Month: June 2013

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မနက်ဖြန် မင်းနဲ့မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးတဲ့နေ့မှာ ကိုယ်ဘယ်လောက်နာကျင်ခံစားရလဲသိလား ။ မင်းနဲ့ပက်သက်သမျှကိုအဆက်ဖြတ်ပြီး လုံးဝနောက်လှည့်မကြည့်တော့နဲ့တော့ ဆိုပြိးကိုယ့်ကိုကိုယ်အမိန့်ပေးရတာဟာ ကိုယ့်အသဲနှလုံးကို ဓါးထက်ထက်နဲ့နုတ်နုတ်စဉ်းလိုက်သလိုခံစားရတယ် ။ ကိုယ့်ဘ၀ထဲကို မင်းဝင်လာခဲ့တာလား မင်းဘ၀ထဲကို ကိုယ်ပဲဝင်မိသလား ကိုယ်မသိဘူး ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ လူမသိသူမသိပက်သက်ခဲ့ကြတဲ့သူတွေမှန်း မင်းနဲ့ကိုယ်နှစ်ယောက်လုံးသိပါတယ်။ လေတဖြူးဖြူးတိုက်နေတဲ့ ချောင်းဘေးက လှေကားထစ်တွေမှာ ကိုယ်ရှက်ပြုံးလေးပြုံးရင်း မင်းနဲ့လိုက်ထိုင်ဖူးတယ်။ မင်းတွဲလာမလားလို့ ကမ်းလိုက်ရတဲ့လက် ၊ ပေးလိုက်ရတဲ့မြောင်းတွေ ။ မင်းကလည်း လက်မကမ်းသလို မြောင်းကလည်းရေမလာခဲ့ဘူး ။ ကိုယ်ကတော့ထင်မိခဲ့တယ် ။ တီတီတာတာပြောတတ်တဲ့ ကိုယ့်ကိုမင်းနှစ်သက်လိမ့်မယ် ။ မင်းကိုဂရုစိုက်တဲ့ကိုယ့်ကိုနှစ်သက်လိမ့်မယ် ။ မင်းကို သ၀န်တိုတတ်တဲ့ကိုယ့်ကို နှစ်သက်ခဲ့လိမ့်မယ်လို့ ။ […]

မောင်မောင့်အကြောင်း

မောင်မောင့်အကြောင်း

ဒီစာမျက်နှာမှာ အဖေအကြောင်း ၊ အမေအကြောင်းတွေကိုခဏခဏရေးဖူးပေမယ့် ကျမချစ်သောမောင်ငယ်လေးအကြောင်းကိုတော့ တစ်ခါမှမရေးဖူးခဲ့ပါဘူး ။ ကျမမှာ ကျမထက် ဆယ်နှစ်တိတိငယ်သော မောင်လေးတစ်ယောက်ရှိပါတယ် ။ ၁၉၉၈ ဖွား စနေသားမောင်လေးကို ကျမက မောင်မောင်လို့ချစ်စနိုးနဲ့ခေါ်ရာကနေစပြီး သူ့ကိုလူတိုင်းက မောင်မောင်လို့ပဲခေါ်ကြပါတယ် ။ မေမေ့မှာ မောင်လေးကိုယ်ဝန်ရှိတယ်လို့ကြားစက ငါးတန်းအရွယ်ကျမ ရှိုက်ကြီးတငင်ငိုပြီး မလိုချင်ဘူးလို့အခါခါ ငြင်းခဲ့ပါတယ် ။ ဟုတ်တယ်လေ ဆယ်နှစ်လောက် တစ်ဦးတည်းသောသမီးအဖြစ်နေလာခဲ့တဲ့ ကျမ အတ္တကြီးတာလည်းမဆန်းပါဘူး ။ တကယ်တမ်းမောင်လေးမွေးလာတဲ့အချိန်မှာ ကျမထက်ချစ်တဲ့သူတောင် ကျမလောက်ချစ်နိုင်မယ်မထင်ဘူး ။ မျက်နှာတစ်ပြင်လုံးမှာ အမွှေးနုလေးတွေပါတဲ့ မောင်လေးသေးသေးလေးကို မချီတတ်ချီတတ် ချီပြီး အချစ်တွေပိုခဲ့ရပါတယ် ။  မောင်လေးက ကံဆိုးတယ်ပြောမလား သူ့ကိုမေမေမွေးတုန်းက မမွေးနိုင်လို့ညှပ်ဆွဲပြီး မွေးခဲ့ရတာမို့ မျက်နှာတစ်ဝိုက်မှာ ဒဏ်ရာဒဏ်ချက်တွေအမျာကြီးရခဲ့ပါတယ် ။ ဒါ့အပြင် […]

ချစ်ခြင်း၏ လျှို့ဝှက်ချက်

ချစ်ခြင်း၏ လျှို့ဝှက်ချက်

ကျွန်တော့်အမျိုးသမီး နာမကျန်းဖြစ်နေပါတယ်။ အလုပ်ထဲက ပြသနာတွေရယ် ၊ မိသားစုဘ၀ထဲကပြသနာတွေရယ် ၊ မထင်မှတ်တဲ့လွဲချော်မှုတွေအပြင်  ကလေးတွေနဲ့အဆင်မပြေတာလေးတွေကြောင့် သူမဟာ အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့နဲ့စိတ်ချောက်ချားနေတတ်တယ် ။ မထင်မှတ်လောက်အောင်ပါပဲ..  အသက် ၃၅ နှစ်အရွယ်သူမဟာ ကိုယ်အလေးချိန်ပေါင် ၃၀ ကျော်ကျသွားပြီး ပေါင် ၉၀ သာသာလေးပဲကျန်ခဲ့ပါတော့တယ် ။ သူမဟာ သိသိသာသာကြီး  ပိန်ကျသွားပြီး တငိုငို  တရယ်ရယ်နဲ့  ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မိန်းမတစ်ယောက်ကနေ ပူပင်သောကများတဲ့သူအဖြစ်သို့ မယုံနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပါတော့တယ် ။သူမရဲ့ခေါင်းဟာ အဆက်မပြတ်ကိုက်ခဲနေပြီး  နှလုံးအောင့်ခြင်း ၊  ကျောကုန်းနဲ့နံရိုးနားတွေမှာ အာရုံကြောပိတ်ခြင်းတွေကိုပါ တပြိုင်နက်တည်းခံစားရပါတယ်။ ညဘက်တွေဆိုလည်းတစ်ညလုံးနိုးနေတတ်ပြီး မနက်မိုးလင်းမှပဲ သူမ အိပ်မောကျသွားတတ်ပါတယ် ။  ဒါ့အပြင်နေ့လည်နေ့ခင်းဆိုရင်လည်း […]

ရင်ထဲက ”ညီ”

ရင်ထဲက ”ညီ”

ညီ .. တွယ်တာမိသောမျက်ဝန်းတစ်စုံရဲ့အောက်မှာ အရှုံးတွေထွေးပိုက်ခွင့်ရခဲ့တာတို့ပါညီ။ မနိုင်သောတိုက်ပွဲကိုမှ တိုက်ချင်မိတဲ့သူတစ်ယောက်ရဲ့အမှားလို့ပဲဆိုပါတော့။ တကယ်ပဲ အဲဒီတိုက်ပွဲမှာတို့ရှုံးခဲ့တယ်ညီ။ ညီ မသိတဲ့တို့အကြောင်း ၊ ညီမသိချင်တဲ့ တို့ခံစားချက်  … ညီရေ တို့တွေဝေးလာတာခုဆိုရင် ဆယ်စုနှစ်တစ်ခုစာရှိတော့မယ် ။ တို့ရင်ထဲမှာ ညီ့အကြောင်းကို ဟာသလုပ်ပြီးမပြောနိုင်သေးဘူး ။ တို့ဘ၀ရဲ့ ဆူးငြှောင့်ခလုတ်တစ်ခုလို တို့မေ့ပစ်နိုင်စွမ်းမရှိခဲ့ဘူးညီ။ ညီမှတ်မိဦးမလားမသိဘူး….တို့နဲ့ညီ ပထမဆုံးစတွေ့တဲ့နေ့ကပေါ့… ညီက အဲဒီနေ့က ကာကီရောင်အကျီလေးကိုလက်ခေါက်ပြီးဝတ်လို့ ၊ လူတကာဝတ်တဲ့ ဂျင်းဘောင်းဘီက တို့မျက်စိထဲမှာ ညီနဲ့မှ ပိုအဆင်ပြေနေသလိုပဲ ။ မမျှော်လင့်ဘဲ တို့ကိုဝေ့ခနဲတစ်ချက်အကြည့် တို့……ရင်တွေခုန်သွားတယ်ညီရယ်…။ ဒါပေမယ့်တို့မှာ ထိန်းသိမ်းရမယ့်သိက္ခာတရားလေးကရှိနေတော့ တို့ မမြင်ချင်ယောင်ဆောင်ပြီး မသိသလိုလေးနေခဲ့ရတယ်ညီ။ […]

မနက်ဖြန်တိုင်းမှာ

မနက်ဖြန်တိုင်းမှာ

မနက်ဖြန်တိုင်းမှာမေမေခါးသီးလွန်းတဲ့တစိမ်းတွေရဲ့အလယ်မှာအားငယ်စိတ်ကလေးဝင်လာရင်မေမေ့အားနဲ့ ရှေ့ဆက်ခဲ့ဖူးတယ်မေမေမောပန်းလွန်းတဲ့နေ့ရက်တွေမှာဒေါသစိတ်နဲ့ လောင်မြိုက်ခဲ့ရင်အသိတရားနဲ့ရှေ့ဆက်ခဲ့ဖူးတယ်မေမေသောကပွေတဲ့လောကအလယ်မှာပူဗျာဝေလာရင်မေမေ့မေတ္တာနဲ့ရှေ့ဆက်ခဲ့ဖူးတယ်မေမေရင်အစုံဖွင့်လို့ အံကုန်ရွက်လွှင့်ခဲ့ပေမယ့်အတောင်မစုံတော့ ခါးချိတယ်ခွန်အားတစ်ချို့ငတ်မွတ်မိတယ် မေမေမေမေလွမ်းဆွတ်တမ်းတစိတ်ကိုမျိုသိပ်နိုင်ပေမယ့်မဖြစ်မနေဆိုတဲ့ခေါင်းစဉ်နဲ့အတူလှိုက်စားနေတဲ့ရင်ဘတ်ကြီးကိုသနားမိတယ် မေမေမေမေအလင်းရောင်တစ်ခုမဟုတ်ပေမယ့်တည်ရှိနေတယ်ဆိုတဲ့ အသိနဲ့အတူဘ၀တစ်ခုလုံးတောက်ပနေတယ် မေမေမေမေနွေးထွေးမှုမဲ့ကမ္ဘာမှာ သိမ်ငယ်စိတ်တို့ဝင်လာတိုင်းမေမေရှိနေတယ်ဆိုတဲ့အသိနဲ့အတူမနက်ဖြန်တိုင်းမှာ မငိုတော့ဘူး မေမေ ။ ။ဇွန်လထုတ်ရွှေဒေါင်းတောင် မဂဇင်းမှာဖော်ပြခံရတဲ့ ပိုစ့်လေးကိုအမှတ်တရပြန်တင်လိုက်ပါတယ် ။ photo credit- shwe daung taung online magazine

မေ – ၂၀၁၃

မေ – ၂၀၁၃

မေရက်တွေက မိုးတစီစီနဲ့လက်ပြနှုတ်ဆက်သွားခဲ့ပါပြီ ။ ကျမက မေ born ဆိုတော့ မေလကိုသိပ်သဘောကျတာပါ ။ မေလမှာ အလုပ်တွေအရမ်းများတယ် ။  ဘလော့ဖက်ကိုခြေဦးလှည့်ဖို့မအားနိုင်လောက်အောင်ပါပဲ ၊ စာတွေကဗျာတွေ တိုးလို့တန်းလန်းကြီးတွေနဲ့ ဘယ်ဟာကိုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်ပါဘူး ။ အလုပ်မအားပေမယ့် ၂၆ ရက်နေ့ မွေးနေ့ရောက်ရင်တော့  မွေးနေ့ကိတ်လေးစားပြီး One Raffle Place က ၆၃ ထပ်ကိုသွားဖို့အားခဲထားမိပါတယ် ။ ဒါပေမယ့် ဒါပေမယ့်…….မွေးနေ့မတိုင်ခင် သုံးလေးရက်အလိုက စဖျားပါတယ် ။ ချောင်းတဟွပ်ဟွပ်နဲ့ စကားတောင်မပြောနိုင်ဘူး ။ ကိုယ်ပူကလည်းတက်လိုက်ကျလိုက်နဲ့ နည်းနည်းလေးမှနေလို့မကောင်း ၊ ဒါပေမယ့် ပိတ်ရက်နဲ့ Holiday နဲ့ဆက်သွားလို့ နည်းနည်းတော်ပါသေးတယ် ။ ပိတ်ရက် (သောကြာနေ့)တည်းကနေ […]