Month: December 2014

2014 Review

2014 Review

စာမရေးတာကြာလို့ blog ပေါ်ကိုပြန်ရောက်အောင် တခုတ်တရ tag လုပ်ပေးတဲ့ ချစ်သူငယ်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော် ။ ၂၀၁၄ အတွက် review လုပ်ရရင် ထူးထွေဆန်းပြားတာရယ် ဘာမှမရှိပေမယ့် ရှိတဲ့အထဲက စဉ်းစားမိတာလေးတွေကိုချရေးကြည့်ရင် ၂၀၁၄ နှစ်ဆန်းပိုင်း အိမ်ပြန်မယ်လို့ရည်ရွယ်ပေမယ့် အိမ်မပြန်ဖြစ်တဲ့နှစ်တစ်နှစ်ပေါ့ ။ လက်မှတ်တွေဝယ်ထားပေမယ့် အဆင်မပြေတာလေးတွေကြောင့် အိမ်မပြန်ဖြစ် ၊ အဖေ ၊ အမေအတွက် လက်ဆောင်တွေဝယ်ထားပေမယ့် မထည့်ပေးရသေးဘဲ အိမ်မှာခုထိသောင်တင်နေတုန်း ။ အလုပ်ပြောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အလုပ်သစ်ကိုစိတ်ရှည်လက်ရှည်ရှာဖြစ်တဲ့အချိန်ပါပဲ ။ စိတ်ဖိစီးမှုတွေ တပုံတခေါင်းကြီးရှိခဲ့ပေမယ့် အားလုံးကိုအဆင်ပြေပြေ ချောချောမောမောဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၄ နှစ်လယ်ပိုင်း အသစ်အဆန်းတွေကြားထဲမှာ နေသားကျအောင်ကြိုးစားရတဲ့အချိန်ပေါ့ […]