စိတ်ထဲရှိသမျှ

တစ်နေ့နေ့

တစ်နေ့နေ့

တိမ်တွေရှိတယ် တောင်တန်းတွေရှိတယ် ပင်လယ်တွေရှိတယ် အပြုံးတွေရှိတယ် ကြည်နူးချမ်းမြေ့မှုတွေရှိတယ် ချစ်ခြင်းမေတ္တာတွေရှိတယ် အေးချမ်းမှုတွေရှိတယ် သူရယ် ကိုယ်ရယ် တိမ်ရောင်စုံတွေငေးကြမယ် တောင်တန်းတွေရဲ့ ရင်ငွေ့ကိုလှုံကြမယ် ပင်လယ်တွေရဲ့ အထိအတွေ့ကိုခံယူကြမယ် ချစ်ခြင်းမေတ္တာကိုသီကျူးကြမယ် အေးချမ်းမှုနဲ့ နွေးထွေးကြမယ် ရိုးစင်းစွာနဲ့ ပျော်ရွှင်ကြမယ် ရောင့်ရဲခြင်းနဲ့ ချမ်းမြေ့ကြမယ် သူရယ် ကိုယ်ရယ် အရောင်ပြောင်းတတ်တဲ့ တိမ်တွေအကြောင်းသင်ယူကြမယ် နက်ရှိုင်းကျယ်ပြန့်တဲ့ တောင်တန်းတွေအကြောင်းလေ့လာကြမယ် မာယာများတဲ့ ပင်လယ်တွေအကြောင်း နားလည်အောင်ကြိုးစားကြမယ် သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခင်နွေးထွေးကြမယ် အေးချမ်းတဲ့ စိတ်နဲ့ ခွင့်လွှတ်နားလည်ခြင်းကို မွေးမြူကြမယ် ရိုးစင်းစွာနဲ့ ပျော်ရွှင်တတ်အောင် သင်ယူကြမယ် ရောင့်ရဲခြင်းနဲ့ တင်းတိမ်တတ်အောင် ကျင့်ကြံကြမယ် သူရယ် ကိုယ်ရယ် […]

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၂)

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၂)

မိပျင်းရယ်…ကံဆိုးမလေးပြင်ဆင်ခွင့်မရှိတဲ့ကံကြမ္မာတွေအတွက်ဒဏ်ရာအနာတရတွေကိုငဲ့ကြည့်ကျားသစ်တစ်ကောင်လိုနာနာကျည်းကျည်းငိုကြွေးနေပြီလားလောကကြီးကို ဖက်ပြိုင် ရန်လုပ်နေတုန်းလားမပျော်နိုင်တဲ့ရက်တွေ များတုန်းလားဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်းရှိုက်ရှိုက်ငိုတုန်းပဲလား မိပျင်းရယ်…မေတ္တာငတ်မလေးမယုံကြည်မှုတွေ တိုက်စားရင်းနေ့လား ညလားမသေချာတဲ့ ဘ၀မှာဆန္ဒကိုခေါက်သိမ်း ဘ၀ကို အလိုက်တသိနဲ့ ဖြတ်သန်းတတ်နေပြီလားချစ်ခြင်းမေတ္တာအတွက် တာဝန်ဝတ္တရားတွေအတွက်ခေါင်းကိုငုံ့ မာနတွေခ၀ါချတတ်နေပြီလားဘ၀အနာတွေရင်းလာတိုင်းသေရာပါအောင် မျိုချနေတုန်းပဲလား မိပျင်းရယ်…မြက်ရိုင်းမလေးဖြစ်ချိန်တန်ရင် ဖြစ်လာတတ်တဲ့ ကံတရားအတွက်ကြာချိန်တန်ရင် ကြာတတ်တဲ့ ကံကြမ္မာအတွက်ဖြစ်တတ်တာတွေ မဖြစ်ဖို့ ၊ ကြာတတ်တာတွေ မကြာဖို့ဆုတစ်တောင်းစာ အကွာအဝေးမှာမိုးဒဏ်လေဒဏ်ကြံ့ကြံ့ခံရင်းမြက်ရိုင်းတစ်ပင်လို အလေ့ကျပေါက်တုန်းလားရှင်သန်ပါ လန်းဆန်းပါ လွမ်းပါ နာပါချစ်ခြင်းမေတ္တာကို …. အထူး…ယုံကြည်ပါ ။ photo credit to original owner

Feeling 30

Feeling 30

မစန်းထွန်းရေးတဲ့ ဘာမှတ်နေလဲ ဆိုတော့ ပိုစ့်ကိုဖတ်ကြည့်ပြီး အတွေးလေးတစ်ခုဝင်လာတယ်…ကိုယ့်အကြောင်းပဲဆိုပါတော့ .. ကိုယ်ဟာ ငယ်ငယ်တည်းက သူတပါးကို အားနာတတ် သည်းခံတတ်တယ် ။ မျက်နှာငယ်လေးနဲ့ ဘယ်သူ့ကိုမဆို အောက်ကျခံပြီးပေါင်းတတ်တယ် ။ ဒါကြောင့်ကိုယ့်မှာချစ်သူခင်သူပေါတယ် ။ သူများကိုလည်းနစ်နာအောင်မပြောတတ်ဘူး ။ ဒါက ကိုယ့်ရဲ့ ဖြူစင်တဲ့ ငယ်ဘ၀ပေါ့…။ အသက် ၁၉ အရွယ် လုပ်ငန်းခွင်ထဲ စ၀င်တော့ တွေ့ပါပြီ လူပေါင်းစုံနဲ့ ။ ကိုယ့်စီနီယာဆိုတဲ့ လူတစ်ယောက်က ကိုယ့်ကို ခွေးမ ဆိုပြီးခေါ်တယ်..။ ဒါက အညာမှာ ခင်လို့ခေါ်တာဆိုပြီး အမြဲတမ်းခွေးမ ခွေးမဆိုပြီး ခေါ်တယ် ။ တော်ရုံဆို ဘာမှမပြောတဲ့ကိုယ်ဟာ…အဲလိုအပြောခံရတာ […]

ဒီဇင်ဘာအကြောင်း

ဒီဇင်ဘာအကြောင်း

“ကိုယ်နေတဲ့အခန်းရဲ့ ဟိုမနီးမဝေးအပြင်ဖက်ဆီမှာ နှင်းတွေတဖွေးဖွေးကျနေဆဲ ဒီဇင်ဘာရဲ့ လွန်ကဲတဲ့ အအေးဒဏ်ကို အသဲကွဲသူတစ်ယောက် တွန်းလှန်ဖို့ကြိုးစားရင် အခန်းငယ်အတွင်းမှာ” ကိုယ့်ရဲ့ ပြီးခဲ့သောဒီဇင်ဘာက သီချင်းတွေထဲက ရင်ခုန်လွမ်းဆွတ်စရာမကောင်း ။Dissertation ကို ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့မှာ အပြီးလုပ်မယ်လို့ သတ်မှတ်ထားတာမို့ အသည်းအသန်ခဲမှန် စာရေးနေရတဲ့အချိန်တွေပေါ့။ ကျောင်းသားဘ၀ရဲ့လွတ်လပ်ခြင်းဆိုတာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ဘွဲ့လွန်ကျောင်းသားတွေအတွက် မပါဘူးလို့ ကိုယ်ကတော့ သတ်မှတ်ချင်ပါတယ် ။ မိဘလုပ်စာစားပြီး ကျောင်းတက်ရတာ ပျော်စရာအကောင်းဆုံးပဲ ။ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ဘ၀က ထင်သလောက်ပျော်စရာမကောင်းပါဘူး။ ညအလုပ်က ဆင်းတာနဲ့ ကျောင်းကိုပြေး..စာမေးပွဲအတွင်းခွင့်လိုချင်ရင် မန်နေဂျာကိုမျက်နှာချိုသွေးရ…တခါတခါများ ကိုယ့်ပိုက်ဆံကိုယ်ကျောင်းတက်ရတာ အပြစ်ကြီးတစ်ခုလိုဖြစ်လို့ ။ […]

ပေတံများနှင့်တိုင်းတာခြင်း

ပေတံများနှင့်တိုင်းတာခြင်း

အကြောင်းအရာအဖြစ်အပျက်တွေကို လူတွေဟာ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတာကြတယ်။ ဘယ်ဟာက အမှန်လဲ အမှားလဲ ။ ကိုယ့်ပေတံသာအမှန်ဆိုရင် သူများပေတံတွေက အမှားလား ။ အမှန်နဲ့အမှားဘယ်လိုခွဲခြားကြမလဲ ။ တလောက သူငယ်ချင်းတစ်ယောက်ရဲ့ facebook ပိုစ့် တစ်ခုကို ဖတ်မိတယ် ။ Master တန်း ဆက်တက်တာမကောင်းဘူး အချိန်ကုန် လူပင်ပန်းပြီးအကျိုးမရှိဘူး ၊ ဒေါက်တာ တန်းတက်ချင်တဲ့သူတွေပဲဆက်တက်သင့်တယ်တဲ့ ။ မာစတာဘွဲ့ရပြီး ဘာမှမတတ်ရင် လူအထင်သေးခံရတယ်တဲ့ ။ အနာရှိလို့စပ်တယ်ပဲဆိုပါတော့ မာစတာဘွဲ့ယူထားတဲ့ ကိုယ်ကတော့ သူ့ပိုစ့်ကိုမြင်မြင်ချင်းသဘောမကျမိဘူး ။ ဒါပေမယ့် ကိုယ်တွေးကြည့်လိုက်တယ် ။ ဒါဟာ သူ့ခံယူချက် ထင်မြင်ချက်နဲ့ measure […]

ဖတ်မိသမျှ

ဖတ်မိသမျှ

စင်ကာပူမှာနေတာကြာပြီ ခုထိ ကိုယ့်မှာ စာကြည့်တိုက် ကတ်ပြားမရှိသေးဘူး ။ ကျောင်းတက်တုန်းကတော့ ကျောင်းစာကြည့်တိုက်မှာ စာအုပ်ငှားဖူးပေမယ့်  အမျိုးသားစာကြည့်တိုက် National Library တွေမှာတော့ တစ်ခါမှ စာအုပ် မငှားဖူးသေးသလို အသင်းဝင်ကတ်လည်း မလုပ်ဖြစ်သေးဘူး ။အချိန်ရရင် စာကြည့်တိုက်သွားပြီး အသင်းဝင်ရဦးမယ်။ ဒီတစ်ပတ်အတွင်း စာအုပ်ဖတ်ဖြစ်တာ ၃ အုပ်ရှိပြီ ။ ၂ အုပ်ကတော့ ပြီးသွားပြီ နောက်တစ်အုပ်ကတော့ ဖတ်လက်စ ။ ပထမဆုံးဖတ်ဖြစ်တဲ့ စာအုပ်က ခေါက်ထီးကလေး မလုံ့တလုံ (ဆရာမ စမ်းစမ်းနွဲ့ – သာယာဝတီ) ။ အရမ်းနာမည်ကြီးပြီး ဂျပန်ပြည်ထိပေါက်တဲ့ စာအုပ် ။ စာအုပ်ကအရမ်းကောင်းပေမယ့် […]

ရောက်တတ်ရာရာ ထိုသောကြာ (၂)

ရောက်တတ်ရာရာ ထိုသောကြာ (၂)

ဧပရယ်လတုန်းက အဒေါ်ဆုံးလို့ ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေဆိုတဲ့ပိုစ့်လေးကိုရေးဖြစ်ခဲ့တယ်။ ခု နိုဝင်ဘာမှာ တစ်ခေါက်ထပ်ရေးရပြန်ဦးမယ် ။ ခုတစ်ခေါက်ဆုံးတာက ကိုယ်နဲ့သက်တူရွယ်တူသူငယ်ချင်း ။ အထက်တန်းကျောင်းမတူလို့ အရမ်းမရင်းနှီးပေမယ့် အဂ်လိပ်စကားပြောသင်တန်း အတူတူတက်ခဲ့တဲ့သူငယ်ချင်းလေးဆိုပါတော့ ။ သဘောကောင်း ဖော်ရွေတဲ့သူငယ်ချင်း ၊ ကျောင်းမှာ ကိုးတန်း ဆယ်တန်းစာတွေ အသည်းအသန်လုပ်ကြတဲ့အချိန်ဆိုတော့….ကျောင်းကလိုအပ်တဲ့ လူမှုရေးကိစ္စတွေဆို ဘယ်သူမှ မလုပ်ချင်ကြဘူး ။ ဒါပေမယ့် သူကတော့ ဆိုကရေးတီးအတွက် လူလိုရင် အမြဲကူညီနေကျ ။ ကျောင်းအငြိမ့် မင်းသမီးလေး…သူများမလုပ်ချင်တဲ့ လှုမှုရေးမှန်သမျှ အမြဲကူညီနေကျ သူငယ်ချင်းလေး ၊ ခုတော့ အသဲ နဲ့ ကျောက်ကပ် ပျက်စီးသွားလို့ လွန်ခဲ့တဲ့ ရက်ပိုင်းက […]

ဒေါသထုတ်အကြီးကြီး

ဒေါသထုတ်အကြီးကြီး

ဒီရက်ပိုင်း ကိုယ်လုပ်ဖြစ်တဲ့အလုပ်က သည်းခံခြင်းပဲ.. ဟုတ်တယ် အစစအရာရာကိုသည်းခံနိုင်အောင်ပဲ ကြိုးစားဖြစ်တယ် ။ ကြာသပတေးသမီးကိုယ်ဟာ…. နေ့နံနဲ့မလိုက်အောင် တအားဒေါသကြီးတယ် ဒေါသထွက်လာရင် အသားတွေ တဆတ်ဆတ်တုန်အောင်ထိဖြစ်တာ ။ စိတ်ကိုထိန်းချုပ်ပြီး သည်းခံနိုင်အောင် မနည်းကြိုးစားနေရတယ် ။အကြောင်းအရာအစုံအလင်ကို မပြောချင်တော့ဘူး ။ ပြသနာတစ်ခုဖြစ်ရင် နှစ်ဦးနှစ်ဖက်အမှားကိုယ်စီရှိတာမို့ ကိုယ်မှန်တယ်လို့လဲမဆိုလိုဘူး…။ သူများမှားတယ်ဆိုပြီးလည်းလက်ညှိုးမထိုးချင်တော့ဘူး။ အတိုချုပ်ပြောရရင် ၂၀၁ရ ဖေဖော်ဝါရီမှာ ကိုယ်ရွေးချယ်မှုတစ်ခုမှားခဲ့တယ် ။ မနေသင့်တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ တစ်အိမ်တည်းနေမိတာ ကိုယ့်အမှား ။ ထိုရွေးချယ်မှုနောက်ဆက်တွဲအဖြစ် ဒီလို ဒေါသထွက်တာမျိုးကို နေ့တဓူဝကြုံနေရသလို သူငယ်ချင်းတွေကြားမှာလည်း မိတ်ပျက်တာပဲအဖတ်တင်ခဲ့ပါတယ် ။ ကိုယ်သည်းခံတယ်ဆိုတာလည်း သည်းခံတတ်လို့ သည်းခံနိုင်လို့မဟုတ်ဘူး […]

Version နိမ့်လူသားစက်ရုပ်

Version နိမ့်လူသားစက်ရုပ်

ခိုင်းတာလုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ် တွေးတောဥာဏ် ဖြန့်ကျက်စဉ်းစားမှု နတ္တိ ဘ၀ဟာ instruction အပြည့်ပါတဲ့ manual တစ်အုပ် update မရှိ ၊ upgrade ကင်းမဲ့ နေသားကျနေတဲ့ instruction တွေအောက်မှာ ယိုင်နဲ့တဲ့ infrastructure ထွက်ပေါက်မဲ့နေတဲ့ အိပ်မက်ဆိုးတွေနဲ့ ထိုင်ဆိုထိုင် ထဆိုထ version နိမ့်လူသား စက်ရုပ် ။ photo credit – Business Insider

ဘ၀စာစီစာကုံး

ဘ၀စာစီစာကုံး

Trans Siberian ခရီးစဉ်အကြောင်းကို ရှေ့ဆက်မရေးနိုင်ဘဲ ဆားချက်ပိုစ့်တွေရေးနေတာ နှစ်ပုဒ် သုံးပုဒ်ဖြစ်နေပြီ ။ ခုလည်းထပ်ပြီးဆားချက်မလို့…။ ဒီရက်ပိုင်းမှာ facebook ကနေ break ယူပြီးတော့ ကိုယ်ဝါသနာပါတာလေးတွေကိုပဲလုပ်ဖြစ်နေတယ် ။ အဓိက လုပ်ဖြစ်တာတော့ podcast တွေနားထောင်တယ် ။ သီချင်းနားထောင်တယ် ၊ photography ကိုဓာတ်ကျနေလို့ ဓာတ်ပုံနဲ့ ပက်သက်တဲ့ video တွေကြည့်တယ် .. edit လုပ်တယ် ။ facebook နဲ့ ဝေးနေရတာခပ်ကောင်းကောင်းပဲ အထူးသဖြင့် ကိုယ့်လို stress management မလုပ်နိုင်တဲ့သူတွေအတွက်ပေါ့ ။ သွေးသံရဲရဲပုံတွေ၊ ဒဏ်ရာရနေတဲ့ပုံတွေ ၊ body ပုံတွေ ရှဲကြတာမြင်ရင် […]