ဘလော့မှသည်

၂၀၀၈ . ၂၀၀၉ လောက်မှာ co.cc, forum တွေကနေ တစ်ဆင့် blogspot ဆိုတဲ့ blogger တွေစုစည်းတဲ့ရပ်ဝန်းလေးတစ်ခုကိုမထင်မှတ်ဘဲရောက်လာခဲ့ပါတယ် ။ ဟိုသင်ဒီသင် ၊ ဘာမှနားမလည်တဲ့အဆင့်ကနေ blogspot ဆိုတာဘာလဲလို့သိလာတဲ့အချိန်ကနေစပြီး ဒီရပ်ဝန်းလေးကိုသံယောဇဉ်ဖြစ်တာ ကိုယ့်ကိုကိုယ် blogger အမည်ခံပြီး ဟိုဟိုဒီဒီမကူးတော့ပဲ ဒီရပ်ဝန်းလေးထဲမှာနေလာခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။ ဒီနှစ်ထဲ အလုပ်သစ်မှာ wordpress နဲ့ပက်သက်တာတွေလုပ်နေရတော့ wordpress ရဲ့အားသာချက် ၊ အားနည်းချက်တွေကိုမြင်လာပြီး သံယောဇဉ်ရှိတဲ့ blogspot ကိုစွန့်ပြီး သံယောဇဉ်အသစ်မွေးဖွားဖို့ wordpress ကိုပြောင်းမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ် ။ wordpress ကိုအရင်ကသုံးဖူးခဲ့ပေမယ့် သေသေချာချာမသုံးဖြစ်တာရယ်ကြောင့် မနှစ်သက်ခဲ့ပါဘူး ။ ဒါပေမယ့် တကယ်တမ်းကိုယ့်နေ့စဉ်အလုပ်က wordpress ဖြစ်လာတဲ့အချိန်မှာ wordpress ဟာ ဘယ်လောက်သုံးရလွယ်မှန်း ၊ ဘယ်လောက်သုံးလို့ကောင်းမှန်းသိလာပါတယ်။

blogspot နဲ့ wordpress နဲ့ ကွာခြားချက်တွေကအများကြီးပါပဲ ။ blogspot မှာလုပ်လို့မရတဲ့အရာမှန်သမျှတော်တော်များများကို wordpress မှာလုပ်ခွင့်ရှိပါတယ်။
blogspot ကျတော့ လုပ်ပိုင်ခွင့်နည်းပြီး wordpress က theme,design ကိုယ်ကြိုက်တာကို ကြိုက်သလို ပြုပြင်လို့ရပါတယ်။ plugin တွေမြောက်မြားစွာလည်းရှိတာမို့ သုံးရတာအရမ်းကောင်းပါတယ်။ ftp လည်းသုံးလို့ရတာမို့ ကိုယ်ကြိုက်တဲ့ပုံတွေ ၊ ကိုယ်သိမ်းထားချင်တာတွေ ၊ ကိုယ့် blog အတွက် တင်ချင်တာလေးတွေကို third party (uploading website) တွေသုံးစရာမလိုဘဲ ကိုယ့် ဆိုဒ်ထဲမှာသိမ်းထားလို့ရပါတယ် ။ သူများပုံဖျက်လိုက်လို့ လင့်ပျောက်သွားတာ ၊ ပုံပျက်တာတွေမရှိတော့ဘူးပေါ့ ။ သူများ report လုပ်ခံရလို့ blog ပျက်သွားတယ်ဆိုတာမျိုးမရှိပါဘူး ။ အစပိုင်းတော့နည်းနည်းရှုပ်ပေမယ့် တကယ်တမ်းသိသွားတဲ့အချိန်ကျရင် အရမ်းသုံးရလွယ်တာမို့ wordpress ကိုပြောင်းလိုက်တာပါ။ wordpress မှာနှစ်မျိုးရှိပြန်ပါတယ် ။ ဥပမာ
hsumyatmoe.wordpress.com နဲ့ hsumyatmoe.com
တကယ်တော့ နှစ်ခုလုံးက wordpress နဲ့ရေးထားတာဆိုပေမယ့် ကွာခြားချက်က .wordpress.com နဲ့ .com ပါ ။ .wordpress က အလကားရတာဖြစ်ပေမယ့် .com ကတော့ hosting ၀ယ်ပြီးလုပ်ထားတာပါ။ .wordpress က အလကားပေးတာမို့ css ပေးမပြင်ပါဘူး ။ ကြော်ငြာတွေအော်တိုထည့်ပါတယ်။ .com ကတော့ ကိုယ့်အပိုင်ဆိုတော့ကြိုက်သလိုပြုပြင်လို့ရပါတယ် ။ တစ်နှစ်စာ ငွေကြေးပမာဏ အနည်းငယ်နဲ့ ကိုယ်ကြိုက်သလို ပြင်ခွင့်ရှိတဲ့ wordpress ကိုပဲပိုသဘောကျတာမို့ blogspot မှသည် self hosted wordpress ကိုပြောင်းလိုက်တာဖြစ်ပါတယ်။ page redirect လုပ်ထားပေမယ့် hsumyatmoe88.blogspot.com ကနေ hsumyatmoe.com ကိုပြောင်းလိုက်တော့ feed က အလုပ်မလုပ်တော့လို့ ပိုစ့်အသစ်တွေလည်း တက်လာတော့မှာမဟုတ်ပါဘူး ။ ဒါကြောင့် လင့်ခ်လေး ပြောင်းချိတ်ပေးဖို့ request လုပ်ရင်း ၊ လိပ်စာအသစ်လေးကနေ
အားလုံးပျော်ပျော်ပါးပါး မော်တော်ကားလေးစီးပြီး နှုတ်ဆက်ပါတယ်ရှင့် ။

ချစ်ခင်လျက်
ဆုမြတ်



4 thoughts on “ဘလော့မှသည်”

  • ဟုတ်တယ် wordpress က သုံးရတာ တော်တော်လေး လွယ်တယ်
    အဲဒါကြောင့် CMS ထဲမှာဆိုရင် wordpress က အလွယ်ဆုံးပဲ
    ကျွန်မရဲ့ အလုပ်မှာလည်း ဆိုဒ်တွေကို wordpress နဲ့ ရေးနေတာဆိုတော့ သဘောကျတယ်
    ဆုမြတ်ဆီကို လာလည်သွားပါတယ်နော် 🙂

  • မြတ်ကြည်က တို့ ဘာတို့နဲ့ ပတ်သက်လို့ နကန်း တလုံးမှ မသိဘူးရယ်။ လေး စိတ်ကူးထားသလို ပြောင်းချင်တာ၊ မလုပ်တတ်လို့ ဒီတိုင်းထားတာ တော်တော်ကြာပြီ။

  • @ashley myat, ဟုတ်ပါတယ် ညီမရယ်…။ wordpress ကိုသုံးရတာအရမ်းကြိုက်တာပဲ .။ လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်…။

    @myat kyi
    မြတ်ကြည် တစ်ခုခုပြောင်းချင်တာရှိရင်ပြောလေ ဆုမြတ်ကြည့်ပေးမယ် ။
    အွန်လိုင်းမှာဆေးကုပေးတဲ့ ကျေးဇူးပဲနော် မြတ်ကြည်…<3

Leave a Reply

Your email address will not be published.