Month: May 2013

ချိုမြိန်သောမိုက်မဲခြင်း

ချိုမြိန်သောမိုက်မဲခြင်း

ကြင်နာတဲ့စကားတွေမရှိတဲ့အရပ် ရင်နာမှုအပေါင်းတွေ စုနေတဲ့အရပ် မင်းမရှိတဲ့ အဲဒီအရပ် မင်းမလာတဲ့ အဲဒီအရပ် ဘာမျှော်လင့်ချက်အတွက် ရှင်သန်နေရမှာပါလိမ့် မင်းအရိပ်တွေလွှမ်းနေတဲ့ ငါ့အတွေး မင်းအရိပ်တွေထက်ကျန်နေဆဲ ငါ့ကမ္ဘာ မင်းအနားမှာနေချင်တဲ့ ငါ့စိတ် မင်းကိုမျှော်နေတဲ့ မသိစိတ် ဘာကြောင့် အခုထိ မိုက်မဲနေရတာလဲ ကြင်နာတတ်တဲ့စကားလုံးတွေက ဟန်ဆောင်ခြင်းရဲ့ပြယုဂ် ချိုသာလွန်းတဲ့ အပြုံးတွေက လိမ်ညာခြင်းရဲ့ပြယုဂ် ဒါပေမယ့် ယုံကြည်ပေးတဲ့စကားလုံးတွေက ငါ့အချစ်ရဲ့ပြယုဂ် မက်မောခဲ့တဲ့အပြုံးတွေက ငါ့အချစ်ရဲ့ပြယုဂ် ဘယ်သူမှမသိလိုက်ပေမယ့် မနေ့က မင်းကိုမျှော်ရင်း ငါတစ်ယောက်တည်း ကမ္ဘာပျက်ခဲ့တယ်..။

အခါလွန်သင်္ကြန်

အခါလွန်သင်္ကြန်

နွေပိတောက်တို့သည် မိုးစက်များအကြိုထောက်ခေါ်ဆောင်မှုဖြင့်သင်္ကြန်ကာလအတွင်းလောကတခွင်အလှဆင်နေကြပြီ။ ခါသင်္ကြန်ဆိုရင်ဖြင့် ပတ်ဝန်းကျင်တခုလုံး လှုပ်လှုပ်ရှားရှားဖြင့် လူတိုင်းလူတိုင်းပျော်ပျော်ပါးပါးနှစ်သစ်ကိုကြိုဆြို ကသည်။ ငယ်ရွယ်စဉ်ဘ၀တုန်းကတော့ သင်္ကြန်ရောက်တိုင်း ကလေးပီပီနို့ဆီခွက်နဲ့ရေပက်ရင်းဆယ်စုနှစ်တစ်ခုစာလောက်ပျော်ပါးခဲ့ဖူးတယ် ။ ဒါပေမယ့်လည်း အရွယ်ရောက်လာတဲ့အခါ ရေထိမိတာနဲ့ ပဲကြီးရေတွန့်တဲ့လက်ရယ် ရေစိုအ၀တ်နဲ့အကြာကြီးနေရတာကိုမကြိုက်တာရယ်ကြောင့်ပဲ သူမသင်္ကြန်နဲ့ဝေးခဲ့ပါသည် ။ သင်္ကြန်ရောက်တိုင်း သနပ်ခါးအဖွေးသားလိမ်းကာ ရေလာလောင်းသမျှ အလောင်းမခံဘဲ ရေမစိုအောင်နေတတ်ခဲ့သည် ။ မမပဲလို့ ပတ်ဝန်းကျင်က သမုတ်ကြမလားပဲ ။ သင်္ကြန်ရောက်တိုင်းသူမတို့အိမ်မှာအမြဲရှိတတ်ခဲ့တာက သူမထက် အသက်နည်းနည်းပိုကြီးတဲ့ အိပ်မက်ညဆက်ရောက်ရောက်လာတတ်တဲ့ ရင်ဘတ်ထဲက တစ်ယောက်သောသူ ။ ရင်ခုန်သံကိုသိနားလည်တယ်ပြောရလောက်အောင်လည်း ရင်ဘတ်ချင်းပွင့်လင်းခဲ့ကြသူတွေမဟုတ်သလို နားမလည်ဘူး ပြောရအောင်လည်း ရင်ဘတ်ချင်းဝေးကွာခဲ့ကြသူတွေမဟုတ်ဘူး ။ […]

ရှောင်ဖယ်ထွက်သွားမှာလား

ရှောင်ဖယ်ထွက်သွားမှာလား

အတောင်မပါဘဲ ပျံသန်းခဲ့တဲ့ငါ့ကောင်းကင်နွေအလယ်မှာကြယ်ကြွေခါမှ နောင်တတွေတပွေ့တပိုက်နဲ့ရှာဖွေလေလေ မတွေ့လေလေတဲ့ မေတ္တာတရားသံယောဇဉ်ယောင်ယောင်ဂစ်တာသံစဉ်တွေကတနေ့ထက်တနေ့ ချောက်ခြားစရာကောင်းလာတယ်….မငိုတတ်ခဲ့တာကြာပြီပေါ့ချို ၊ ချဉ် ၊ ခါး အရသာမရှိတဲ့ဘ၀မှာအပေါ်ယံသာယာမှုကိုအဟုတ်ကြီးထင်ချင်ယောင်ဆောင်ရင်းပျော်ဝင်ချင်ယောင်ဆောင်ရင်းတဖြိုးဖြိုးတဖြောက်ဖြောက် ဆီးနှင်းပေါက်တွေကျတဲ့ညနက်နက်ကိုလွမ်းတယ်ခိုလှုံဖို့ရင်ခွင်လိုအပ်သလားမလိုအပ်ပါဘူးကွယ်… ဒီဘ၀ ဒီအနေအထားက နေသားကျပြီးသားပါစိတ်ညစ်ရင်သီချင်းဆို ငိုချင်ရင်ဂစ်တာတီးဟိုးအဝေးမှာလည်း ငါ့ပက်အက်ကြားပြင်ပမှာ စိမ်းလည်းစိုပြည်နေတယ်အလွမ်းလားရိုမီယိုဂျူးလိယက်လောက်ဝမ်းနည်းစရာမကောင်းပေမယ့်ငါ့အထ္တုပတ္တိတစ်ချို့မှာလည်း ငါဟာမိန်းအတ်တာတစ်ယောက်ပေါ့ ငါလည်းလွမ်းတတ်ဆွေးတတ်ခံစားတတ်ပါတယ်…။အောင့်သက်သက်ခံစားချက်တချို့နဲ့ မနေ့က ငါငိုနေတာ ဘယ်သူမှမသိဘူးကွယ်ခြောက်သွေ့မှုတွေအတွက် ကောက်ရိုးမျှင်ကိုဆွဲချင်တာ စိတ်ထွက်ပေါက်ပါလို့ခပ်အက်အက်ပြောလိုက်ရင်…….ရှောင်ဖယ်ထွက်သွားမှာလား……….။ရုပ်ရှင်ဇာတ်လမ်မဟုတ်ပေမယ့်ငါကတော့  မင်းသမီးမဖြစ်ရရင် သိက္ခာရှိတဲ့ဗီလိန်ပဲဖြစ်ချင်ခဲ့တယ်။နွေလယ်ညတွေက ခပ်ခြောက်ခြောက်လေးပေမယ့် အထီးမကျန်ပါဘူးသီချင်းတစ်ပုဒ် နဲ့ ရင်ဘတ်တစ်ခုစာခံစားချက်နဲ့ ငါ့ကိုယ်ငါကုန်ဆုံးပစ်မယ်တို့တွေ………ဝေးနေတာပဲကောင်းပါတယ်လေ………။ ။

ဖြစ်နိုင်ခဲ့မယ်ဆိုရင်

ဖြစ်နိုင်ခဲ့မယ်ဆိုရင်

 ဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့အနီးဆုံးမှာပဲနေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်ရင်ထဲကခံစားချက်တွေကိုအပွင့်လင်းဆုံးမြင်စေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့အတွေးထဲမှာအမြဲရှိနေစေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကိုယ့်ကိုနားလည်စေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမပါဘဲဘယ်လမ်းကိုမှမသွားချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်သံတူကြောင်းကွဲ ငြင်းခုန်ရန်ဖြစ်မှုတွေကိုမလိုလားခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်သဘောပဲလေဆိုတဲ့ အလျော့ပေးစကားထက် နားလည်မှုကိုလိုချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မအားလပ်မှုတွေကြားက ရှိသမျှအချိန်ကိုမင်းကိုပေးချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမပြောပြချင်တဲ့အကြောင်းအရာတွေကိုနားလည်ပြီးမင်းကိုစိတ်မဆိုးချင်တော့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကို ကိုယ်ဘယ်လောက်ချစ်လဲဆိုတာ သိစေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမျက်နှာကသောကအရေးအကြောင်းတွေပြေပျောက်စေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်နည်းနည်းပေါတယ်…..လို့ထင်ရပေမယ့် လေးနက်တဲ့ခံစားချက်တွေရှိမှန်းမင်းသိစေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့အပြုံးနဲ့တိုးတိတ်ညင်သာတဲ့စကားသံတွေကိုပဲကြားနေချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကိုအလုံးစုံနားလည်သောသူဖြစ်ချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းမသိတဲ့ထောင့်တစ်နေရာမှာငိုကြွေးတဲ့အကျင့်ကိုဖျောက်ချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်အထင်လွဲမှုတွေကိုလျော့ချချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းရဲ့တစ်ဦးတည်းသောသူဖြစ်ချင်ခဲ့တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်ကိုယ်အရမ်းတိတ်ဆိတ်နေတိုင်း မင်းကိုလွမ်းနေမှန်းသိစေချင်တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်မင်းကိုယ့်ကိုအမြဲတမ်းမပြောင်းမလဲချစ်စေချင်တာပါဖြစ်နိုင်ခဲ့မယ်ဆိုရင်အခုကိုယ်မင်းကိုဘယ်လောက်လွမ်းနေမှန်း မင်းသိအောင်ပြောလိုက်ချင်တာပါ..။

ကြင်တော်မူ

ကြင်တော်မူ

လေပြည်သွေ့တဲ့ညနေခင်း ကြယ်စင်အလင်းတွေနဲ့တိုးတိတ်လင်းဖြာသွားတဲ့ရောင်စဉ်ဒီလိုညမျိုးကလည်းသာယာတတ်ပါတယ် တိုးတိုးသက်သက်နူးညံ့ခြင်းယုယုယယညင်သာခြင်းကြင်နာစွာနဲ့ရေစီးအတိုင်းခံစားလိုက်မယ်အသက်ရှုတိုင်းပန်းပွင့်စေ လက်ခတ်သံညှင်းဖွဖွ….သင်းပျပျညနေခင်းမှာခါးသက်သက် ရင်ခွင်တစ်စုံအားတူရိယာဂီတလက်နဲ့ညှို့ယူဖမ်းစားတတ်တယ် ရီဝေသင်းပျံ့မျက်နက်ဝန်းချင်း နူးညံ့ညင်သာခံစားချက်ချင်းသိမ်မွေ့နူးညံ့ရင်ခုန်သံချင်း ပင့်သက်ရှိုက်ဖိုတွယ်တာမှုချင်းတိုးတိတ်စွာညီမျှသွားတယ်ဆိုပေမယ့် သင်းပျံ့မွှေးတဲ့နှင်းဆီ နမ်းရှိုက်ရန်ခက်တယ်ဆိုရင်ရင်ခွင်ဦးကိုထိုးစိုက်ညင်သာစွာ ဦးခိုက်လှည့်မယ်လေ ။ ။

မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ

မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ

လင်းအားနည်းညလွှာထုကြီးရဲ့ အနားစကိုခွာကြည့်လိုက်တဲ့အချိန် မိုးတိုးမတ်တပ်ခံစားချက်တွေက ရင်ဘတ်ကိုဆောင့်တတ် ပင့်သက်တို့ခိုးရှိုက်နေကျ နွေးထွေးတဲ့ရင်ဘတ်တစ်စုံကိုလွမ်းတယ် ဖွဲ့နှောင်တွယ်တာမိတဲ့သံယောဇဉ်မှာမြူတစ်မှုန်စာအပြစ်က လေးမှမရှိ ညှင်းသက်သာယာတဲ့ နှုတ်ခမ်းသားနုနုမှာ ဆင်ယင်စရာအဆင်းအကျင်းမရှိ ကြင်နာတတ်တဲ့စိတ်နဲ့ပဲ အမြဲထာဝရယဉ်ပါးခဲ့တယ် ရာသီဥတုအလွန် အခါမသင့်တဲ့နေ့ညတွေဆို ရေတွက်စရာအလွမ်းတစ်ခုနဲ့ ပင်လယ်ကြီးလည်းခြောက်သွေ့ကန္တာရမှာမိုးတွေရွာလို့  အနီးဆုံးက မနီးစပ်ခြင်းအတွက် ညနက်နက်ရဲ့ရင်ခွင်ကိုတိုးဝင် ငိုပွဲတွေဆင်တယ် မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ ကိုယ်သာခေါင်းဆောင်မင်းသမီးဖြစ်ပါရစေ ။ ။

စာသားမပါတဲ့ ဒိုရေမီဖာ

စာသားမပါတဲ့ ဒိုရေမီဖာ

မနေ့ကရဲ့မနက်ခင်းကသာယာတယ်မိုးစက်တချို့ကျတယ်အလွမ်းတချို့ကခါးပေမယ့်မနေ့ကရဲ့မနက်ခင်းကသာယာတယ်စကားလုံးတစွန်းတစထုဆစ်မှုအနုပညာရောင်စဉ်ဖြာတဲ့သံယောဇဉ်ဟာစာသားမပါတဲ့ ဒိုရေမီဖာမျက်ဝန်းတစ်စုံကကြည်လဲ့နေတယ်နှုတ်ခမ်းတစ်စုံကညင်သာနေတယ်ဘယ်ဖက်ရင်အုံက ညှင်းညှင်းသဲ့သဲ့ဝင်သက်တိုင်းလည်း နူးနူးညံ့ညံ့နိုးတစ်ဝက်အိပ်မက်တွေက မှုန်ဝါးဝါးမျှော်လင့်ခြင်းနဲ့နိုးထလာမယ့်မနက်ဖြန်တိုင်းဟာရေတွက်မကုန်တဲ့အိပ်မက်တွေနဲ့မြဲမြဲတွဲမယ့်လက်တစ်စုံပဲလိုတယ် ။

ကဗျာစုတ်

ကဗျာစုတ်

တခါတုန်းကပန်းပွင့်တဲ့ကဗျာနဲ့ စံပယ်အရိုင်းတစ်ပွင့်မှာခေတ်နောက်ကိုလိုက်တတ်တဲ့ကဗျာအယောင်ဆောင်အဖွဲ့တွေရှိခဲ့တယ်ဆိုကြပါစို့ပန်းပွင့်တိုင်းကဗျာတစ်ပုဒ်ကလှသလားလက်သည်းခွံတစ်ခုဆွဲခွာတာလောက်လူတစ်ယောက်ကိုဖဲ့ခြွေရတာလွယ်ကူတယ်ဆိုရင်ငါဟာ လက်မပါဘဲလူဖြစ်ခဲ့သင့်တယ်ကြည့်ဦးကဗျာဆရာနှစ်ယောက် ခတ်တဲ့ပွဲကငါ့သွေးတွေနဲ့ချင်းချင်းနီကဗျာဆရာနှစ်ယောက် အမြင်မတူခြင်းဟာငါ့ပယောဂမကင်းလို့တဲ့ပြောချင်သပဆိုရင်ဖြင့်ကဗျာနှစ်ပုဒ်ဟာရင်ဘတ်တစ်ခုတည်းနဲ့ထပ်တူမကျနိုင်ဘူးဆိုတာ ငါသိတယ်ရင်ဘတ်နှစ်ခုဟာလည်းကဗျာတစ်ပုဒ်နဲ့ထပ်တူမကျနိုင်မှန်းလည်း ငါသိတယ်သိနိုင်မလားပန်းပွင့်တဲ့ကဗျာအတွက်စံပယ်ရိုင်းဟာမလိုအပ်သလိုစံပယ်ရိုင်းဟာလည်း ကဗျာတောထဲမှာမပွင့်လိုဘူးရေခံမြေခံကောင်းတဲ့ရင်ဘတ်ဟာလည်း ကဗျာတစ်ပုဒ်အတွက်ဖြစ်တည်မှုတွေမရှိဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူးဒီတော့နှင်းဆီနီတောထဲက ခလုတ်ကန်သင်းစံပယ်ကိုရုန်းထွက်နိုင်အောင် ခုတုံးလုပ်ခဲ့တယ်ဆိုရင်စံပယ်မွှေးတဲ့ နှင်းဆီစူးညအတွက်မျက်ရည်ကြိုစုလိုက်ဦး ကဗျာစုတ် ။ ။

ဘာပြောသေးလဲ

ဘာပြောသေးလဲ

သူငယ်ချင်းတွေက ဘာပြောသေးလဲကျောင်းမှာဘာပြောသေးလဲ ဆိုတဲ့ စကားကို ကျမငယ်စဉ်တောင်ကျေးကလေးဘဝတည်းကနေ ယဉ်ပါးခဲ့ဖူးပါတယ်။ အထူးသဖြင့် မတည့်အတူနေ ကျမရဲ့ မာတာမိခင် ကျေးဇူးရှင်ဆီကပေါ့..။ဘဝမှာ နားလည်မှု ၊ ပေးကမ်းမှု ၊ သက်ဆိုင်မှုဆိုတာ ရှိလာတဲ့အချိန်မှာ ကျမလည်း ဘာပြောသေးလဲဆိုတဲ့စကားနဲ့ စတင်ရင်းနှီးလာခဲ့ပါတယ်။ဟေမာနေဝင်းသီချင်းထဲကလို အမေ့အိမ်ကိုလည်းချစ်သမီးလွမ်းပါတယ်လို့ပြောရမလားဘဲ..။ အမေ က ကျမကိုအကျီအသစ်ကလေးတွေဆင်ပေးရင်…အမြဲတမ်းမေးပါတယ်.. သမီးကိုသူငယ်ချင်းတွေကဘာပြောလဲ ဆရာမကဘာပြောလဲ…သမီးလက်ရေးတွေကိုဆရာမဘာပြောလဲဆိုရင်..ကျမစိတ်ထဲမှာအမေ့ကိုအင်မတန်ရှုပ်တယ်..စပ်စုတယ် ဆိုပြီး..အမြဲတမ်း ဘာမှမပြောဘူးဆိုပြီးဘူးခံငြင်းတတ်ပါတယ်။ သူငယ်ချင်းတွေကလှတယ် ၊ ဆရာမက လက်ရေးလှတယ်ပြောပေမယ့်လည်း အမေ့ရှေ့မှာရှက်တာရော ၊ မပြောချင်တာရယ်ပါ ကျမဘယ်တုန်းကမှပြောလေ့မရှိဘူး ။ဘယ်သူတွေဘာပြောလဲမေးရင်…အမြဲတမ်းဘာမှမပြောဘူးဆိုပြီး စိတ်ပျက်လက်ပျက်အမေဖြစ်သွားမြဲ ။ အမေ့ကိုစပ်စုတယ်ဆိုပြီးမျက်မှောင်ကြီးကြုံ့ပြီးစိတ်တိုတတ်မြဲပါပဲ..။ တကယ်လည်း ကျမအတွက်ကိုယ်တိုင်ရေးတဲ့ဘဝပြဇာတ်ထဲကိုလည်းရောက်ရော..အနီးဆုံးမှာရှိတဲ့တစ်ယောက်သောသူကိုအမြဲတမ်းမေးဖြစ်ခဲ့တယ် ။ ဘယ်သူတွေဘာပြောလဲ……………သူ့ရုံးမှာ သူ့အလုပ်များတာနဲ့ပက်သက်ပြီးမန်နေဂျာဘာပြောလဲကျမသိချင်ပြန်တယ်သူ့ရုံးကလူတွေအတွက်ပေးလိုက်တဲ့လက်ဆောင်ကိုရုံးကလူတွေဘာပြောလဲသိချင်သူအကျီအသစ်လေးဝတ်သွားတဲ့နေ့မှာရုံးကလူတွေက […]

အနမ်းတစ်ခုနဲ့ခြေဆန့်တဲ့ညနေခင်း

အနမ်းတစ်ခုနဲ့ခြေဆန့်တဲ့ညနေခင်း

ရင်ဘတ်တစ်ခုရဲ့လိပ်ပြာတောင်ပံခပ်ခြင်း ညှင်းဖွဖွအပြာရောင်တမ်းခြင်းတစ်ပုဒ်ကိုခပ်သွက်သွက်ဆို နူးညံ့ခြင်းရဲ့အဆုံးစွန်တစ်ဘက် နမ်းရှိုက်လိုက်တဲ့ ပင့်သက်တိုင်းဟာ သင်းပျံ့တယ် မြေသားစိုင်ထုရဲ့နက်ရှိုင်းခြင်း မိုးသားကောင်းကင်ရဲ့ကျယ်ပြန့်ခြင်း အနှိုင်းမဲ့တွေရဲ့အနန္တဟာ ရင်ဘတ်ထဲကိုအရှိန်အဟုန်နဲ့ငုပ်လျှိုးဆင်းသက် မိုးစက်သံတပေါက်ပေါက်ဟာ အချိန်အခါရဲ့တောင်းဆိုမှုလား ပြာလွင်လွင်တိမ်တိုက်တွေဟာ အခြေအနေရဲ့တောင်းဆိုမှုလား ရင်ဘတ်တစ်ခုလုံးစာလွင့်မျောဖို့ အခြေအနေအချိန်အခါတွေကိုသော့ခတ်သိမ်းဆည်းရန်အဆင်သင့် ခါးသောအရသာဟာ နှလုံးသားနဲ့ခံစားရင်ချိုတယ် ဘဝတစ်ခုလုံးစာ ဟာလည်း အတိုင်အဖောက်ညီစွာနဲ့ ခါးလျက်ချိုတဲ့လေညှင်းဟာ….. ညနေခင်းညှင်းသွဲ့သွဲ့နဲ့အသက်ဝင်လှုပ်ရှား ကာ အနမ်းတစ်ခုနဲ့ခြေဆန့်လို့ မြန်မာကျူးပစ်ဂျာနယ်တွင်ဖော်ပြခံရပြီး