အသစ်ကပြန်စ

အားလုံးပဲမင်္ဂလာပါနော်…။ လွန်ခဲ့သော ၂၀၀၉ ခုနှစ်ကနေ ရေးခဲ့ဖူးတဲ့စာတိုပေစတွေကြောင့် ကျမဘလော့လေးမှာ ပုံမှန်စာဖတ်သူတွေနဲ့ခင်မင်ရင်းနှီးတဲ့ဘလော့ဂါတွေအများကြီးရှိခဲ့ပါတယ်။
အားလုံးက ကျမရေးခဲ့ဖူးတာလေးတွေကို အမှတ်ရကြမှာဖြစ်သလို ကျမလည်းကျမရေးခဲ့ဖူးတဲ့စာတိုပေစတွေကို သံယောဇဉ်ဖြစ်ရပါတယ်။ ဒါပေမယ့် အခြေအနေတစ်ခုကြောင့် ကျမ ဘလော့မှာရေးခဲ့ဖူးသမျှကို ပြန်ဖျက်လိုက်ပြီး ကျမအသစ်ကနေပြန်စပါ့မယ်။ ကျမကိုပြန်စခွင့်ပြုကြပါ ။ ရေးခဲ့ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ပြန်တင်ပါ့မယ်။ ဘလော့ကိုဖျက်လိုက်တော့ စာတိုပေစလေးတွေကိုအရမ်းနှမြောမိသလို..အနှမြောဆုံးကတော့ ကျမရဲ့ blogger friend list လေးပါ ။ အဲဒီထဲမှာ ချစ်ခင်လေးစားရတဲ့သူတွေ ၊ သူငယ်ချင်းတွေ ၊ မဖြစ်မနေအမြဲသွားဖတ်တဲ့လူတွေ ၊ ကိုယ်နှစ်သစ်တဲ့လူတွေ အများကြီးထည့်ထားတဲ့နေရာလေးတစ်ခုပါ ။ ခုတော့ ကျမအစအဆုံးပြန်ရှာရပါတော့မယ် ။ တချိန်က ကျမရေးခဲ့ဖူးတဲ့စာတွေမှာဒေါသသံတွေ ၊ ကလေးဆန်တာတွေပါခဲ့ဖူးပေမယ့် နောင်ကျမရေးမယ့်ပိုစ့်တွေမှာ အတတ်နိုင်ဆုံးဒေါသနည်းအောင်ထားပြီး ဘယ်အခြေအနေမျိုးအတွက်မဆို သမာသမတ်ကျကျနဲ့ ရသဆန်ဆန်အတတ်နိုင်ဆုံးကြိုးစားရေးဖို့စဉ်းစားထားပါတယ် ။  မငယ်တော့ဘူးလေ…နော့ လာမယ့် မေလမှ ကျမ ၂၅ နှစ်ပြည့်ပါတော့မယ်.. ။ရင့်ကျက်ဖို့အများကြီးလိုသေးပေမယ့် အရင်ကထက်သိသိသာသာရင့်ကျက်လာခဲ့ပါပြီ ။ ဘာပဲပြောပြော ကျမဘလော့လေးကို အရင်လိုသံယောဇဉ်ထားပြီး အားပေးကြပါဦးနော် ။ facebook မှာလည်း page လေးတစ်ခုလုပ်ထားပါသေးတယ် ။ ဇော်ဂျီလက်ကွက် နဲ့ ဆုမြတ်မိုး ဆိုပြီးရှာကြည့်လိုက်ရင်တွေ့နိုင်ပါတယ် ။   www.facebook.com/hsumyatmoe88 ဆိုပြီးတော့လည်းရှာနိုင်ပါတယ် ။ ကျမက နာမည်ကြီးဘလော့ဂါမဟုတ်ပေမယ့် ကျမရေးထားတာလေးတွေအတွက်အမှတ်တရဖြစ်အောင်ရည်ရွယ်ပြီး page ဖွင့်လိုက်ရခြင်းပါ ။ နောင်လာမယ့်ပိုစ့်တွေတိုင်းအတွက် effort တွေအများကြီးထည့်ရင်း ကျမတတ်နိုင်ဆုံးကြိုးစားရေးသွားပါ့မယ် ။ အသစ်ကပြန်စခွင့်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်နော်။
ဘလော့ပျောက်သွားလို့လိုက်ရှာတဲ့သူငယ်ချင်းမြတ်ကြည်နဲ့အတူ ဆိုဒ်ဒေါင်းနေတဲ့ပိုစ့်ကိုလာဖတ်သွားပေးတဲ့ ၃၆၅ ယောက်သောပိတ်သတ်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နော် ။



Leave a Reply

Your email address will not be published.