ဟိုလိုလို ဒီလိုလို

Who Are You To Complain?

Who Are You To Complain?

ဒီရက်ပိုင်းမှာ Trans Siberian အပိုင်း ၈ ပိုစ့်မတက်နိုင်တဲ့အပြင် ပိုကြာဖို့ အကြောင်းဖန်လာပါတယ် ။ ဘာလို့ဆိုတော့ ၂ လ ကျော်ကြာ pending ဖြစ်နေတဲ့ ကိုယ့်ရဲ့ EP က ရုတ်တရုတ် Approve  ဖြစ်ပြီး …. အလုပ်သွားနေရလို့ပါပဲ ။  ဒါ့အပြင် အလုပ်နဲ့ အိမ်နဲ့ ကတော်တော်ကိုဝေးတာ..၉ နာရီ အလုပ်ကိုရောက်ဖို့ မနက် ရ နာရီကနေ အိမ်က ထွက်ရတယ် ။ တစ်နေ့ကို အသွား ၂ နာရီ အပြန် ၂ နာရီကြာပါတယ် ။ ရထား ၂၂ မှတ်တိုင်စီးရပြီး […]

ဘ၀စာစီစာကုံး

ဘ၀စာစီစာကုံး

Trans Siberian ခရီးစဉ်အကြောင်းကို ရှေ့ဆက်မရေးနိုင်ဘဲ ဆားချက်ပိုစ့်တွေရေးနေတာ နှစ်ပုဒ် သုံးပုဒ်ဖြစ်နေပြီ ။ ခုလည်းထပ်ပြီးဆားချက်မလို့…။ ဒီရက်ပိုင်းမှာ facebook ကနေ break ယူပြီးတော့ ကိုယ်ဝါသနာပါတာလေးတွေကိုပဲလုပ်ဖြစ်နေတယ် ။ အဓိက လုပ်ဖြစ်တာတော့ podcast တွေနားထောင်တယ် ။ သီချင်းနားထောင်တယ် ၊ photography ကိုဓာတ်ကျနေလို့ ဓာတ်ပုံနဲ့ ပက်သက်တဲ့ video တွေကြည့်တယ် .. edit လုပ်တယ် ။ facebook နဲ့ ဝေးနေရတာခပ်ကောင်းကောင်းပဲ အထူးသဖြင့် ကိုယ့်လို stress management မလုပ်နိုင်တဲ့သူတွေအတွက်ပေါ့ ။ သွေးသံရဲရဲပုံတွေ၊ ဒဏ်ရာရနေတဲ့ပုံတွေ ၊ body ပုံတွေ ရှဲကြတာမြင်ရင် […]

စာအုပ်နှင့်ရောက်တတ်ရာရာ

စာအုပ်နှင့်ရောက်တတ်ရာရာ

ဒီညကနေစပြီး ၁၅ ရက်လောက် ပျောက်ပြန်ဦးမယ် ။ ဘာလုပ်မလို့လဲဆိုတော့ ခရီးသွားမလို့ ။ ၂ နှစ်၃ နှစ်နီးပါးသွားချင်ခဲ့တဲ့ ခရီးလေးကို အခုမှ အကောင်အထည်ဖော်နိုင်တာ ။ ခရီးသွားနေတုန်းမှာ ဖတ်ဖို့ စာအုပ် ငါးအုပ်သယ်သွားမယ် (၃ အုပ်ကတော့ ebook)။ ပြန်လာရင် စာအုပ် review လေးတွေရေးမယ်..။ ဖြစ်နိုင်ရင် ခရီးစဉ်အကြောင်းကိုလည်းရေးဦးမယ်လေ။ တစ်နှစ်တစ်ကြိမ်တော့ ခရီးသွားဖြစ်ပေမယ့် ဒီတစ်ခါ ခရီးသွားဖြစ်မှာကို နည်းနည်းစိတ်လှုပ်ရှားမိတယ် ။ ကိုယ်သွားနေကျအုပ်စုနဲ့မဟုတ်ဘူး ။ အသိ အမနှစ်ယောက်ရယ် ကိုယ်ရယ် သုံးယောက်ပဲ ..။ ခရီးကလည်း adventure အတွေ့အကြုံတွေကလည်းအများကြီးရမှာဆိုတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ ။ ဒီခရီးလေးသွားချင်နေတာ တော်တော်လေးကိုကြာပြီ ။ အဖော်ကောင်းမယ့်အချိန် […]

ဆုတောင်း

ဆုတောင်း

နှုတ်ဆက်ရွက်ကြွေ ၀တ္တုရှည်ရဲ့ ဇာတ်သိမ်းပိုင်းကိုရှာမတွေ့ဘူးဆိုပြီးခဏခဏပြောကြတယ် ။ တကယ်တော့ နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းက ရေးလက်စတန်းလန်းရှိသေးတဲ့အပြင် စာရေးတာနဲ့အဆက်ပြတ်သွားလို့ မုဒ်တွေပျောက်ပြီး ဇာတ်သိမ်းပိုင်းကို ရေးတာ သဘောမကျလို့ မတင်ဖြစ်တာပါ ။  နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းကို ၂၀၁ရ ကျရင် မုဒ်တွေဈာန်တွေသွင်းပြီး ရေးပေးပါ့မယ်နော်။ လောလောဆယ်တော့ အချိန်မပေးနိုင်လို့မရေးဖြစ်သေးတာ ။ တကယ်တော့အဲဒီ ဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားတာပါ ။ တချို့အကြောင်းအရာတွေကလွဲရင် တော်တော်များများက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ။ သေသေချာချာအာရုံစိုက်ပြီး ရေး၇မှာမို့ စိတ်ရောကိုယ်ပါ အားမယ့် ၂၀၁ရ မှာမှ ရေးတော့မယ်နော် ။ ပြီးတော့ ဇာတ်သိမ်းပိုင်းရှာမတွေ့ဘူးဆိုပြီး facebook ပေါ်မှာရော email , comment တွေမှာပါ ပြောပေးကြတဲ့ စာဖတ်သူတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ။ ဇာတ်သိမ်းပိုင်းမှာ တန်ပိုတွေပိုတက်ဦးမှာမို့လို့ ခုတည်းက စောင့်မျှော်ပေးပါလို့ ။ စာရေးတာနဲ့ပက်သက်ပြီးပြောရရင် […]

My Life in 2016

My Life in 2016

ဒီဇင်ဘာဆိုရင် အလိုလိုပျော်တဲ့ ကိုယ်….မနှစ်က ဒီဇင်ဘာတုန်းက ဆို ဖေဖော်ဝါရီ လဆန်း ဂျပန်ကိုသွားမှာမို့ အသည်းအသန်ခဲမှန်ပျော်နေခဲ့တာ ။ မနှစ်က ဒီဇင်ဘာက ဆို စာမေးပွဲကလည်းပြီး ဘောနက်စ်တွေဘာတွေရတဲ့အချိန်ဆိုတော့ ပိုပျော်တာပေါ့ ။ ဒီနှစ်တော့မပျော်နိုင်ပေါင် ..။ အလုပ်လက်မဲ့ ကျောင်းသူဘ၀ ဒီကြားထဲမှာ ကျောင်းကိုတင်ရမယ့် dissertation က ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ဆုံးဆိုတော့ စာပဲထိုင်လုပ်နေတော့တယ်။ (၀လာတာတော့ ထည့်မရေးတော့ဘူး နောက်မှပဲလျော့တာပေါ့)  ။ ဘာလိုလိုနဲ့ စင်ကာပူမှာ နေလာတာ ခြောက်နှစ်ကျော်သွားပြီ .. ပျော်တယ်ရယ်မဟုတ် မပျော်ဘူးရယ်မဟုတ်ဘဲနဲ့ လုပ်စရာရှိတာကို မှန်မှန်လုပ်ရင်းနဲ့ပဲ ခြောက်နှစ်ရှိသွားတာ ။ မြန်မာပြည်ကိုပြန်မလားဆိုတော့ ကိုယ့်လို မျက်နှာမွဲမှာ သူများအလုပ်မှာ ၀န်ထမ်းဖြစ်ရုံကလွဲပြီးမရှိဘူး ။ ဒီမှာပဲနေမလားဆိုတော့ နွေမိုးဆောင်းမကွဲတဲ့ နိုင်ငံမှာ နေတာကြာတော့ပျင်းလာတယ် ။ ဒါပေမယ့် […]

ဘွဲ့ရရန်တစ်လအလို

ဘွဲ့ရရန်တစ်လအလို

ဘွဲ့ရရန် တစ်လသာလိုပါတော့သည် ။ ဒီဇင်ဘာ ၃၀ ရက်နေ့ dissertation submit လုပ်ရမယ် ။ ၂ နှစ်ခွဲတာ ပင်ပန်းထားသမျှတွေအတွက် အတိုးချပြီးနားမယ်စဉ်းစားပေမယ့် ကုန်ထားတဲ့ ကျောင်းလခ ကျေအောင်ကြိုးစားရဦးမယ် ။ အချိန်ကုန် ငွေကုန် လူဝ စိတ်ညစ်ရတာလေးကလွဲရင် နောက်မြှီးလေးရှည်ရမှာက ၀မ်းသာစရာကြီးပါ  ။ ကွန်ကရက်မလုပ်ကြနဲ့ဦးနော် ။ ဒီဇင်ဘာကုန်မှ ပေါင်းလုပ်ပေး…ကျိန်းကျေသွားမှာစိုးလို့ပါ ။ ပျက်ကွက်ထားသမျှ လူမှုရေးတွေ၊ အချိန်မပေးနိုင်သမျှတွေအတွက် အတိုးချပြီး active ဖြစ်အောင်ကြိုးစားတော့မယ် ။ ဘလော့ကို မ၀င်ဖြစ် ၊ ဖေ့ဘုတ်ကိုပိတ်ထားပေမယ့် instagram တော့အမြဲသုံးဖြစ်တယ်။ သုံးဖြစ်တဲ့အပြင် ခရီးသွားတုန်းဓာတ်ပုံရိုက်ထားတာလေးတွေအတွက်တောင် သီးသန့် page ဖွင့်ထားသေးတာ ။ photo edit လုပ်ရတာသဘောကျတော့ […]

စိတ်ထဲရှိသမျှ (၁)

စိတ်ထဲရှိသမျှ (၁)

စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။ (၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass  လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ […]

BPP Challenge Post

BPP Challenge Post

ခြောက်ကပ်နေတဲ့ blog လေးကိုရေပြန်လောင်းဖို့နှိုးဆော်သူက မ ဖြူစင်သောစိတ်ကလေး နဲ့ မဗေဒါ ။ မရေးတာနှစ်ပေါက်တော့မှာမို့ ဘာရေးလို့ရေးရမှန်းလဲမသိတော့ပါဘူး ။ အလာပသလာပပြောဖို့လည်း ပြောစရာအကြောင်းမရှိသလိုပါပဲ ။ BPP Challenge အတွက် အချိန်မှီရုံလေးရေးဖြစ်တာဖြစ်တဲ့အပြင် စာမရေးတာကြာလို့ထောင့်နေတဲ့စာရေးဟန်တွေကို လျစ်လျူရှုပြီး  ၂၀၁၄ အတွက် ပထမဆုံးသောပိုစ့်ကိုနှစ်ကုန်ခါနီးရေးလိုက်ပါတယ် ။ ကျန်းမာရေး နှစ်ရှည်လများဖြစ်ခဲ့တဲ့ အစာအိမ်ရောဂါက လုံးဝပျောက်ကင်းသွားပါပြီ။ သူဂရုစိုက်ပေးကြောင်းကြွားပါရစိ 😛 နှလုံးသားရေး Facebook celebrity တစ်ယောက်စကားငှားသုံးရရင် အချစ်ရေးက သာယာဝတီမှာ လေတဖြူးဖြူးနဲ့ အေးဆေးပါ။ Social  Social က zero ထက်ကျော်ပြီး အနှုတ်လက္ခဏာကိုပြတဲ့ကာလပါ ။ […]

မမွေ့လျော်ရခြင်းအကြောင်းအရင်းများ

မမွေ့လျော်ရခြင်းအကြောင်းအရင်းများ

အသူတစ်ရာနက်တဲ့ ချောက်တစ်ခုထဲကို ခဏခဏပြုတ်ကျနေတဲ့အခါဘ၀ဟာ ဆန္ဒရဲ့နောက်ကိုပဲ မချိမဆန့်လိုက်နေရတဲ့အခါသုညတွေချည်းပဲ ထပ်ကာတလဲလဲ နားသွင်းခံနေရတဲ့အခါတိမ်ပြာပြာအောက်မှာ ကျိန်စာတွေသင့်နေတဲ့အခါဝဲဂယက်ထဲမှာ ထပ်တလဲလဲနှစ်မြှပ်ခံထားရတဲ့အခါသင်တုန်းဓားတစ်လက်နဲ့ တစ်ဘ၀လုံးစုတ်ပြတ်သွားအောင်အမွှန်းခံရတဲ့အခါအမုန်းတရားတစ်ခုနဲ့ လုံးလုံးပါးအောင်ခြေဖျက်ခံရသောအခါစာနာမှုဆိုတဲ့စကားလုံးနဲ့ လိုက်လေဝေးလေဖြစ်သောအခါမျက်ရည်တွေအနည်ကျရင်း ကြောင်တောင်ကန်းသွားတဲ့အခါဖေဖော်ဝါရီတစ်လလုံး သွေးမိုးတွေရွာတဲ့အခါနုတ်ကပတ်တော်တစ်ခုထဲ သိမ်းဖွက်ခံရတဲ့အခါဖြစ်တည်ခြင်းဆိုတဲ့စကားလုံးနဲ့ မသက်ဆိုင်ချင်တော့တဲ့အခါယဉ်ကျေးမှုတွေရဲ့ အပြင်စည်းကိုအပို့ခံရတဲ့အခါကမ္ဘာဦးကစာရွက်စာတမ်းတွေလို ခြကိုက်ခံရတဲ့အခါအဆိပ်လူးသိမ်မွေ့ခြင်းပျားရည်ကိုသောက်သုံးရတဲ့အခါလူယဉ်ကျေးတွေရဲ့ချိုသာမှုတွေ ခါးသက်သက်ဖြစ်လာတဲ့အခါငါဟာ တေလေငှက်တစ်ကောင်ရဲ့အိပ်မက်ရိုင်းတွေပဲဖြစ်ခဲ့သင့်တယ် ။