Month: July 2017

Trans Siberian ခရီးစဉ်-၎

Trans Siberian ခရီးစဉ်-၎

ညက တဖြေးဖြေးနက်လာပေမယ့် အိပ်ရာအပြောင်းအလဲမို့လို့ တော်ရုံနဲ့ အိပ်မပျော်ဘူး ။  Ger ထဲမှာ မီးဖိုကိုနွေးနေအောင်ဖိုထားတဲ့အရှိန်ကြောင့်ရယ်.Baatar ပေးတဲ့ sleeping bag အရှိန်ကြောင့်ရယ် အိုက်စပ်စပ်ဖြစ်နေလို့ sleeping bag ရဲ့ ဇစ်ကိုတောင်ဖြုတ်အိပ်ရပါတယ် ။ မှေးခနဲ အိပ်ပျော်လိုက် ပြန်နိုးလိုက်နဲ့ ဖြစ်နေတုန်းမှာ သိုးထိန်းခွေးလေးတွေရဲ့ ဟောင်သံတွေ ခပ်စိပ်စိပ်ကြားရပြီး ger နားကို လူကပ်တဲ့အသံတွေကြားရပါတော့တယ် ။ ညကလည်းနက်နေပြီ နေရာကလည်း လူသူလေးပါးမရှိတဲ့ အရပ်မှာမို့ စိတ်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ် ။ ဒါပေမယ့် အနီးအနားက Ger တွေ မှာ အဖိုးတွေအဖွားတွေနဲ့အတူတူ ဂိုက်မလေး ၊ ကားဒရိုင်ဘာ အန်ကယ် ၊ tourist နှစ်ယောက် ၊ တိုးပိုင်ရှင် Baatar […]