Mongolia ကိုသွားမလည်ခင်သိသင့်တဲ့ အချက်(၂၀)
ခုရက်ပိုင်း မအားလို့ Trans Siberian အပိုင်း ၄ ကို မဆက်နိုင်သေးခင် မွန်ဂိုလီးယားကို မသွားခင် သိသင့်တဲ့ အချက်နှစ်ဆယ်ကို ချ ရေးလိုက်ပါတယ်။ မွန်ဂိုလီးယားက လုံခြုံတဲ့ တိုင်းပြည်တစ်ခုပါ ။ မြို့ပေါ်မှာဆိုရင် ခါးပိုက်နှိုက်တွေရှိနိုင်ပေမယ့် တောဘက်က လူတွေက ရိုးသားကြတယ် ။ မိန်းကလေးတွေသီးသန့်သွားလည်း လုံခြုံပါတယ် ။ မွန်ဂို ကို tour နဲ့ သွားမှ အဆင်ပြေမှာပါ ။ tour ဈေးနှုန်းတွေက လူများလေ ဈေးသက်သာလေပါပဲ ။ အစားအသောက်အတွက် အသီးအရွက်ရှားပေမယ့် tour နဲ့သွားရင် tour က အဆင်ပြေအောင် စီစဉ်ပေးပါတယ် […]