Month: May 2013

သူ့ကိုချစ်ဖို့

သူ့ကိုချစ်ဖို့

စကားပြောလျင် တစ်လုံးပုံမှန်ပြောတတ်ပြီးခပ်တန်းတန်း ခပ်တည်တည်နေတတ်ပေမယ့် ကျမနဲ့ဆိုရင် အမြဲတီးတိုးသဖန်းပိုးလုပ်တတ်တဲ့ တစ်ယောက်သောသူအကြောင်းကိုပြောရမည်ဆိုလျင်….တစ်ယောက်သောသူကို သူငယ်ချင်းတစ်ယောက်ရဲ့ကောင်းမှုကြောင့်သိခဲ့ပါတယ်။ ပဲများမယ်လို့ထင်ပေမယ့် မထင်မှတ်လောက်အောင်ရိုးသားဖြူစင်တဲ့သူ့စိတ်ဓာတ်၊ ခပ်တည်တည်မျက်နှာပေးရှိပေမယ့် ကျမအတွက်ဆိုရင် အမြဲအဆင်သင့်ရှိတတ်တဲ့သူ့စိတ်နေသဘောထားက ကျမအတွက်ဘယ်အရာနဲ့မှနှိုင်းလို့မရလောက်အောင်ပါပဲ ။ အရပ်မြင်မြင့် ၊ အိုင်တီသမားပီးဗိုက်ကလေးရှေ့ထွက်၊ ကျမစိတ်ထင် မင်းသားရှုံးလောက်အောင်ပဲများထားတဲ့ပုံစံ ၊ ငွေရောင်ဆံပင်တွေအမြောက်အမြားရှိနေတဲ့ ပုံစံကျကျဆံပင်နဲ့အဲဒီလူဟာ….ကျမအတွက်အရေးကြီးဆုံးလူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ကျမဘယ်တုန်းကမှမတွေးထားမိခဲ့ဘူး။ ထူးဆန်းစွာနဲ့သူရဲ့ ဘယ်ဘက်ပါးပြင်မှာ ပါးချိုင့်လေးနှစ်ခုဆက်တိုက်ရှိနေသေးတယ်..။ ပြီးတော့ ကျမမနာလိုချင်စရာကောင်းလောက်အောင်ပုံကျလှပလွန်းတဲ့ ခပ်ထူထူ မျက်ခုံးတစ်စုံကိုလည်းပိုင်ဆိုင်ပြန်သေးတယ်..။ ထပ်ပြီးပြောရရင် ကျမဖေးဘရိတ်…..နားသယ်စပ်က ဆံပင်ကောက်ကောက်လေးတွေသူပိုင်ဆိုင်သေးတယ်လေ..။ ဒါတွေကြောင့်သူ့ကိုချစ်ခဲ့တာလားဆိုရင်….ပရိသတ်ကြီးလုံးဝမှားမှာပေါ့..။ ကျမရဲ့ရင်ထဲကခံစားချက်မှာအဲဒီအချက်တွေလုံးဝမပါခဲ့ပါဘူး ။ သူ့ကိုစတွေ့ခဲ့တဲ့အချိန်က ကျမရင်ထဲမှာတကယ့်ကိုဟာလာဟင်းလင်းခံစားချက်နဲ့ ရှုပ်ထွေးပွေလီလှတဲ့အလုပ်ကိတ်စတွေအပြင် သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေခဲ့တဲ့ကျမ… ပြီးတော့ကျမက ပဲများတဲ့သူတွေကိုသဘောမကျဘူးလေ..။ ဒီလိုနဲ့ဒီလိုနဲ့ပဲ ကျမတို့နှစ်ယောက်တစ်နေ့ထက်တစ်နေ့နီးလာလိုက်တာ..။ နေ့စဉ်နေ့တိုင်းမတွေ့ရမမြင်ရလျင်….အအိပ်အစားပျက်၊ ဖုန်းလေး […]

လေးရာတန်ညနေခင်းက ခပ်ထူထူ

လေးရာတန်ညနေခင်းက ခပ်ထူထူ

တဒီးဒီးအသံတွေကြားမှာMRT ဘေးက တရုတ်နဂါးတွေကတယ်မဆီမဆိုင်လမ်းတွေကလည်းပြင်သေးတယ်နားပြင်းကတ်တယ်လေးရာတန်နွေခေါင်ခေါင်ကပူလွန်းတယ်ကွယ်စီးကရက်နံ့တထောင်းထောင်းထနေတဲ့မနက်ခင်းခပ်ဖျော့ဖျော့ကဆယ့်ငါးမိနစ်စာပဲအချိန်ရတယ်ကိုးရီးယား ၊ အင်္ဂလိပ် ၊ မြန်မာတပုဒ်ပြီးတစ်ပုဒ်ကျော်ချလိုက်တာ…..ရည်းစားအပုဒ်မှာရပ်တယ်ဘ၀ဆိုတာ မနက်ခြောက်နာရီထ ညရှစ်နာရီခွဲမှာအိမ်ပြန်ရောက်တဲ့ကဗျာမနေ့ကလည်းနေသာပါရဲ့အိမ်မှာတော့ပြသနာကောင်မ အပြင်ရောက်မှပြသနာရှင်းရတယ်ခက်တယ် ခက်တယ်အသံတွေကြားတိုင်းငိုချင်တယ်ဒီအသံတွေကြားတိုင်းငိုချင်တယ်ဒီလိုအသံတွေကြားတိုင်းငိုချင်တယ်တဒီးဒီးအသံတွေကြားမှာMRT ဘေးက တရုတ်နဂါးတွေကပြန်တယ်အပေး=အယူလကုန်တိုင်းသုံးဆတိုးလာတဲ့ balance မျက်နှာကိုကြည့်(နေ)ရတဲ့ခပ်ထူထူအတွေး(တကယ်တော့အပေါစားအတွေး)ထက်ရှိတာလေးနဲ့ရောင့်ရဲတတ်တဲ့(တတ်နိုင်ရင်အသိပညာမရှိတဲ့ ၊ လိုချင်တပ်မက်ခြင်းတွေမရှိတဲ့)အလေနတော…အတွေးအခေါ်မရှိတဲ့မိန်းမတစ်ယောက်ပဲဖြစ်ချင်တယ်မိုးရွာတယ် ၊ နေပူတယ်ဥသြငှက်တစ်ကောင်က လွမ်းစရာမကောင်းလောက်အောင်ရင်ခြစ်အော်တော့ဘ၀ကြီးကို အော်ဂလီဆန်တယ်အနာဖေးခွာခွာမိတဲ့ညနေခင်းတွေဆိုရင် သီချင်းတွေမှိုတက်နှလုံးသားက ဖက်ခွက်စားအနုပညာဓာတ်တွေ ဦးဏှောက်ထဲကိုယိုကျတယ်Please Leave Voice Message လို့အသံမြည်တတ်တဲ့ —-7659 ကိုအခါခါနှိပ်ညနေခင်းကိုပဲချော့သိပ်လိုက်တယ် … Good Night!!! ၂၀၁၂ ဖေဖော်ဝါရီလမှာရေးဖူးခဲ့တဲ့ကဗျာလေးကို ပြန်တင်လိုက်ပါတယ်။

Batam ဆီသို့

Batam ဆီသို့

ခရစ်စမတ်ပိတ်ရင်လိုင်ဘရီသွားစာဖတ်မယ်လို့ စဉ်းစားရုံပဲရှိသေးတယ်..သူငယ်ချင်းစုံတွဲက Batam ကိုခရီးသွားရအောင်လို့ခေါ်ပါတယ် ။ သူများကခေါ်ရင် နှစ်ခါမခေါ်ရဘူး လိုက်မယ်ဆိုတဲ့ကျမ….သူငယ်ချင်းတွေနဲ့အတူပါသွားလေရော ။ အစက ကျမတို့တွေစီစဉ်ထားတာက ကိုးယောက်သွားမယ်လို့ပဲ..။ Deals.com ထဲကလက်မှတ်တွေဘာတွေဝယ်ထားပြီးပြီ .. သွားခါနီးကျမှ သူငယ်ချင်းအမရဲ့ သူငယ်ချင်းညီအမနှစ်ယောက်ပါလာဂျွိုင်းလို့ကျမတို့အုပ်စု လူအင်အားတောင့်သွားပါတယ်။ တကယ်တော့ခရီးသွားမယ့်အုပ်စုထဲမှာ ကျမသိတာက သူငယ်ချင်းစုံတွဲကိုပဲသိတာ…။ ကျန်တဲ့သူတွေတစ်ယောက်မှကိုမသိပေမယ့် ကျမတို့တွေအင်မတန်ပျော်ခဲ့ရပါတယ်..။ ဘာတမ်နဲ့ကျမနဲ့လွဲနေတာအတော်ကြာပါပြီ..။ အရင်တစ်ခေါက်ကသွားမလို့စီစဉ်ထားတယ်..။ဟော်တယ်ဘွက်ကင်မရလို့မသွားဖြစ်ဘူး ..။ ခုမှပဲရောက်ဖြစ်ပါတော့တယ်..။ခရီးမသွားခင်တည်းက တက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့ကျမ…စနေနေ့သွားမယ့်ခရီးကို တနင်္လာနေ့လောက်ကနေ ဟောလီဒေးမုဒ်ကြီးဝင်နေလို့ ရွစိရွစိဖြစ်နေပြီ..။မျှော်လင့်ထားတဲ့စနေနေ့ရောက်လာပါပြီ…။ ခါတိုင်းရုံးသွားရမယ်ဆိုရင် ငါးမိနစ်ဖြစ်ဖြစ်ခဏလေးမှေးနေချင်တဲ့သူ ခုတော့ နာရီအလန်းမြည်တဲ့အချိန်အိပ်ရာကကောက်ခနဲထ..ရေမိုးချိုး ၊ ဖုန်းတွေဆက်ပြီး … ဟာဗာဖရန့်ကိုဒိုးပါပြီ..။ ဟိုရောက်မှပဲဗိုက်ဆာသလိုဖြစ်လာလို့ သူငယ်ချင်းတွေနဲ့မတွေ့ခင် ဆိုင်မှာဝင်ပြီး ကြက်ဥနှစ်လုံး ၊ […]

တိမ်တောက်ဆဲ

တိမ်တောက်ဆဲ

အသုတ်စုံစားပြီး လက်သည်းကြားကဂျီးကိုရွံနေသမျှ(သင်ဟာ) ဘယ်တော့မှ လူပီသမှာမဟုတ်ဘူးဂွင်(ခွင်) ၊ အကွက်ဆိုတာ ဘာလဲ အဖြူကွက်စွန်းထားတဲ့ အနက်ရောင်ပုဆိုးဟာနာမ တပ်ခြင်းကိုမသိ အတွက်ဆိုတာကို နားမလည်သူ့ဝန်ထမ်းရင်း ခါးချိရင်းပဲ ။ အကြံအဖန်မဟုတ်တဲ့ ကြံရည်ဖန်ရည်ဟာလူတချို့အတွက် လိုအပ်တာထက် နည်းလွန်းနေခဲ့သည်။ဘ၀အလျားတစ်လျှောက် အလင်းမဲ့ခဲ့ပြီးမှတော့နံရံကျဉ်းတာကို အပြစ်မတင်ချင်တော့ဘူး။ကျောပိုးထမ်းထားတဲ့အရာအားလုံးကိုလွှင့်ချပြီးအဝေးဆိုတဲ့အရပ်မှာ တက်စုံကျိုးလို့တိုးတိုးလာတဲ့ပမာဏတစ်ခုဟာတစ်လက်လက်တောက်မယ့် မျက်နှာတစ်ခုအတွက်တပြက်ပြက်လင်းမယ့် ကြယ်နှစ်ပွင့်အတွက်တမြေ့မြေ့စားမယ့် အပိုဆာဒါးတွေအတွက်။In Case ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာအသက်တောင်ရဲရဲမရှုဝံ့ခဲ့တဲ့ညတွေနာကျင်မှုကြောင့် တောင့်မာနေတဲ့အတွင်းကလီစာတွေအသက်ရှုဖို့ မနေ့ကထက်ခက်ခဲလာပြီ ။ဘ၀ထောင့်စွန်းတစ်နေရာက ကံခေခြင်းဟာခွင့်မလွှတ်တတ်ခြင်းကြောင့်ဆိုရင်အရဆိုတာရှိမှ ခွင့်လွှတ်ခြင်းဘာသာဗေဒကိုသင်ကြားခွင့်ရှိမယ်ထင်ပါရဲ့မိုးမရွာတဲ့ကောင်းကင်မှာအခါးရည်တောင်မရရှာတဲ့ ကံကြီးထိုက်လူသားရယ်တောင့်ခံထားတဲ့နေ့ရက်တိုင်းမှာအားဖြစ်စေမယ့် မေတ္တာတရားတွေရှိတယ်မြေပြင်မှာစင်းစင်းဝပ်ရရင်တောင် မသေခင်အချိန်ထိ လင်းလင်းတောက်ပေးခဲ့မယ်။အသုတ်စုံစားပြီး လက်သည်းကြားကဂျီးကိုရွံနေသမျှ(သင်ဟာ) ဘယ်တော့မှ လူပီသမှာမဟုတ်ဘူး 

ချစ်တာလည်းကြာခဲ့ပြီ

ချစ်တာလည်းကြာခဲ့ပြီ

ရေအလျဉ်ကို အလိုက်သင့်လေး စီးမျောနေသော ငါးကန်သေးသေးလေးထဲက ရွှေငါးပေါက်စနလေးတွေ ငေးကြည့်နေမိသည် ။ ရင်ခုန်ခြင်းလား တွေဝေခြင်းလားအမျိုးအမည်မသိသော ဝေဒနာနဲ့အတူ ရင်ထဲမှာလှိုက်မောလွန်းလှပါသည် ။ ကြိုတင်ပြင်ဆင်ခြင်းများစွာနဲ့အတူ အစပြုခဲ့ပေမယ့် တကယ်တမ်း အကောင်အထည်ဖော်ဖို့ပြင်ဆင်တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်မှာကိုလည်းစိုးရိမ်လွန်းလှသလို အမည်မသိသော ဝေဒနာတွေကိုအလူးအလဲခံစားနေရသလိုပါပဲလား ။ မျက်နှာချင်းဆိုင်ထိုင်လိုက်တော့ ကိုယ်နဲ့ချွတ်စွပ်တူတဲ့ မျက်နှာတစ်ခုကို မြင်ရသည် ။ ဒီလူနှစ်ယောက်ဘာလို့ တစ်မျက်နှာတည်းဖြစ်နေကြလဲ လူတိုင်းတအံတဩပြောကြလေ့ရှိသည်။ ပြောတာများလွန်းတော့လည်းထူးခြားဖြစ်စဉ်လို့ကိုမမှတ်တော့သလိုပဲ ။ တခါတခါတော့ ပြန်ပြောတတ်လေသည် ။ ”တို့နှစ်ယောက်က ဖူးစာမှန်လို့ ရုပ်တူတာ” ဆိုပြီးတော့ပေါ့လေ ။ ချွတ်စွပ်တူတဲ့လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်က စာရွက်လေးတစ်ရွက်ကိုင်လျက် ၊ တစ်ယောက်က ခဲတံလေးတစ်ချောင်းကိုင်လျက်..။ […]

လုပ်ချင်တာလေးတွေ

လုပ်ချင်တာလေးတွေ

လောလောဆယ် စိတ်ဖိစီးမှုများလွန်းတဲ့ဘ၀ထဲကနေ ခဏတာရုန်းထွက်ချင်မိပါတယ်။ ဘာလုပ်လိုက်ရရင်စိတ်ဖိစီးမှုတွေပြေပျောက်သွားမလဲဆိုပြီးတွေးမိပြန်တော့ တကယ်လို့ကျွန်မ အောက်မှာရေးထားတဲ့အချက်တွေထဲက တစ်ခုခုကိုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မစိတ်တွေအနည်းငယ်ပြေလျော့သွားလိမ့်မယ်ထင်ပါတယ်။ (၁)လက်ရှိအလုပ်ကနေထွက်ပြီး ကျွန်မလုပ်ချင်တဲ့ PHP နဲ့ development လုပ်ချင်ပါတယ် ။ ရှေ့မကြည့်နောက်မကြည့်လုပ်ချင်ရာလုပ်တတ်တဲ့ကျွန်မ ရွေးချယ်မှုအမှားတစ်ခုကြောင့် ကိုယ်စိတ်မ၀င်စားတဲ့အရာတွေကိုလုပ်နေရတယ်။ အချိန်မှီပြောင်းမှဖြစ်ပါတော့မယ် ။ (၂)ပျော်စရာမကောင်းတဲ့အလုပ်ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ချင်ပါတယ်။ ဒါပေမယ့် ဒါဟာကျွန်မရွေးချယ်ထားတဲ့အလုပ်မို့လို့လောလောဆယ်ပြောင်းခွင့်မရှိသေး ။ (၃)ရစရာရှိတဲ့ ဘောနက်စ်ရချင်ပါတယ် ။ နှစ်စဉ်ပေးနေကျ ဘောနက်စ်က management အပြောင်းအလဲကြောင့် မပေးသေးဘူးဖြစ်နေပါတယ်။ ပိုက်ဆံလေးမြိုးမြိုးမြက်မြက်ရမယ့်အချိန်ဆို အဲ့တိုင်းပဲ ။ (၄)အဟေး…အထိုင်များလွန်းလို့ တစ်နေ့တစ်ခြား ချစ်တဲ့သူတွေကတော့ မိပုံ့ဖြစ်လာတယ် ၊ အမြင်ကတ်တဲ့သူတွေကတော့ ၀လာလိုက်တာတဲ့……။ အဲ..တစ်နေ့တခြားဝလာတဲ့ ကိုယ်ကို […]

စောင့်စားသူ

စောင့်စားသူ

ချစ်သူကိုချစ်တယ်လို့မပြောရဲတဲ့သူအတွက် အနှစ်တစ်ထောင်စာ စကားမဲ့စေဆိုတဲ့ စကားစုလေးကို နေရာတစ်ခုမှာ ကျွန်မဖတ်ဖူးခဲ့ပြီးခုထက်ထိ စွဲလမ်းအမှတ်ရနေတဲ့စကားလေးတစ်ခွန်းပေါ့ ။ သူဟာ ကျွန်မကိုချစ်လားမချစ်လား ဆိုတဲ့ဝေခွဲမှုကိုအရင်မလုပ်နိုင်ခင် ကျွန်မသူ့အပေါ်တွယ်တာခဲ့ရသည် ။ မြတ်နိုးခဲ့ရတယ် ။ နှောင်တွယ်ခဲ့ရသည်။ဘယ်သူသိနိုင်မလဲ ခေါင်းမာမာနဲ့မိန်းကလေးတစ်ယောက်ရဲ့တခြားတစ်ဘက်မှာ ဘယ်လောက်ယုယကြင်နာတတ်နေခဲ့လဲဆိုတာ ။ လှည့်ထွက်မရတဲ့လမ်းတစ်ခုရဲ့ နှလုံးသားဘာသာဗေဒကို တွေဝေတတ်တဲ့သူတစ်ယောက်ဆီက ညှစ်ထုတ်တတ်ဖို့ ကျွန်မဟာ ကျိန်စာတစ်ခုမရွတ်ဆိုမိအောင် စိတ်ရှည်ရှည်ထားရင်း တော်တော်လေးကိုလေ့ကျင့်သင်ယူခဲ့ရသည်။ တစ်နည်းအားဖြင့် သူ့အပေါ်နားလည်မှုတွေရှိခဲ့ရသည်။ သံယောဇဉ်အရိပ်ထင်လာတိုင်း အချစ်များလားလို့ သံသယစိတ်ကလေးဝင်ရင်း တိုးတိုးတိတ်တိတ်ရင်ခုန်ခဲ့ရတဲ့ညတွေ ၊ ဖွဲ့နှောင်မှုတစ်စုံတစ်ရာမပါတဲ့ စကားသံတချို့ကိုမှ နှောင်တွယ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း ရှောင်ဖယ်ထွက်သွားလိုက် ၊ ပြန်တွယ်ငြိလိုက်နဲ့ လွန်းကလေးလိုကျွန်မရယ်ပေါ့ ။သူ့ကိုအရမ်းအမြင်ကတ်တယ် ….. သမီးကိုအိမ်လိုက်ပို့ချင်တဲ့တစ်ယောက်နဲ့ပဲ […]

မရှိတော့တဲ့နောက်

မရှိတော့တဲ့နောက်

မောင်ရယ် လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့ မနက်ခင်းအလင်းနုနုကြောင့်  မေနိုးလာခဲ့တယ် ။ နှစ်ညတာမနိုးတမ်းအိပ်စက်ခဲ့ပေမယ့် မေ့ခန္စကိုယ်ဟာ အရင်ရက်တွေကထက် နုံးချိလေးလံနေသလိုပဲ မောင်ရယ်. ……..ပြီးတော့ မေ့ခေါင်းတစ်ခုလုံး တူတစ်လက်နဲ့မနားတမ်းထုရိုက်ထားသလို နာကျင်ကိုက်ခဲလေးလံနေတယ်မောင် ။ ခါတိုင်းမေမြင်နေကျ မြင်ကွင်းမဟုတ်တာကို သတိထားလိုက်မိတော့မှ မေ ၊ မောင်နဲ့မေရဲ့ အိမ်ကလေးကိုရောက်နေမှန်း သတိရမိတော့တယ်မောင်ရယ်..။ မေ ဒီအိမ်လေးထဲကိုရောက်နေတာ နှစ်ရက်ရှိပြီမောင် ။ မေတစ်ယောက်ထဲရှိနေတဲ့ ပန်းနုရောင်အိပ်ရာပေါ်ကနေထလိုက်ပြီး အိမ်ရှေ့ဝရန်တာဘက်ကို ထွက်လာလိုက်တယ် ။ ၀ရန်တာလက်ရန်းနားမှာ မောင်ချစ်တဲ့ငှက်ကလေးတွေ နားနေကြတယ် မောင်…စိုးစီ စိုးစီအသံတွေနဲ့ မေ့ကိုနှုတ်ဆက်နေကြတယ်။ မောင်သာရှိနေခဲ့ရင် ဟောဒီမနက်ခင်းတိုင်းမောင်နဲ့အတူတူ နိုးထပြီး ၀ရန်တာလက်တန်းလေးမှာ မှီပြီးစကားတွေပြောမယ် ။ […]

May God Bless You!!

May God Bless You!!

လေပြည်သွေ့သွေ့တိုက်နေတဲ့ ညနေခင်းလေးမှာ လှိုင်းကြက်ခွပ်ကလေးများပြေးလွှားဆော့ကစားနေတဲ့ အင်းလျားကန်ရေပြင်ကြီးကိုငေးမောရတဲ့အရသာကို သူမနှစ်သက်လှပါသည် ။ ရုန်းကန်လှုပ်ရှားနေကြတဲ့လူမှုပတ်ဝန်းကျင်ကနေ ပြေးထွက်ပြီး ဒီနေရာလေးမှာ သူမ အပန်းဖြေစမြဲ ။ ဘ၀အမောတွေကြားက ရုန်းထွက်ဖို့ သူမအတွက်သီးသန့်ရှိနေသော ကမ္ဘာလေးပါပဲ ။ ကန်ဘောင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း တခါတခါရောင်စုံလူတွေကိုသူမငေးမိသေးသည် ။ တဟေးဟေးတ၀ါးဝါးအော်ဟစ်ပျော်မြူးနေကြတဲ့ ဆယ်ကျော်သက်အုပ်စုလေးတစ်စု ။ ငယ်ရွယ်နုပျိုသော မျက်နှာလေးတွေကိုယ်စီနဲ့ ပေါ့ပါးလွတ်လပ်သောပျော်ရွှင်မှုတွေနဲ့အတူ သူမအားကျသလိုလိုတောင်ဖြစ်မိပါသည်။ထိုအုပ်စုလေးနောက်မှာ လက်ချင်းချိတ်သွားနေကြတဲ့စုံတွဲ ၊ ထီးလေးတစ်ချောင်းရဲ့အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကမ္ဘာလောကကြီးတစ်ခုလုံးကိုလျစ်လျူရှုထားတဲ့စုံတွဲ ၊ ကလေးငယ်လေးနှစ်ယောက်လက်ကိုဆွဲရင်း အေးအေးလူလူလမ်းလျှောက်လာတဲ့မိခင်တစ်ယောက် ၊ အင်းလျားကန်ရေပြင်ကြီးကိုတောင်မငေးနိုင်လောက်အောင် အသည်းအသန်ဖုန်းပြောနေသောကောင်မလေးတစ်ယောက်  ကို သူမငေးမောရင်း သူမ စိတ်အေးလက်အေးအတွေးနယ်ချဲ့နေမိပါတော့သည်။ ကန်ရေပြင်ကိုငေးလိုက် ၊ […]

တရားခံ

တရားခံ

(ထမင်းစားပြီးမှ ဖတ်ပါရန်)အောက်သိုးသိုးအနံ့ကြီးကြောင့်စိတ်တော်တော်ညစ်ရသည်။ အဲဒီအနံ့ကြီးကြောင့်ပဲ ခေါင်းတွေလည်းမူးလှပြီ ။ စိတ်တွေလည်းမကြည်မလင်ဖြစ်လွန်းလှပြီ ။ ပြသနာက တစ်သက်လုံးပြသနာမရှိဖူးခဲ့တဲ့ ဂျိုင်းက စသည် ။ အသန့်အပြန့်ကြိုက်တဲ့အပြင် အမွှေးအကြိုင်ကြိုက်တဲ့ ကျမအတွက် ဂျိုင်းမှာ ချွေးနံ့လိုလို အောက်သိုးသိုးအနံ့လိုလိုနဲ့ ဘာအနံ့မှန်းကိုမသိ တ်ာတော်ကြီးကိုစိတ်ပျက်စရာကောင်းပါသည်။ အနံ့ကိုခွဲခြမ်းစိတ်ဖြာရလျင် (၁)နေပူကြဲတဲအောက်က ဖုန်တထောင်းထောင်းထနေတဲ့နေရာမှာ တစ်နေကုန်တစ်နေခန်း နေထားတဲ့ လူတစ်ယောက်ဆီက နံတဲ့အနံ့မျိုးလား (၂) အပူအစပ် ၊ အနံ့ပြင်းပြင်း အစားအစာတွေစားထားတဲ့သူဆီက နံတဲ့အနံ့မျိုးလား (၃)ရေမွှေးအပေါစား ၊ roll on အပေါစားသုံးပြီး ချွေးနံ့နဲ့ရောသွားတဲ့အနံ့မျိုးလား (၄) personal hygiene ညံ့လွန်းတဲ့ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့သူဆီက နံတဲ့အနံ့မျိုးလား မဟုတ်ရပါ..မဟုတ်ရပါဘူး ။ ကျမအလုပ်က အဲကွန်းခန်းထဲမှာ တစ်နေကုန်တစ်နေခမ်းနေရတဲ့အလုပ် ။အပူအစပ် […]