယ်..။ ရေးတာနဲ့ မပြီးသေးဘူး အသုဘရှုလို့ရအောင်ဆိုပြီး အလောင်းပြင်ထားတဲ့ပုံကိုပါလာပို့တယ် ။ ဆုံးတယ်လို့ ကြားတုန်းက […]

ဆုတောင်း

ဆုတောင်း

နှုတ်ဆက်ရွက်ကြွေ ၀တ္တုရှည်ရဲ့ ဇာတ်သိမ်းပိုင်းကိုရှာမတွေ့ဘူးဆိုပြီးခဏခဏပြောကြတယ် ။ တကယ်တော့ နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းက ရေးလက်စတန်းလန်းရှိသေးတဲ့အပြင် စာရေးတာနဲ့အဆက်ပြတ်သွားလို့ မုဒ်တွေပျောက်ပြီး ဇာတ်သိမ်းပိုင်းကို ရေးတာ သဘောမကျလို့ မတင်ဖြစ်တာပါ ။  နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းကို ၂၀၁ရ ကျရင် မုဒ်တွေဈာန်တွေသွင်းပြီး ရေးပေးပါ့မယ်နော်။ လောလောဆယ်တော့ အချိန်မပေးနိုင်လို့မရေးဖြစ်သေးတာ ။ တကယ်တော့အဲဒီ ဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားတာပါ ။ တချို့အကြောင်းအရာတွေကလွဲရင် တော်တော်များများက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ။ သေသေချာချာအာရုံစိုက်ပြီး ရေး၇မှာမို့ စိတ်ရောကိုယ်ပါ အားမယ့် ၂၀၁ရ မှာမှ ရေးတော့မယ်နော် ။ ပြီးတော့ ဇာတ်သိမ်းပိုင်းရှာမတွေ့ဘူးဆိုပြီး facebook ပေါ်မှာရော email , comment တွေမှာပါ ပြောပေးကြတဲ့ စာဖတ်သူတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ။ ဇာတ်သိမ်းပိုင်းမှာ တန်ပိုတွေပိုတက်ဦးမှာမို့လို့ ခုတည်းက စောင့်မျှော်ပေးပါလို့ ။ စာရေးတာနဲ့ပက်သက်ပြီးပြောရရင် […]

အလွမ်းဆိုတာ

အလွမ်းဆိုတာ

ငါတို့မြို့က ဘယ်လောက် မိုးဘယ်လောက်များလဲနင်အသိပဲ ။ မိုးတွင်းစာ ဆိုပြီး သိမ်းဆည်းရတာ ငါတို့ရယ် ပုရွက်ဆိတ်ရယ်ပဲရှိတယ်လို့ အဘွားက ခဏခဏနောက်ပြီး ပြောတယ် ။ ဒီဘက်ခေတ်မှာတော့ မိုးတွင်းစာဆိုတာဘာကြီးလဲဆိုပြီး ပြန်မေးရမလိုဖြစ်နေပြီ။ တစ်လတစ်လ တိုးလာတဲ့ လူနေမှုစရိတ်တွေနဲ့ တစ်လစာတောင် အလျဉ်မမှီဘူးလေ ။ တို့ အဘွားမှာဆို မိုးတွင်းစားဖို့ ငပိ၊ ဆား ၊ ဆီ ၊ ငရုတ်သီးခြောက် ၊ ငါးခြောက် ၊ ချဉ်ဖတ် ၊ အသီးအရွက်ခြောက် ၊ အာလူး တွေကို သေသေချာချာသိမ်းထားတာဟ ။ မိုးတွင်းမှာ အရမ်းမိုးကြီးတော့ လေမုန်တိုင်းတွေဘာတွေတိုက်ရင် […]