Month: October 2019

အချစ်ရယ်

အချစ်ရယ်

အချစ်ရယ် မင်းရဲ့မျက်နှာကိုတစ်နေ့တွေ့ရကောင်းနိုးနဲ့ အိပ်မက်တွေမက်လာတာ တင်မင်းထက်ကဗျာထဲကလို နီးခြင်းနဲ့ဝေးပြီး ဝေးခြင်းနဲ့နီးရပါလို၏လို့ဆိုတောင်းရတာလဲအခါခါ အချစ်ရယ် မင်းသီချင်းသံလေးနဲ့ အသက်ဆက် ၊ မင်းနှင်းမှုန်တွေနဲ့ အိပ်မက်ရတာ မင်းရင်ခွင်ထဲရောက်မလားလို့ မျှော်မှန်းတမ်းတရတာ အချစ်ရယ် မင်းကမ္ဘာထဲမှာ နေသာလား မိုးရွာလားကိုယ်မသိပေမယ့် မင်းအငွေ့အသက်တွေကို ထိတွေ့ချင်လွန်းလို့ အချစ်ရယ် သစ်ရွက်တွေအရောင်ပြောင်းတိုင်း မင်းကိုသတိရတယ် အချစ်နဲ့နီးတဲ့သူတွေကို မြင်တိုင်း မင်းကိုသတိရတယ် ပျော်ရွှင်နေကြတဲ့သူတွေကို မြင်တိုင်း မင်းကိုသတိရတယ် အချစ်ရယ် အဆင်သင့်ဖြစ်ရဲ့လားဆိုတိုင်း နှလုံးသားဟာ မင်းကမ္ဘာထဲမှာနေသားတကျပါလို့ ခပ်တိုးတိုးလေးဝန်ခံလိုက်မိတယ် အချစ်ရယ် ဝေးကွာခြင်းကိုဘယ်အထိသိမ်းဆည်းထားရမလဲ အချစ်ရယ် မနီးစပ်ခြင်းကိုဘယ်အထိရင်ဝယ်ပိုက်ထားရမလဲ အချစ်ရယ် နောက်ထပ်တစ်ကြိမ်ဆုတောင်းပါတယ် တင်မင်းထက်ကဗျာထဲကလိုပဲ နီးခြင်းနဲ့ဝေးပြီး ဝေးခြင်းနဲ့နီးရပါစေ ။ Unicode […]