သူ့ကိုချစ်ဖို့
စကားပြောလျင် တစ်လုံးပုံမှန်ပြောတတ်ပြီးခပ်တန်းတန်း ခပ်တည်တည်နေတတ်ပေမယ့် ကျမနဲ့ဆိုရင် အမြဲတီးတိုးသဖန်းပိုးလုပ်တတ်တဲ့ တစ်ယောက်သောသူအကြောင်းကိုပြောရမည်ဆိုလျင်….တစ်ယောက်သောသူကို သူငယ်ချင်းတစ်ယောက်ရဲ့ကောင်းမှုကြောင့်သိခဲ့ပါတယ်။ ပဲများမယ်လို့ထင်ပေမယ့် မထင်မှတ်လောက်အောင်ရိုးသားဖြူစင်တဲ့သူ့စိတ်ဓာတ်၊ ခပ်တည်တည်မျက်နှာပေးရှိပေမယ့် ကျမအတွက်ဆိုရင် အမြဲအဆင်သင့်ရှိတတ်တဲ့သူ့စိတ်နေသဘောထားက ကျမအတွက်ဘယ်အရာနဲ့မှနှိုင်းလို့မရလောက်အောင်ပါပဲ ။ အရပ်မြင်မြင့် ၊ အိုင်တီသမားပီးဗိုက်ကလေးရှေ့ထွက်၊ ကျမစိတ်ထင် မင်းသားရှုံးလောက်အောင်ပဲများထားတဲ့ပုံစံ ၊ ငွေရောင်ဆံပင်တွေအမြောက်အမြားရှိနေတဲ့ ပုံစံကျကျဆံပင်နဲ့အဲဒီလူဟာ….ကျမအတွက်အရေးကြီးဆုံးလူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ကျမဘယ်တုန်းကမှမတွေးထားမိခဲ့ဘူး။ ထူးဆန်းစွာနဲ့သူရဲ့ ဘယ်ဘက်ပါးပြင်မှာ ပါးချိုင့်လေးနှစ်ခုဆက်တိုက်ရှိနေသေးတယ်..။ ပြီးတော့ ကျမမနာလိုချင်စရာကောင်းလောက်အောင်ပုံကျလှပလွန်းတဲ့ ခပ်ထူထူ မျက်ခုံးတစ်စုံကိုလည်းပိုင်ဆိုင်ပြန်သေးတယ်..။ ထပ်ပြီးပြောရရင် ကျမဖေးဘရိတ်…..နားသယ်စပ်က ဆံပင်ကောက်ကောက်လေးတွေသူပိုင်ဆိုင်သေးတယ်လေ..။ ဒါတွေကြောင့်သူ့ကိုချစ်ခဲ့တာလားဆိုရင်….ပရိသတ်ကြီးလုံးဝမှားမှာပေါ့..။ ကျမရဲ့ရင်ထဲကခံစားချက်မှာအဲဒီအချက်တွေလုံးဝမပါခဲ့ပါဘူး ။ သူ့ကိုစတွေ့ခဲ့တဲ့အချိန်က ကျမရင်ထဲမှာတကယ့်ကိုဟာလာဟင်းလင်းခံစားချက်နဲ့ ရှုပ်ထွေးပွေလီလှတဲ့အလုပ်ကိတ်စတွေအပြင် သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေခဲ့တဲ့ကျမ… ပြီးတော့ကျမက ပဲများတဲ့သူတွေကိုသဘောမကျဘူးလေ..။ ဒီလိုနဲ့ဒီလိုနဲ့ပဲ ကျမတို့နှစ်ယောက်တစ်နေ့ထက်တစ်နေ့နီးလာလိုက်တာ..။ နေ့စဉ်နေ့တိုင်းမတွေ့ရမမြင်ရလျင်….အအိပ်အစားပျက်၊ ဖုန်းလေး […]