Month: December 2017

ဒီဇင်ဘာအကြောင်း

ဒီဇင်ဘာအကြောင်း

“ကိုယ်နေတဲ့အခန်းရဲ့ ဟိုမနီးမဝေးအပြင်ဖက်ဆီမှာ နှင်းတွေတဖွေးဖွေးကျနေဆဲ ဒီဇင်ဘာရဲ့ လွန်ကဲတဲ့ အအေးဒဏ်ကို အသဲကွဲသူတစ်ယောက် တွန်းလှန်ဖို့ကြိုးစားရင် အခန်းငယ်အတွင်းမှာ” ကိုယ့်ရဲ့ ပြီးခဲ့သောဒီဇင်ဘာက သီချင်းတွေထဲက ရင်ခုန်လွမ်းဆွတ်စရာမကောင်း ။Dissertation ကို ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့မှာ အပြီးလုပ်မယ်လို့ သတ်မှတ်ထားတာမို့ အသည်းအသန်ခဲမှန် စာရေးနေရတဲ့အချိန်တွေပေါ့။ ကျောင်းသားဘ၀ရဲ့လွတ်လပ်ခြင်းဆိုတာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ဘွဲ့လွန်ကျောင်းသားတွေအတွက် မပါဘူးလို့ ကိုယ်ကတော့ သတ်မှတ်ချင်ပါတယ် ။ မိဘလုပ်စာစားပြီး ကျောင်းတက်ရတာ ပျော်စရာအကောင်းဆုံးပဲ ။ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ဘ၀က ထင်သလောက်ပျော်စရာမကောင်းပါဘူး။ ညအလုပ်က ဆင်းတာနဲ့ ကျောင်းကိုပြေး..စာမေးပွဲအတွင်းခွင့်လိုချင်ရင် မန်နေဂျာကိုမျက်နှာချိုသွေးရ…တခါတခါများ ကိုယ့်ပိုက်ဆံကိုယ်ကျောင်းတက်ရတာ အပြစ်ကြီးတစ်ခုလိုဖြစ်လို့ ။ […]