ကဗျာ

ကြင်တော်မူ

ကြင်တော်မူ

လေပြည်သွေ့တဲ့ညနေခင်း ကြယ်စင်အလင်းတွေနဲ့တိုးတိတ်လင်းဖြာသွားတဲ့ရောင်စဉ်ဒီလိုညမျိုးကလည်းသာယာတတ်ပါတယ် တိုးတိုးသက်သက်နူးညံ့ခြင်းယုယုယယညင်သာခြင်းကြင်နာစွာနဲ့ရေစီးအတိုင်းခံစားလိုက်မယ်အသက်ရှုတိုင်းပန်းပွင့်စေ လက်ခတ်သံညှင်းဖွဖွ….သင်းပျပျညနေခင်းမှာခါးသက်သက် ရင်ခွင်တစ်စုံအားတူရိယာဂီတလက်နဲ့ညှို့ယူဖမ်းစားတတ်တယ် ရီဝေသင်းပျံ့မျက်နက်ဝန်းချင်း နူးညံ့ညင်သာခံစားချက်ချင်းသိမ်မွေ့နူးညံ့ရင်ခုန်သံချင်း ပင့်သက်ရှိုက်ဖိုတွယ်တာမှုချင်းတိုးတိတ်စွာညီမျှသွားတယ်ဆိုပေမယ့် သင်းပျံ့မွှေးတဲ့နှင်းဆီ နမ်းရှိုက်ရန်ခက်တယ်ဆိုရင်ရင်ခွင်ဦးကိုထိုးစိုက်ညင်သာစွာ ဦးခိုက်လှည့်မယ်လေ ။ ။

ဖြစ်နိုင်ခဲ့မယ်ဆိုရင်

ဖြစ်နိုင်ခဲ့မယ်ဆိုရင်

 ဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့အနီးဆုံးမှာပဲနေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်ရင်ထဲကခံစားချက်တွေကိုအပွင့်လင်းဆုံးမြင်စေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့အတွေးထဲမှာအမြဲရှိနေစေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကိုယ့်ကိုနားလည်စေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမပါဘဲဘယ်လမ်းကိုမှမသွားချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်သံတူကြောင်းကွဲ ငြင်းခုန်ရန်ဖြစ်မှုတွေကိုမလိုလားခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်သဘောပဲလေဆိုတဲ့ အလျော့ပေးစကားထက် နားလည်မှုကိုလိုချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မအားလပ်မှုတွေကြားက ရှိသမျှအချိန်ကိုမင်းကိုပေးချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမပြောပြချင်တဲ့အကြောင်းအရာတွေကိုနားလည်ပြီးမင်းကိုစိတ်မဆိုးချင်တော့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကို ကိုယ်ဘယ်လောက်ချစ်လဲဆိုတာ သိစေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမျက်နှာကသောကအရေးအကြောင်းတွေပြေပျောက်စေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်နည်းနည်းပေါတယ်…..လို့ထင်ရပေမယ့် လေးနက်တဲ့ခံစားချက်တွေရှိမှန်းမင်းသိစေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့အပြုံးနဲ့တိုးတိတ်ညင်သာတဲ့စကားသံတွေကိုပဲကြားနေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကိုအလုံးစုံနားလည်သောသူဖြစ်ချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမသိတဲ့ထောင့်တစ်နေရာမှာငိုကြွေးတဲ့အကျင့်ကိုဖျောက်ချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်အထင်လွဲမှုတွေကိုလျော့ချချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့တစ်ဦးတည်းသောသူဖြစ်ချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်ကိုယ်အရမ်းတိတ်ဆိတ်နေတိုင်း မင်းကိုလွမ်းနေမှန်းသိစေချင်တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကိုယ့်ကိုအမြဲတမ်းမပြောင်းမလဲချစ်စေချင်တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်အခုကိုယ်မင်းကိုဘယ်လောက်လွမ်းနေမှန်း မင်းသိအောင်ပြောလိုက်ချင်တာပါ..။

မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ

မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ

လင်းအားနည်းညလွှာထုကြီးရဲ့ အနားစကိုခွာကြည့်လိုက်တဲ့အချိန် မိုးတိုးမတ်တပ်ခံစားချက်တွေက ရင်ဘတ်ကိုဆောင့်တတ် ပင့်သက်တို့ခိုးရှိုက်နေကျ နွေးထွေးတဲ့ရင်ဘတ်တစ်စုံကိုလွမ်းတယ် ဖွဲ့နှောင်တွယ်တာမိတဲ့သံယောဇဉ်မှာမြူတစ်မှုန်စာအပြစ်က လေးမှမရှိ ညှင်းသက်သာယာတဲ့ နှုတ်ခမ်းသားနုနုမှာ ဆင်ယင်စရာအဆင်းအကျင်းမရှိ ကြင်နာတတ်တဲ့စိတ်နဲ့ပဲ အမြဲထာဝရယဉ်ပါးခဲ့တယ် ရာသီဥတုအလွန် အခါမသင့်တဲ့နေ့ညတွေဆို ရေတွက်စရာအလွမ်းတစ်ခုနဲ့ ပင်လယ်ကြီးလည်းခြောက်သွေ့ကန္တာရမှာမိုးတွေရွာလို့  အနီးဆုံးက မနီးစပ်ခြင်းအတွက် ညနက်နက်ရဲ့ရင်ခွင်ကိုတိုးဝင် ငိုပွဲတွေဆင်တယ် မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ ကိုယ်သာခေါင်းဆောင်မင်းသမီးဖြစ်ပါရစေ ။ ။

စာသားမပါတဲ့ ဒိုရေမီဖာ

စာသားမပါတဲ့ ဒိုရေမီဖာ

မနေ့ကရဲ့မနက်ခင်းကသာယာတယ်မိုးစက်တချို့ကျတယ်အလွမ်းတချို့ကခါးပေမယ့်မနေ့ကရဲ့မနက်ခင်းကသာယာတယ်စကားလုံးတစွန်းတစထုဆစ်မှုအနုပညာရောင်စဉ်ဖြာတဲ့သံယောဇဉ်ဟာစာသားမပါတဲ့ ဒိုရေမီဖာမျက်ဝန်းတစ်စုံကကြည်လဲ့နေတယ်နှုတ်ခမ်းတစ်စုံကညင်သာနေတယ်ဘယ်ဖက်ရင်အုံက ညှင်းညှင်းသဲ့သဲ့ဝင်သက်တိုင်းလည်း နူးနူးညံ့ညံ့နိုးတစ်ဝက်အိပ်မက်တွေက မှုန်ဝါးဝါးမျှော်လင့်ခြင်းနဲ့နိုးထလာမယ့်မနက်ဖြန်တိုင်းဟာရေတွက်မကုန်တဲ့အိပ်မက်တွေနဲ့မြဲမြဲတွဲမယ့်လက်တစ်စုံပဲလိုတယ် ။

ကဗျာစုတ်

ကဗျာစုတ်

တခါတုန်းကပန်းပွင့်တဲ့ကဗျာနဲ့ စံပယ်အရိုင်းတစ်ပွင့်မှာခေတ်နောက်ကိုလိုက်တတ်တဲ့ကဗျာအယောင်ဆောင်အဖွဲ့တွေရှိခဲ့တယ်ဆိုကြပါစို့ပန်းပွင့်တိုင်းကဗျာတစ်ပုဒ်ကလှသလားလက်သည်းခွံတစ်ခုဆွဲခွာတာလောက်လူတစ်ယောက်ကိုဖဲ့ခြွေရတာလွယ်ကူတယ်ဆိုရင်ငါဟာ လက်မပါဘဲလူဖြစ်ခဲ့သင့်တယ်ကြည့်ဦးကဗျာဆရာနှစ်ယောက် ခတ်တဲ့ပွဲကငါ့သွေးတွေနဲ့ချင်းချင်းနီကဗျာဆရာနှစ်ယောက် အမြင်မတူခြင်းဟာငါ့ပယောဂမကင်းလို့တဲ့ပြောချင်သပဆိုရင်ဖြင့်ကဗျာနှစ်ပုဒ်ဟာရင်ဘတ်တစ်ခုတည်းနဲ့ထပ်တူမကျနိုင်ဘူးဆိုတာ ငါသိတယ်ရင်ဘတ်နှစ်ခုဟာလည်းကဗျာတစ်ပုဒ်နဲ့ထပ်တူမကျနိုင်မှန်းလည်း ငါသိတယ်သိနိုင်မလားပန်းပွင့်တဲ့ကဗျာအတွက်စံပယ်ရိုင်းဟာမလိုအပ်သလိုစံပယ်ရိုင်းဟာလည်း ကဗျာတောထဲမှာမပွင့်လိုဘူးရေခံမြေခံကောင်းတဲ့ရင်ဘတ်ဟာလည်း ကဗျာတစ်ပုဒ်အတွက်ဖြစ်တည်မှုတွေမရှိဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူးဒီတော့နှင်းဆီနီတောထဲက ခလုတ်ကန်သင်းစံပယ်ကိုရုန်းထွက်နိုင်အောင် ခုတုံးလုပ်ခဲ့တယ်ဆိုရင်စံပယ်မွှေးတဲ့ နှင်းဆီစူးညအတွက်မျက်ရည်ကြိုစုလိုက်ဦး ကဗျာစုတ် ။ ။

အနမ်းတစ်ခုနဲ့ခြေဆန့်တဲ့ညနေခင်း

အနမ်းတစ်ခုနဲ့ခြေဆန့်တဲ့ညနေခင်း

ရင်ဘတ်တစ်ခုရဲ့လိပ်ပြာတောင်ပံခပ်ခြင်း ညှင်းဖွဖွအပြာရောင်တမ်းခြင်းတစ်ပုဒ်ကိုခပ်သွက်သွက်ဆို နူးညံ့ခြင်းရဲ့အဆုံးစွန်တစ်ဘက် နမ်းရှိုက်လိုက်တဲ့ ပင့်သက်တိုင်းဟာ သင်းပျံ့တယ် မြေသားစိုင်ထုရဲ့နက်ရှိုင်းခြင်း မိုးသားကောင်းကင်ရဲ့ကျယ်ပြန့်ခြင်း အနှိုင်းမဲ့တွေရဲ့အနန္တဟာ ရင်ဘတ်ထဲကိုအရှိန်အဟုန်နဲ့ငုပ်လျှိုးဆင်းသက် မိုးစက်သံတပေါက်ပေါက်ဟာ အချိန်အခါရဲ့တောင်းဆိုမှုလား ပြာလွင်လွင်တိမ်တိုက်တွေဟာ အခြေအနေရဲ့တောင်းဆိုမှုလား ရင်ဘတ်တစ်ခုလုံးစာလွင့်မျောဖို့ အခြေအနေအချိန်အခါတွေကိုသော့ခတ်သိမ်းဆည်းရန်အဆင်သင့် ခါးသောအရသာဟာ နှလုံးသားနဲ့ခံစားရင်ချိုတယ် ဘဝတစ်ခုလုံးစာ ဟာလည်း အတိုင်အဖောက်ညီစွာနဲ့ ခါးလျက်ချိုတဲ့လေညှင်းဟာ….. ညနေခင်းညှင်းသွဲ့သွဲ့နဲ့အသက်ဝင်လှုပ်ရှား ကာ အနမ်းတစ်ခုနဲ့ခြေဆန့်လို့ မြန်မာကျူးပစ်ဂျာနယ်တွင်ဖော်ပြခံရပြီး

လိပ်ပြာငယ်ရဲ့နိဂုံး

လိပ်ပြာငယ်ရဲ့နိဂုံး

အပြုံးတစ်ဝက်ရောတဲ့ အငွေ့အသက်အတုတွေနောက်မှာလိပ်ပြာငယ်တစ်ကောင်ရဲ့ နိဂုံးဝေးကွာခြင်း မှတ်တိုင်ရဲ့ အဆုံးအစမရှိတဲ့လမ်းမျှော်လင့်ခြင်းတောင် လက်လွှတ်လိုက်ရတဲ့အဖြစ်အသိ နဲ့ ဝိဥာဉ်တွယ်ကပ်နေသရွေ့အရိပ်တစ်ခုလို လိုက်ပါတွယ်ငြိတတ်တဲ့ ခါးသက်သက်ခံစားချက်သံယောဇဉ်အစစ်တွေလို့ ယောင်ယောင်မှားမှားမှတ်ယူရအောင်ရင်ဘတ်တစ်ခုလုံးစာ အင်အားမဲ့တကယ်လို့ လောကကြီးထဲမှာ မရှိတော့ဘူးဆိုရင်တကယ်ကို မတွေ့ကြတော့ဘူးဆိုရင်တကယ်ကြီးကို ပျောက်ကွယ်သွားပြီဆိုရင်ပက်သက်ခဲ့ဖူးသူအနေနဲ့ အမှတ်ရမလားတိုးတိုးသက်သက် သိချင်ပါရဲ့ရှင်သန်မှုတွေ ခဝါချရလောက်အောင် ရူးမိုက်ခဲ့ဖူးတဲ့ လူတစ်ယောက်နာနာကျင်ကျင်နှုတ်ဆက်တယ်အချစ်ရယ်………နောက်ဘဝမှာလည်း နင်အသဲခွဲသွားတဲ့သူ ငါပဲဖြစ်ပါရစေ ။ ။

နင့်ကိုချစ်တဲ့အကြောင်း

နင့်ကိုချစ်တဲ့အကြောင်း

ရေးလက်စကဗျာတစ်ပုဒ်သောက်လက်စကော်ဖီတစ်ခွက်ရေဘူးထဲကိုထည့်ထားခဲ့တဲ့လက်ဖက်ခြောက်တစ်ထုတ်လိုပုလင်းကျဉ်းလေးထဲ ပက်လက်ကလေးမျောလို့နင့်ကိုချစ်တဲ့အကြောင်း ရေးလက်စကဗျာကလည်းအခုထိအဆုံးမသတ်သေးနင့်အတွက်ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာတချို့ကလည်းရင်ဘတ်ထဲက ပြူတစ်ပြူတစ်နဲ့ ထွက်ထွက်လာလွန်းလို့အေမိုင်နာကိုချစ်တဲ့လီဟိုရီကိုကြိုက်တဲ့ကြောင်လေးတွေကိုအသည်းယားတဲ့ကွမ်းယာအပျင်းပြေစားတတ်တဲ့တခါတခါ ကလေးတစ်ယောက်လိုဂျစ်တတ်တဲ့အညာသားလို့ခေါ်ရင်မကြိုက်တတ်တဲ့ငါ့ကိုချစ်တဲ့တစ်ယောက်သောသူရယ်နင်နဲ့ငါဟာတိမ်တွေကိုရေတွက်ရေပြာပြာမှာမျောသစ်သားရောင်တွေကိုခံစားနင့်သဘောနဲ့ငါ့မနောထပ်တူကျစမြဲနော်နင့်ကိုလွမ်းလွန်းနဲ့နေ့တွေဆိုရင်ငါ့ဘဝကြီးလည်းအရောင်ရင့်ဒုတ်ခတွေကလည်းထူခပ်နင့်နင့်ရင်ဘတ်ကို တမ်းတခြင်းနဲ့သာ ချွေးသိပ်ရတယ်နင့်မသိတဲ့ငါ့ဖက်ခြမ်းက ခံစားမှုဟာလည်းနင့်အရောင်တွေဟပ်လို့ဘဝကြီးတခြမ်းလုံးစာ နင့်ဘက်ကိုယွန်းလို့မ ဆိုတဲ့စကားကို လျစ်လျုရှုရင်းချစ်တယ်ဆိုတဲ့စကားကို အကြိမ်ကြိမ်ရွတ်ဆိုနဗေထပ်ငါ ကာရန်တွေစပ်နေလိုက်တာဟောဒီကဗျာလေး အဆုံးသတ်တဲ့အထိ ။ ။