Month: October 2017

ချစ်တယ်

ချစ်တယ်

ပင်လယ်ကိုချစ်တယ် တောင်တန်းတွေကိုချစ်တယ် ကောင်းကင်ပြာပြာကိုချစ်တယ် နှင်းစက်ဖြူတွေကိုချစ်တယ် မိုးဦးကျမြေသင်းနံ့ကိုချစ်တယ် ရွက်ဝါကြွေတွေကိုချစ်တယ် လီလီပန်းတွေပွင့်တဲ့ ဆောင်းမနက်ခင်းတွေကိုချစ်တယ် ရင်ကွဲအောင် အော်တတ်တဲ့ ငှက်ဆိုးကလေးတွေကိုချစ်တယ် ခြောက်သွေ့အေးစက်တဲ့ ပြောင်းခင်းဝါ၀ါကြီးတွေကိုချစ်တယ် နေသာရာလိုက်လှည့်တတ်တဲ့ နေကြာပင်လေးတွေကိုချစ်တယ် အရောင်ပြောင်းတတ်တဲ့သစ်ရွက်ကလေးတွေကိုချစ်တယ် ရေကန်ထဲမျောနေတဲ့ ဘဲအုပ်ကလေးတွေကိုချစ်တယ် အလေ့ကျပေါက်တတ်တဲ့ တောပန်းလေးတွေကိုချစ်တယ် အိပ်မက်တွေထည့်ထားတဲ့ ပုံပြင်စာအုပ်ကိုချစ်တယ် တိမ်တွေပေါ်ပြေးဆော့…သက်တန့်ရောင်စုံအိပ်မက်တွေကိုချစ်တယ် အလုံးစုံပုံအပ်ထားတဲ့ မေတ္တာတရားကိုချစ်တယ် စိတ်နားခိုရာ နယ်မြေကျဉ်းကျဉ်းလေးကိုချစ်တယ် လိုအပ်ချိန်တိုင်း ဖေးမပေးတဲ့ လက်တစ်စုံကိုချစ်တယ်။ photo credit to Amazing Wild Flower  

ဒေါသထုတ်အကြီးကြီး

ဒေါသထုတ်အကြီးကြီး

ဒီရက်ပိုင်း ကိုယ်လုပ်ဖြစ်တဲ့အလုပ်က သည်းခံခြင်းပဲ.. ဟုတ်တယ် အစစအရာရာကိုသည်းခံနိုင်အောင်ပဲ ကြိုးစားဖြစ်တယ် ။ ကြာသပတေးသမီးကိုယ်ဟာ…. နေ့နံနဲ့မလိုက်အောင် တအားဒေါသကြီးတယ် ဒေါသထွက်လာရင် အသားတွေ တဆတ်ဆတ်တုန်အောင်ထိဖြစ်တာ ။ စိတ်ကိုထိန်းချုပ်ပြီး သည်းခံနိုင်အောင် မနည်းကြိုးစားနေရတယ် ။အကြောင်းအရာအစုံအလင်ကို မပြောချင်တော့ဘူး ။ ပြသနာတစ်ခုဖြစ်ရင် နှစ်ဦးနှစ်ဖက်အမှားကိုယ်စီရှိတာမို့ ကိုယ်မှန်တယ်လို့လဲမဆိုလိုဘူး…။ သူများမှားတယ်ဆိုပြီးလည်းလက်ညှိုးမထိုးချင်တော့ဘူး။ အတိုချုပ်ပြောရရင် ၂၀၁ရ ဖေဖော်ဝါရီမှာ ကိုယ်ရွေးချယ်မှုတစ်ခုမှားခဲ့တယ် ။ မနေသင့်တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ တစ်အိမ်တည်းနေမိတာ ကိုယ့်အမှား ။ ထိုရွေးချယ်မှုနောက်ဆက်တွဲအဖြစ် ဒီလို ဒေါသထွက်တာမျိုးကို နေ့တဓူဝကြုံနေရသလို သူငယ်ချင်းတွေကြားမှာလည်း မိတ်ပျက်တာပဲအဖတ်တင်ခဲ့ပါတယ် ။ ကိုယ်သည်းခံတယ်ဆိုတာလည်း သည်းခံတတ်လို့ သည်းခံနိုင်လို့မဟုတ်ဘူး […]