Month: August 2017

ဘ၀စာစီစာကုံး

ဘ၀စာစီစာကုံး

Trans Siberian ခရီးစဉ်အကြောင်းကို ရှေ့ဆက်မရေးနိုင်ဘဲ ဆားချက်ပိုစ့်တွေရေးနေတာ နှစ်ပုဒ် သုံးပုဒ်ဖြစ်နေပြီ ။ ခုလည်းထပ်ပြီးဆားချက်မလို့…။ ဒီရက်ပိုင်းမှာ facebook ကနေ break ယူပြီးတော့ ကိုယ်ဝါသနာပါတာလေးတွေကိုပဲလုပ်ဖြစ်နေတယ် ။ အဓိက လုပ်ဖြစ်တာတော့ podcast တွေနားထောင်တယ် ။ သီချင်းနားထောင်တယ် ၊ photography ကိုဓာတ်ကျနေလို့ ဓာတ်ပုံနဲ့ ပက်သက်တဲ့ video တွေကြည့်တယ် .. edit လုပ်တယ် ။ facebook နဲ့ ဝေးနေရတာခပ်ကောင်းကောင်းပဲ အထူးသဖြင့် ကိုယ့်လို stress management မလုပ်နိုင်တဲ့သူတွေအတွက်ပေါ့ ။ သွေးသံရဲရဲပုံတွေ၊ ဒဏ်ရာရနေတဲ့ပုံတွေ ၊ body ပုံတွေ ရှဲကြတာမြင်ရင် […]

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

စာရေးခြင်းထဲမှာ ကိုယ်မကြိုက်ဆုံးကတော့ ခရီးသွားပိုစ့်ရေးရတာပဲ ။ အရမ်းအလုပ်ရှုပ်အချက်အလက်တွေမမှားရအောင် သတိထားရပါတယ် ။ ဒါပေမယ့် ဒီ Trans Siberian ခရီးစဉ်ကိုတော့ အချိန်ဘယ်လောက်ပဲကြာကြာ ပြီးအောင် ရေးဖို့စဉ်းစားထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒီခရီးအကြောင်းကို တချိန်ချိန်မှာ ကိုယ်ပြန်ဖတ်ချင်လို့ရှိရင် ဖတ်လို့ရအောင် ရေးတာပါ ။သူများတွေအကျိုးရှိအောင် ဘာညာနဲ့လျှောက်မရွှီးချင်ဘူး ။ ကိုယ့်ဘ၀ဖြစ်စဉ်တွေထဲက အမှတ်တရတစ်ခုအနေနဲ့ပဲရေးထားတာပါ ။ ဒီတော့လည်း ပိုစ့်တွေဟာသူများခရီးသွားမှတ်တမ်းတွေနဲ့ တူချင်မှတူပါလိမ့်မယ် ။ ဒါပြီးလို့ နောင်ခရီးတွေသွားရင်လည်း ထပ်တင်ချင်မှ တင်မှာပါ ။ ဘာလို့ဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ခရီးသွားပိုစ့်ရေးရတာ ၀ါသနာမပါပါဘူး ။ ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့ မှတ်တိုင်လေးတွေရှိတယ် ။ […]

Trans Siberian ခရီးစဉ်-၆

Trans Siberian ခရီးစဉ်-၆

မနက်အိပ်ရာကနိုးတာနဲ့ ပစ္စည်းတွေသိမ်းပြီး မနက်စာထွက်စားကြပါတယ် ။ မနက်စာကတော့ ထုံးစံအတိုင်း ပေါင်မုန့် ၊ ကော်ဖီ ၊ ရေနွေးကြမ်းပါပဲ ။ ဒီနေ့ အစီစဉ်ကတော့ တစ်နေကုန် ကားမောင်းပြီး Hustai National Park မှာ မြင်းရိုင်းတွေကြည့်မယ် ။ ပြီးရင် အူလန်ဘာထောကိုပြန်ကြမယ် တစ်နေကုန်နီးပါး ကားပေါ်မှာပဲအချိန်ကုန်ကြမှာပါ ။ မနက်ကိုးနာရီလောက်မှာ tourist camp ကနေထွက်လာကြပြီးတော့ နေ့လည် ၁၂ နာရီကျော်လောက်အထိကို ကားလမ်းပေါ်မှာပါပဲ ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း မြက်ခင်းလွင်ပြင်တွေရယ် ခေါင်းမဖော်တမ်းစားနေကြတဲ့ မြင်းတွေရယ်ပဲရှိပါတယ်။ နေ့စဉ်နဲ့အမျှ ထိုမြင်ကွင်းတွေမြင်လာတော့ ပျင်းလာကြတာ အိပ်တောင်ငိုက်ပါတယ် ။ ခဏနေတော့ အလာတုန်းကသွားခဲ့တဲ့ Elsen Tasarkhai  semi sand dune မှာခဏနားပါတယ်။ သူငယ်ချင်းတွေကတော့ […]

၂၉ မှတ်စု

၂၉ မှတ်စု

ဘ၀ဟာ တချို့လူတွေအတွက် လွယ်ကောင်းလွယ်နိုင်ပေမယ့် ကိုယ့်အတွက်တော့ မလွယ်ကူခဲ့ပါဘူး ။ အသက် ၂၉ မှာ စိုက်ထူခဲ့တဲ့ မှတ်တိုင်သေးသေးလေးတစ်ခုအတွက် ကိုယ်ရင်းနှီးခဲ့ရတာတွေအများကြီးပဲ။ အချိန်ရယ် ၊ ငွေရယ် ၊ ခေါင်းပေါ်က ဆံပင်ဖြူတွေရယ် ၊ ပြန်မရနိုင်တဲ့ နုပျိုခြင်းတွေရယ်ပေါ့။ ၂၀၁၄ သြဂုတ်လ ကျောင်းစတက်တဲ့အချိန်ကနေစလို့ ၂၀၁၆ ဒီဇင်ဘာ dissertation submit လုပ်ပြီးတဲ့အချိန်ထိ ကိုယ့်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပဲ ။ ကိုယ့်ဘေးမှာ ယိုင်လဲမသွားအောင် ထိန်းမတ်ပေးမယ့် သူ သာမရှိရင် ကိုယ်မတွေးရဲဘူး ။ အေးအတူပူအမျှ နွေးထွေးမှုပေးတဲ့ ချစ်သူကိုလည်း ကျေးဇူးတင်မဆုံးဘူး ။ ပါရမီဖြည့်ပေးကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်လှပါတယ် ။ ဘာပဲပြောပြော ဘွဲ့တစ်ခုတော့ ရခဲ့ပြီ […]

Trans Siberian ခရီးစဉ်-၅

Trans Siberian ခရီးစဉ်-၅

Terkhiin Tsagaan Nuur လို့ခေါ်တဲ့ white lake ဟာ Khorgo – Terkhiin Tsagaan Nuur Natural Park ထဲမှာတည်ရှိပါတယ် ။ တကယ်တော့ ထို natural park ထဲမှာ white lake တင်မကပါဘူး တခြား Khorgo လို့အမည်ရတဲ့ မီးတောင်ရှင် တစ်ခုလည်းရှိပါသေးတယ် ။ မိုင်ပေါင်း ကိုးရာကျော်ရှည်ပြီး ၂၀၀-၆၀၀ ကျော် မိုင်ထိကျယ်တဲ့ White lake ဟာ ထိုမီးတောင်ရှင်ပေါက်ကွဲခြင်းမှ တဆင့် ဖြစ်ပေါ်လာခဲ့တာပါ ။ ဒီနေ့အစီစဉ်ကတော့ White lake ကို အစောကြီးထသွားကြမယ် […]