Month: September 2014

ဘလော့မှသည်

ဘလော့မှသည်

၂၀၀၈ . ၂၀၀၉ လောက်မှာ co.cc, forum တွေကနေ တစ်ဆင့် blogspot ဆိုတဲ့ blogger တွေစုစည်းတဲ့ရပ်ဝန်းလေးတစ်ခုကိုမထင်မှတ်ဘဲရောက်လာခဲ့ပါတယ် ။ ဟိုသင်ဒီသင် ၊ ဘာမှနားမလည်တဲ့အဆင့်ကနေ blogspot ဆိုတာဘာလဲလို့သိလာတဲ့အချိန်ကနေစပြီး ဒီရပ်ဝန်းလေးကိုသံယောဇဉ်ဖြစ်တာ ကိုယ့်ကိုကိုယ် blogger အမည်ခံပြီး ဟိုဟိုဒီဒီမကူးတော့ပဲ ဒီရပ်ဝန်းလေးထဲမှာနေလာခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။ ဒီနှစ်ထဲ အလုပ်သစ်မှာ wordpress နဲ့ပက်သက်တာတွေလုပ်နေရတော့ wordpress ရဲ့အားသာချက် ၊ အားနည်းချက်တွေကိုမြင်လာပြီး သံယောဇဉ်ရှိတဲ့ blogspot ကိုစွန့်ပြီး သံယောဇဉ်အသစ်မွေးဖွားဖို့ wordpress ကိုပြောင်းမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ် ။ wordpress ကိုအရင်ကသုံးဖူးခဲ့ပေမယ့် သေသေချာချာမသုံးဖြစ်တာရယ်ကြောင့် မနှစ်သက်ခဲ့ပါဘူး ။ […]

ပျော်ပါစေ ချယ်

ပျော်ပါစေ ချယ်

ချယ်ဟာ ပန်းတစ်ပွင့်ဆိုရင်တောင် တစ်လောကလုံးကိုဖူးပွင့်ဝေစေမယ့်ပန်းလေး မိုးတစ်စက်ဆိုရင်တောင် ထိသူ့ရင်ကိုအေးစေမယ့်မိုးစက်လေး ကဗျာတစ်ပုဒ်ဆိုရင်တောင် နဘေထပ်တဲ့ကဗျာလေး ချယ့်ဘက်အခြမ်းက အပြုံးတစ်ခုဟာ ခပ်ဝေးဝေးကဆိုပေမယ့် ကိုယ့်သူငယ်ချင်းရဲ့သက်ဆိုင်သူထက်ပိုပါတယ် ချယ့်ရင်ဘတ်ဟာ ခံစားချက်၊ ကဗျာ ၊ စာ ၊ ဂီတ တွေနဲ့ဖွဲ့စည်းနေတဲ့ဆုံမှတ်လေး ကိုယ့်ရင်ဘတ်နဲ့နီးနီးစပ်စပ်တည်ရှိတယ်ဆိုရင် ပိုနေမလားပဲ ကလန်မန်တီရှိုင်း က ခုံတန်းလေး အင်းလေးက ကြေးအိုးတစ်ပွဲ မရောက်ဖြစ်တဲ့မင်္ဂလာဆောင် မပို့ဖြစ်ခဲ့တဲ့လက်ဖွဲ့ မပြောဖြစ်ခဲ့တဲ့ စကားများစွာအတွက် ခွင့်လွှတ်ပါချယ် ။ ကိုယ့်ရဲ့ တယူသန် အတ္တတွေကြားမှာ ကိုယ့်ရဲ့ ရှင်းမရတဲ့ပြသနာတချို့နဲ့ ကိုယ့်ဖက်ကပျက်ကွက်မှုတွေအတွက် တောင်းပန်ချင်တာ ။ ပျော်ပါစေ ချယ် အသက်ရှင်သမျှအချိန်တွေတိုင်း အေးမြခြင်းရဲ့အနီးဆုံး ပူလောင်ခြင်းရဲ့အဝေးဆုံးမှာ […]

BPP Challenge Post

BPP Challenge Post

ခြောက်ကပ်နေတဲ့ blog လေးကိုရေပြန်လောင်းဖို့နှိုးဆော်သူက မ ဖြူစင်သောစိတ်ကလေး နဲ့ မဗေဒါ ။ မရေးတာနှစ်ပေါက်တော့မှာမို့ ဘာရေးလို့ရေးရမှန်းလဲမသိတော့ပါဘူး ။ အလာပသလာပပြောဖို့လည်း ပြောစရာအကြောင်းမရှိသလိုပါပဲ ။ BPP Challenge အတွက် အချိန်မှီရုံလေးရေးဖြစ်တာဖြစ်တဲ့အပြင် စာမရေးတာကြာလို့ထောင့်နေတဲ့စာရေးဟန်တွေကို လျစ်လျူရှုပြီး  ၂၀၁၄ အတွက် ပထမဆုံးသောပိုစ့်ကိုနှစ်ကုန်ခါနီးရေးလိုက်ပါတယ် ။ ကျန်းမာရေး နှစ်ရှည်လများဖြစ်ခဲ့တဲ့ အစာအိမ်ရောဂါက လုံးဝပျောက်ကင်းသွားပါပြီ။ သူဂရုစိုက်ပေးကြောင်းကြွားပါရစိ 😛 နှလုံးသားရေး Facebook celebrity တစ်ယောက်စကားငှားသုံးရရင် အချစ်ရေးက သာယာဝတီမှာ လေတဖြူးဖြူးနဲ့ အေးဆေးပါ။ Social  Social က zero ထက်ကျော်ပြီး အနှုတ်လက္ခဏာကိုပြတဲ့ကာလပါ ။ […]