စိတ်ထဲရှိသမျှ

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

မနေ့က နှစ်ဆန်းတစ်ရက်နေ့ ကိုသားငယ်ဆုံးတဲ့ သတင်းတက်လာတော့ စိတ်မကောင်းတော်တော်ဖြစ်ရတယ် ။ ကိုယ်နဲ့တော့အများကြီးမရင်းနှီးပေမယ့် facebook ထဲမှာ မြင်မြင်နေကျ အကိုကြီးဆိုတော့ ဆွေမျိုးရင်းချာတစ်ယောက်ဆုံးပါးသလို စိတ်မကောင်းဖြစ်ရတယ် ။ စိတ်က တစ်နေကုန်မကြည်တော့ လုပ်သမျှအလွဲလွဲအချော်ချော်..လက်ကိုဓားရှ ဟိုပြုတ်ကျ ဒီပြုတ်ကျ အကျီတွေအောက်ပြုတ်ကျနဲ့ တစ်နေကုန်ဖြစ်နေတော့တာ ။ ညနေပိုင်းမှာ ဖေ့ဘုတ်ဖွင့်လိုက်တော့ ကိုယ့်ပိုစ့်တစ်ခုအောက်မှာ ညီမ၀မ်းကွဲက လာရေးတယ် ။ အဖေညီ့မ အဒေါ်မိုးမိုးဆုံးပြီ ။ နှလုံးရောဂါ သွေးတိုးရောဂါနဲ့ မနက်ငါးနာရီမှာ ရုတ်တရက်ဆုံးတယ် ။ ကလေးက ငါးတန်းပဲရှိသေးတယ်ဆိုပြီးလာရေးတယ်..။ ရေးတာနဲ့ မပြီးသေးဘူး အသုဘရှုလို့ရအောင်ဆိုပြီး အလောင်းပြင်ထားတဲ့ပုံကိုပါလာပို့တယ် ။ ဆုံးတယ်လို့ ကြားတုန်းက […]

နှစ်သစ်စကား

နှစ်သစ်စကား

လူတွေဟာကြောက်စရာကောင်းတယ်။ community နှစ်ခုကြားမှာ ဖြစ်တဲ့ ပြသနာကို ethnic cleansing (လူမျိုးတုန်း သတ်ဖြတ်ခြင်း) ပါလို့ တစာစာအော်ကြတယ်.. ။ ကိုယ့်ဝမ်းတောင်ကိုယ်မဖူလုံတဲ့ တိုင်းပြည်ကို illegal immigrant (ခိုးကူး) တွေအတွက် အမေရိကန် standard နဲ့ host လုပ်စေချင်ကြတယ် ။ အမေရိကန် standard အရဆိုရင် health coverage ။ နေစရာထိုင်စရာ ၊ စားစရာသောက်စရာတွေကို အစိုးရက ခိုးကူတွေအတွက် ထောက်ပံ့ကြရမှာဖြစ်ပေမယ့် မြန်မာလိုဆင်းရဲမွဲတွေနေတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပေးနိုင်မှာလဲ ။ ရှိတဲ့ ပြည်သူ ပြည်သားတွေတောင် ကျောချစရာမရှိအောင် ဆင်းရဲနေကြတာကို […]

မိပျင်း(သို့မဟုတ်)ကံဆိုးမလေး(၁)

မိပျင်း(သို့မဟုတ်)ကံဆိုးမလေး(၁)

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၁)   မိပျင်းရယ်…ကံဆိုးမလေး တောင်စဉ်ရေမရအတွေးမျှင်တန်းနောက်မှာ တကောက်ကောက်လိုက်ရင်း ရွက်ကြွေတစ်ရွက်လို လေနှင်ရာ လွင့်နေပြီလား ဂျင်းဘောင်းဘီ အရောင်ရင့်ရင့် တွေကိုနှစ်သက်တုန်းလား ရင်ကွဲပက်လက် ငိုချင်းချတုန်းလား ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်း ရှိုက်ရှိုက်ငိုတုန်းပဲလား   မိပျင်းရယ်…မေတ္တာငတ်မလေး အဆိုးထဲက ကောင်းကွက်ကိုရှာရင်း ရှာမတွေ့တဲ့အခါတိုင်း ဖြစ်ရလေခြင်းဆိုပြီး တနင့်တပိုး ဒဏ်ရာတွေကို အနာဖေးထပ်ခွာပြန်ပြီလား ဝေးနေတာပဲကောင်းပါတယ်လို့ တွေးမိနေပြီလား မလွမ်းဘူးလို့ ဟန်ဆောင်နေတုန်းလား ဘ၀အနာတွေရင်းလာတိုင်း သေရာပါအောင် မျိုချနေတုန်းပဲလား   မိပျင်းရယ်…မြက်ရိုင်းမလေး ရောက်လေရာမှာ လောကဒဏ်တရားကို မျက်စိဒေါက်ထောက်ကြည့်ရင်း မြက်ရိုင်းတစ်ပင်လို အလေ့ကျ ပေါက်တုန်းပဲလား များများခုတ်လေ ပိုသန်လေ […]

စိတ်ထဲရှိသမျှ (၁)

စိတ်ထဲရှိသမျှ (၁)

စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။ (၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass  လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ […]