ကဗျာ

ချစ်ကပြောတယ်

ချစ်ကပြောတယ်

ချစ်ကပြောတယ် ကြယ်တွေဆီသွားတဲ့လမ်းကို ငါ သိတယ် တဲ့ ဓမြေကမ္ဘာကနေ ငေးမော့နေရုံ ကျောပေးထားတဲ့ကြယ်ကလေးကို လွမ်းဆွတ်နေရုံ ပဲတဲ့ ။ မျှော်ငေးကြည့်ရုံလေးနဲ့ ချစ်ခဲ့ဖူးရုံလေး တောင့်တခဲ့ဖူးရုံလေးပါပဲ ။ ချစ်ကပြောတယ် ငါ့မျက်ရည်တစက်ကျတိုင်း ကြယ်ကလေးကိုချစ်တယ်လို့ ရေရွတ်နေရုံ ရင်ဘတ်အပြည့်ခံစားချက်တွေ၊ လျှံတက်လာတဲ့စကားလုံးတွေကို မျိုချသိမ်းဆည်းနေရုံ ပဲတဲ့ ။ တံစက်မြိတ်ကကျလာတဲ့ မိုးစက်တွေကို တစ်စက်ချင်းရေတွက် ဝေးကွှမှုမှတ်တိုင် ဆယ်ခုနဲ့ ကြယ်ကလေးရယ် ဘ၀တစ်ခုစာအကွာအဝေးဟာ ဝေးလွန်းနေခဲ့တယ်နော်။ ချစ်ကပြောတယ် ကြယ်ကလေးအကြောင်းရေးထားသမျှ only meလိုက်ရုံ ကြယ်ကလေးအပြုံးတွေကို ငါ့ရင်ဘတ်ဘယ်ဘက်ထောင့်ပေါ်မှာ ချိတ်ဆွဲထားရုံ ပဲတဲ့ ။ မိုးရေတွေနဲ့အတူ မိုးစက်တွေနဲ့အတူ စိုရုံလေးသာဆိုပေမယ့် တိမ်ကင်းစင်တိုင်း […]

တစ်နေ့နေ့

တစ်နေ့နေ့

တိမ်တွေရှိတယ် တောင်တန်းတွေရှိတယ် ပင်လယ်တွေရှိတယ် အပြုံးတွေရှိတယ် ကြည်နူးချမ်းမြေ့မှုတွေရှိတယ် ချစ်ခြင်းမေတ္တာတွေရှိတယ် အေးချမ်းမှုတွေရှိတယ် သူရယ် ကိုယ်ရယ် တိမ်ရောင်စုံတွေငေးကြမယ် တောင်တန်းတွေရဲ့ ရင်ငွေ့ကိုလှုံကြမယ် ပင်လယ်တွေရဲ့ အထိအတွေ့ကိုခံယူကြမယ် ချစ်ခြင်းမေတ္တာကိုသီကျူးကြမယ် အေးချမ်းမှုနဲ့ နွေးထွေးကြမယ် ရိုးစင်းစွာနဲ့ ပျော်ရွှင်ကြမယ် ရောင့်ရဲခြင်းနဲ့ ချမ်းမြေ့ကြမယ် သူရယ် ကိုယ်ရယ် အရောင်ပြောင်းတတ်တဲ့ တိမ်တွေအကြောင်းသင်ယူကြမယ် နက်ရှိုင်းကျယ်ပြန့်တဲ့ တောင်တန်းတွေအကြောင်းလေ့လာကြမယ် မာယာများတဲ့ ပင်လယ်တွေအကြောင်း နားလည်အောင်ကြိုးစားကြမယ် သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခင်နွေးထွေးကြမယ် အေးချမ်းတဲ့ စိတ်နဲ့ ခွင့်လွှတ်နားလည်ခြင်းကို မွေးမြူကြမယ် ရိုးစင်းစွာနဲ့ ပျော်ရွှင်တတ်အောင် သင်ယူကြမယ် ရောင့်ရဲခြင်းနဲ့ တင်းတိမ်တတ်အောင် ကျင့်ကြံကြမယ် သူရယ် ကိုယ်ရယ် […]

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၂)

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၂)

မိပျင်းရယ်…ကံဆိုးမလေးပြင်ဆင်ခွင့်မရှိတဲ့ကံကြမ္မာတွေအတွက်ဒဏ်ရာအနာတရတွေကိုငဲ့ကြည့်ကျားသစ်တစ်ကောင်လိုနာနာကျည်းကျည်းငိုကြွေးနေပြီလားလောကကြီးကို ဖက်ပြိုင် ရန်လုပ်နေတုန်းလားမပျော်နိုင်တဲ့ရက်တွေ များတုန်းလားဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်းရှိုက်ရှိုက်ငိုတုန်းပဲလား မိပျင်းရယ်…မေတ္တာငတ်မလေးမယုံကြည်မှုတွေ တိုက်စားရင်းနေ့လား ညလားမသေချာတဲ့ ဘ၀မှာဆန္ဒကိုခေါက်သိမ်း ဘ၀ကို အလိုက်တသိနဲ့ ဖြတ်သန်းတတ်နေပြီလားချစ်ခြင်းမေတ္တာအတွက် တာဝန်ဝတ္တရားတွေအတွက်ခေါင်းကိုငုံ့ မာနတွေခ၀ါချတတ်နေပြီလားဘ၀အနာတွေရင်းလာတိုင်းသေရာပါအောင် မျိုချနေတုန်းပဲလား မိပျင်းရယ်…မြက်ရိုင်းမလေးဖြစ်ချိန်တန်ရင် ဖြစ်လာတတ်တဲ့ ကံတရားအတွက်ကြာချိန်တန်ရင် ကြာတတ်တဲ့ ကံကြမ္မာအတွက်ဖြစ်တတ်တာတွေ မဖြစ်ဖို့ ၊ ကြာတတ်တာတွေ မကြာဖို့ဆုတစ်တောင်းစာ အကွာအဝေးမှာမိုးဒဏ်လေဒဏ်ကြံ့ကြံ့ခံရင်းမြက်ရိုင်းတစ်ပင်လို အလေ့ကျပေါက်တုန်းလားရှင်သန်ပါ လန်းဆန်းပါ လွမ်းပါ နာပါချစ်ခြင်းမေတ္တာကို …. အထူး…ယုံကြည်ပါ ။ photo credit to original owner

ချစ်တယ်

ချစ်တယ်

ပင်လယ်ကိုချစ်တယ် တောင်တန်းတွေကိုချစ်တယ် ကောင်းကင်ပြာပြာကိုချစ်တယ် နှင်းစက်ဖြူတွေကိုချစ်တယ် မိုးဦးကျမြေသင်းနံ့ကိုချစ်တယ် ရွက်ဝါကြွေတွေကိုချစ်တယ် လီလီပန်းတွေပွင့်တဲ့ ဆောင်းမနက်ခင်းတွေကိုချစ်တယ် ရင်ကွဲအောင် အော်တတ်တဲ့ ငှက်ဆိုးကလေးတွေကိုချစ်တယ် ခြောက်သွေ့အေးစက်တဲ့ ပြောင်းခင်းဝါ၀ါကြီးတွေကိုချစ်တယ် နေသာရာလိုက်လှည့်တတ်တဲ့ နေကြာပင်လေးတွေကိုချစ်တယ် အရောင်ပြောင်းတတ်တဲ့သစ်ရွက်ကလေးတွေကိုချစ်တယ် ရေကန်ထဲမျောနေတဲ့ ဘဲအုပ်ကလေးတွေကိုချစ်တယ် အလေ့ကျပေါက်တတ်တဲ့ တောပန်းလေးတွေကိုချစ်တယ် အိပ်မက်တွေထည့်ထားတဲ့ ပုံပြင်စာအုပ်ကိုချစ်တယ် တိမ်တွေပေါ်ပြေးဆော့…သက်တန့်ရောင်စုံအိပ်မက်တွေကိုချစ်တယ် အလုံးစုံပုံအပ်ထားတဲ့ မေတ္တာတရားကိုချစ်တယ် စိတ်နားခိုရာ နယ်မြေကျဉ်းကျဉ်းလေးကိုချစ်တယ် လိုအပ်ချိန်တိုင်း ဖေးမပေးတဲ့ လက်တစ်စုံကိုချစ်တယ်။ photo credit to Amazing Wild Flower  

Version နိမ့်လူသားစက်ရုပ်

Version နိမ့်လူသားစက်ရုပ်

ခိုင်းတာလုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ် တွေးတောဥာဏ် ဖြန့်ကျက်စဉ်းစားမှု နတ္တိ ဘ၀ဟာ instruction အပြည့်ပါတဲ့ manual တစ်အုပ် update မရှိ ၊ upgrade ကင်းမဲ့ နေသားကျနေတဲ့ instruction တွေအောက်မှာ ယိုင်နဲ့တဲ့ infrastructure ထွက်ပေါက်မဲ့နေတဲ့ အိပ်မက်ဆိုးတွေနဲ့ ထိုင်ဆိုထိုင် ထဆိုထ version နိမ့်လူသား စက်ရုပ် ။ photo credit – Business Insider

မိပျင်း(သို့မဟုတ်)ကံဆိုးမလေး(၁)

မိပျင်း(သို့မဟုတ်)ကံဆိုးမလေး(၁)

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၁)   မိပျင်းရယ်…ကံဆိုးမလေး တောင်စဉ်ရေမရအတွေးမျှင်တန်းနောက်မှာ တကောက်ကောက်လိုက်ရင်း ရွက်ကြွေတစ်ရွက်လို လေနှင်ရာ လွင့်နေပြီလား ဂျင်းဘောင်းဘီ အရောင်ရင့်ရင့် တွေကိုနှစ်သက်တုန်းလား ရင်ကွဲပက်လက် ငိုချင်းချတုန်းလား ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်း ရှိုက်ရှိုက်ငိုတုန်းပဲလား   မိပျင်းရယ်…မေတ္တာငတ်မလေး အဆိုးထဲက ကောင်းကွက်ကိုရှာရင်း ရှာမတွေ့တဲ့အခါတိုင်း ဖြစ်ရလေခြင်းဆိုပြီး တနင့်တပိုး ဒဏ်ရာတွေကို အနာဖေးထပ်ခွာပြန်ပြီလား ဝေးနေတာပဲကောင်းပါတယ်လို့ တွေးမိနေပြီလား မလွမ်းဘူးလို့ ဟန်ဆောင်နေတုန်းလား ဘ၀အနာတွေရင်းလာတိုင်း သေရာပါအောင် မျိုချနေတုန်းပဲလား   မိပျင်းရယ်…မြက်ရိုင်းမလေး ရောက်လေရာမှာ လောကဒဏ်တရားကို မျက်စိဒေါက်ထောက်ကြည့်ရင်း မြက်ရိုင်းတစ်ပင်လို အလေ့ကျ ပေါက်တုန်းပဲလား များများခုတ်လေ ပိုသန်လေ […]

ညီမလေးတစ်ယောက်သို့

ညီမလေးတစ်ယောက်သို့

ဖြူစင်မှုဆိုတာ ဝေးကွာလွန်းလာတဲ့အချိန်မှာ တည်ဆောက်ခဲ့သမျှကို နှမြောတယ် ညီမလေးရယ် ဘ၀ဆိုတာ အချိုးအကွေ့တွေများတဲ့မြစ်တဲ့ ဖြစ်သလို စီးဆင်းကြစမြဲဆို ဘ၀ဟာ ဘ၀ဆန်ကောင်းဆန်ပေမယ့် တိုက်စားရင်း လုံးလုံးပါးကုန်ကြမှာပေါ့ ညီမလေးရယ် ခံစားချက်တွေနုစဉ်က နှလုံးသားတွေ ပါးလျလွန်းလို့ ကလောင်တစ်ချက်အတို့မှာ တောင်ပြိုကမ်းပြို လောက်ကျွမ်းခဲ့ကြသေးတာပဲ လောကဒဏ်တရားရဲ့အထိုးအနှက်တွေကြားမှာ ညီမလေးရဲ့ နှလုံးသားဟာလည်း မာကောင်းမာနိုင်လောက်တာပေါ့ အားတင်းထားရင်းနဲ့ ခက်ထန်လာတဲ့ မာနတွေနောက်မှာ ညီမလေးရဲ့မျက်ရည်စက်လက်အိပ်မက်တွေနဲ့အတူ ညတွေဟာ အကျည်းတန်လာတယ် ညီမလေးရယ် ဘ၀ဟာ ဖြူစင်မှုတွေကို ရဲရင့်စွာ မှားယွင်းရင်းနဲ့ မချို မယ့် နောင်တ တချို့အတွက် အခါခါ ပေးဆပ်နေကြရ စမြဲပဲ ။ ညီမလေးရယ် ချစ်ခင်ပါ […]

ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦး

ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦး

ဘဝဟာ ရေစီးကြောင်းလေးတစ်ခုလိုတောင် ဖြောင့်အောင်မစီးတတ်ခဲ့ဘူး တိုက်စားခံလိုက်ရတဲ့ ချောင်းကမ်းပါးလေးလိုပဲ ဘဝအနားသတ်တချို့ဟာ ရေစီးနှင့်အတူ လုံးလုံးပါးသွားခဲ့ ရေကန်ထဲက လည်တံရှည်ငန်းရိုင်းလေးက ပြောတယ် ဘဝဆိုတာ ဒီလိုပါပဲတဲ့ ပျံနိုင်တဲ့အထိ ပျံကြရဦးမှာပေါ့တဲ့ ဆော်လမွန်ငါးရဲ့အိမ်ပြန်ခရီးလောက် ဘယ်ကြမ်းတမ်းမလဲတဲ့ ဌာနီဆိုတာ ဘယ်လောက်ဝေးဝေး မမေ့ကောင်းတဲ့ တစ်နေ့မှာ ဖြစ်အောင်ပြန်မယ်တဲ့ နွေဦးဟာ သာယာတယ် နှင်းကို လွမ်းတိုင်း မျက်ရည်စို့တာ ဘယ်သူသိမလဲ နွေဦးဟာ ခြောက်သွေ့တယ် မိုးကို လွမ်းတိုင်း ကြိတ်ငိုတတ်တာ ဘယ်သူသိမလဲ မရှိတဲ့အရာကို တမ်းတနေသရွှေ့တော့ ဘဝက ဘယ်အဆင်ပြေမလဲတဲ့ ငန်းရိုင်းလေးက ရင်ကွဲပက်လက်ပြောတယ် တကယ်တော့ ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦးဟာလည်း နည်းနည်းတော့ပူပြင်း ခြောက်သွေ့နေမယ်ထင်တယ် […]

ကဗျာဟာ

ကဗျာဟာ

ကဗျာဟာ ချိုတယ် ကဗျာဟာ ခါးတယ် ကဗျာဟာ ရယ်တယ် ကဗျာဟာ ငိုတယ် ကဗျာဟာ မဲ့တယ် ကဗျာဟာ ပြောင်တယ် ကဗျာဟာ မိုက်ရိုင်းတယ် ကဗျာဟာ ယဉ်ကျေးတယ် ကဗျာဟာ ခင်းကျင်းတယ် ကဗျာဟာ သိုဝှက်တယ် ကဗျာဟာ ကဗျာပဲမဟုတ်လား တကယ်တော့ ကဗျာဟာ ကဗျာပီပီ ကဗျာဆန်တယ်လေ ။ Art by Me created with Blender

ပျော်ပါစေ ချယ်

ပျော်ပါစေ ချယ်

ချယ်ဟာ ပန်းတစ်ပွင့်ဆိုရင်တောင် တစ်လောကလုံးကိုဖူးပွင့်ဝေစေမယ့်ပန်းလေး မိုးတစ်စက်ဆိုရင်တောင် ထိသူ့ရင်ကိုအေးစေမယ့်မိုးစက်လေး ကဗျာတစ်ပုဒ်ဆိုရင်တောင် နဘေထပ်တဲ့ကဗျာလေး ချယ့်ဘက်အခြမ်းက အပြုံးတစ်ခုဟာ ခပ်ဝေးဝေးကဆိုပေမယ့် ကိုယ့်သူငယ်ချင်းရဲ့သက်ဆိုင်သူထက်ပိုပါတယ် ချယ့်ရင်ဘတ်ဟာ ခံစားချက်၊ ကဗျာ ၊ စာ ၊ ဂီတ တွေနဲ့ဖွဲ့စည်းနေတဲ့ဆုံမှတ်လေး ကိုယ့်ရင်ဘတ်နဲ့နီးနီးစပ်စပ်တည်ရှိတယ်ဆိုရင် ပိုနေမလားပဲ ကလန်မန်တီရှိုင်း က ခုံတန်းလေး အင်းလေးက ကြေးအိုးတစ်ပွဲ မရောက်ဖြစ်တဲ့မင်္ဂလာဆောင် မပို့ဖြစ်ခဲ့တဲ့လက်ဖွဲ့ မပြောဖြစ်ခဲ့တဲ့ စကားများစွာအတွက် ခွင့်လွှတ်ပါချယ် ။ ကိုယ့်ရဲ့ တယူသန် အတ္တတွေကြားမှာ ကိုယ့်ရဲ့ ရှင်းမရတဲ့ပြသနာတချို့နဲ့ ကိုယ့်ဖက်ကပျက်ကွက်မှုတွေအတွက် တောင်းပန်ချင်တာ ။ ပျော်ပါစေ ချယ် အသက်ရှင်သမျှအချိန်တွေတိုင်း အေးမြခြင်းရဲ့အနီးဆုံး ပူလောင်ခြင်းရဲ့အဝေးဆုံးမှာ […]