2014 Review

2014 Review

စာမရေးတာကြာလို့ blog ပေါ်ကိုပြန်ရောက်အောင် တခုတ်တရ tag လုပ်ပေးတဲ့ ချစ်သူငယ်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော် ။ ၂၀၁၄ အတွက် review လုပ်ရရင် ထူးထွေဆန်းပြားတာရယ် ဘာမှမရှိပေမယ့် ရှိတဲ့အထဲက စဉ်းစားမိတာလေးတွေကိုချရေးကြည့်ရင်

၂၀၁၄ နှစ်ဆန်းပိုင်း
အိမ်ပြန်မယ်လို့ရည်ရွယ်ပေမယ့် အိမ်မပြန်ဖြစ်တဲ့နှစ်တစ်နှစ်ပေါ့ ။ လက်မှတ်တွေဝယ်ထားပေမယ့် အဆင်မပြေတာလေးတွေကြောင့် အိမ်မပြန်ဖြစ် ၊ အဖေ ၊ အမေအတွက် လက်ဆောင်တွေဝယ်ထားပေမယ့် မထည့်ပေးရသေးဘဲ အိမ်မှာခုထိသောင်တင်နေတုန်း ။ အလုပ်ပြောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အလုပ်သစ်ကိုစိတ်ရှည်လက်ရှည်ရှာဖြစ်တဲ့အချိန်ပါပဲ ။ စိတ်ဖိစီးမှုတွေ တပုံတခေါင်းကြီးရှိခဲ့ပေမယ့် အားလုံးကိုအဆင်ပြေပြေ ချောချောမောမောဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ကျေနပ်ခဲ့ရပါတယ်။

၂၀၁၄ နှစ်လယ်ပိုင်း
အသစ်အဆန်းတွေကြားထဲမှာ နေသားကျအောင်ကြိုးစားရတဲ့အချိန်ပေါ့ ။ အလုပ်သစ်က မထင်မှတ်ထားလောက်အောင်အဆင်ပြေသလို ၊ တက်ချင်တဲ့ကျောင်းလည်းတက်ခွင့်ရတဲ့အချိန်ပေါ့ ။ first semester ထုံးစံ စာကိုနောက်မှလုပ်မယ်နီးမှလုပ်မယ်လို့ မှတ်ထားပေမယ့် အလုပ်ရယ်ကျောင်းရယ် balance မျှအောင်ကြိုးစားရင်း စာအုပ်ကိုမလှန်ဖြစ်တဲ့ရက်ခပ်များများ ။ ဝေးနေတဲ့ algebra တွေ သချာင်္တွေကိုမှီအောင်လိုက်ရင်း ချစ်စရာကောင်းတဲ့ သူငယ်ချင်းအချို့ရရှိခဲ့ပါတယ် ။ ဘာသာမတူ ၊ အသားအရောင်မတူပေမယ့် စာကြည့်တိုက်မှာ စာအတူတူလုပ်ရင်း တစ်ယောက်နားမလည်တာကိုတစ်ယောက်ရှင်းရင်း (သူရှင်းပြရတာ ခပ်များများ) ကျောင်းပိတ်လို့ အိန္ဒိယခဏပြန်သွားတဲ့အချိန်မှာတောင် အလွမ်းသယ်လို့မ၀နိုင် ။ စာမေးပွဲကို တာဝန်ကျေရုံဖြေခဲ့တဲ့သူမို့ နောက် semester ကျရင်ဒီထက်အများကြီးကြိုးစားမယ်လို့ရည်မှန်းထားမိပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်း
စာမေးပွဲတွေနဲ့ လိပ်ပတ်မလည်အောင်အလုပ်ရှုပ်တဲ့အချိန်ပေါ့ ။ blog ကိုလည်း လုံးဝကိုပစ်ထားလိုက်ပြီး သူငယ်ချင်းတွေ tag မှ ပိုစ့်လာတင်ရတဲ့အဖြစ်။ ပြောချင်ရေးချင်တာတွေကလည်း အပြည့်ရှိနေပေမယ့် ချရေးဖို့အချိန်မရ ။ ရတဲ့အချိန်မှာ facebook ပေါ်တက်နေရင်းနဲ့ပဲ အချိန်တွေကုန် ။ viber ကျေးဇူးနဲ့အဆက်သွယ်ပြတ်နေတဲ့သူငယ်ချင်းတွေနဲ့အဆက်သွယ်ပြန်ရတော့ သူတို့နဲ့စကားတွေပြောရင်းနဲ့ပဲ အချိန်တွေကုန်ကာ blog နဲ့အဆက်အသွယ်ပြတ် ၊
အဲဒီထဲမှာပဲ blog က နေ wordpress ကို upgrade လုပ်လိုက်တော့ blogger သူငယ်ချင်းတွေနဲ့အဆက်သွယ်ပြတ်ပြန်ပါရော။ အဓိက စိတ်မကောင်းတဲ့အချက်က ကျမစိတ်ကြိုက် blog တွေကို new feed ရအောင် ချိတ်ထားတဲ့ New Feed feature လေးက wordpress မှာအလုပ်မလုပ်တော့ အသစ်ရှိမရှိသိချင်ရင် တခြားတစ်ယောက် blog ကိုဝင်ပြီး အသစ်တက်နေတာလေးတွေကို သွားဖတ်ရပါတယ် ။ blog ကိုပြန်သွားရင်ကောင်းမလားတွေးမိပေမယ့် ၀ယ်ထားတဲ့ domain လေးကိုနှမြောတာေ၇ာ wordpress ကိုသဘောကျတဲ့အတွက်ပါ ခုထိ feature မစုံပေယ့် wordpress ကိုသုံးဖြစ်နေတုန်းပါပဲ ။

၂၀၁၄ အတွင်းမှာရခဲ့တဲ့အသိ
စကားချိုတိုင်း နှလုံးသားမချိုဘူးဆိုတဲ့ အသိလေးတစ်ခုက ၂၀၁၄ အတွက် အကြီးမားဆုံးရခဲ့တဲ့သင်ခန်းစာပါ။ အွန်လိုင်းပေါ်က မိတ်ဆွေတစ်ယောက်ရဲ့ အသုံးချမှုကို ခံခဲ့ရပြီးတဲ့နောက် ကျမစိတ်ထဲမှာ ဒဏ်ရာလေးတစ်ခုဖြစ်သွားခဲ့တယ် ။ လူတွေဟာ နှုတ်သာချိုနေကြပေမယ့် နှလုံးသားက မဖြူစင်ကြဘူး ငယ်ရွယ်သူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက်အသုံးချတတ်ကြလားဆိုတဲ့ သင်ခန်းစာပါ ။ detail တော့မပြောပြချင်တော့ပေမယ့် ထိုအမျိုးသမီးရဲ့ လိမ်ဆင်ထဲက ရုန်းထွက်နိုင်ပြီး စကားမချိုပေမယ့် နှလုံးသားဖြူစင်သူတွေအတွက် လူကောင်းသူကောင်းတွေအတွက် ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်လည်းကျေနပ်မိပါတယ် ။

၂၀၁၄ ကိုယ်ကျန်းမာရေး
ဒေါင်ဒေါင်မမြည်ပေမယ့် အတိုင်းအတာတစ်ခုထိ ကျန်းမာတဲ့နှစ်ပါ ။ နှစ်ရှည်လများခံစားခဲ့ရတဲ့ ရောဂါလည်း မြတ်ကြည်ကျေးဇူးနဲ့ ကောင်းခဲ့ပါပြီ။ အစာအိမ်ရောဂါလည်း ချစ်သူကျေးဇူးနဲ့ အရှင်းပျောက်ကင်းခဲ့ပါပြီ။ ဘာမယ်မယ်ရရရောဂါမှမရှိတဲ့နှစ်မို့ စိတ်ချမ်းသာကိုယ်ကျန်းမာတဲ့နှစ်လို့ပြောရမှာပါ။

၂၀၁၄ စိတ်ကျန်းမာရေး
ကိုယ်ကျန်းမာသလို စိတ်လည်းချမ်းသာပါတယ်။ မတွေ့ဖူးသေးတဲ့ ဆွေမျိုးတွေနဲ့လည်းတွေ့ရတဲ့နှစ် ၊ ကိုယ့်အပေါ်မှာ ချစ်ခင်တဲ့ပတ်ဝန်းကျင်လေးရှိနေပါလားဆိုပြီး စိတ်ကျေနပ်ရတဲ့နှစ်ပါပဲ ။ စိတ်ညစ်လာလို့ ဆုံးဖြတ်ရခက်လာရင်လည်း ဖုန်းလေးကောက်ဆက်ရုံနဲ့ အားအင်ပေးမယ့်သူတွေရှိတော့လည်းပိုစိတ်ချမ်းသာရပါတယ်။
သမီးဆုံးဖြတ်ရခက်တိုင်း အားပေးတဲ့ကြီးစု (စုချစ်သူ)ကို ကျေးဇူးအရမ်းတင်ပါတယ်။

၂၀၁၄ ၀ါသနာ
ဝါသနာကတော့ဟိုစပ်စပ်ဒီစပ်စပ်ဆိုပေမယ့် ၂၀၁၄ထဲမှာသိသိသာသာစိတ်ဝင်စားမိတာက beauty pageant ပါ ။ မြန်မာပြည်ရဲ့ beauty pageant တွေတိုးတက်တာသလို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေလည်းအများကြီးတိုးလာပါတယ်။ ပွဲတိုင်းနီးပါးကို မလွတ်တမ်းကြည့်ဖြစ်သလို အားလည်းအားပေးဖြစ်တဲ့နှစ်ပေါ့ ။ ဒါပေမယ့် ရှုပ်ထွေးပွေလီ pageantry ရဲ့ဒဏ်ကိုမခံနိုင်လို့ ခုတော့ တတ်နိုင်ဆုံးဝေးဝေးမှာပဲနေဖြစ်ပါတော့တယ် ။ ၀ါသနာပါပြီး မလုပ်ဖြစ်တာတော့ သီချင်းဆိုပြီးနဲ့ စာရေးခြင်းပါပဲ ။ ၂၀၁၄ ထဲမှာ သီချင်းတစ်ပုဒ်မှ မဆိုဖြစ်သလို စာလည်းမယ်မယ်ရရ မရေးဖြစ်ပါဘူး ရေချိုခန်းအဆိုတော်ပဲလုပ်ပြီး…စိတ်ကူးနဲ့ပဲစာရေးဖြစ်ပါတယ် ။ အသစ်ထပ်လေ့လာချင်တာကတော့ japan စကားနဲ့ piano ပါ။ ကျောင်းပြီးရင်တော့ တစ်ခုခုထပ်လေ့လာဖြစ်မယ်ထင်ပါတယ်။

၂၀၁၄ အချစ်ရေး
ရန်ဖြစ်တာတွေပိုစိပ်လာသလို နှလုံးသားချင်းလည်းပိုနီးလာတယ်ပြောရမှာပါ ။ နားလည်မှု ရယ် ချစ်ခြင်းမေတ္တာရယ်နဲ့ရှေ့ဆက်နေပါတယ် ။ စိတ်ချမ်းသာမှုတွေအများကြီးပေးတဲ့ ချစ်သူကိုကျေးဇူးတင်ပါတယ် ။

၂၀၁၄ နိဂုံး
မကြာခင် ၂၀၁၄ ကုန်ဆုံးတော့မှာပါ..။ ၂၀၁၅ plan တွေနဲ့အတူ ၂၀၁၄ ကို နှုတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပါပြီ ။ ဇန်န၀ါရီမှာ ကျောင်းပြန်တက်ဖို့အားမွေးရင်း စိတ်ရောကိုယ်ပါအနားယူနေပါတယ် ။

PS
ညီအစ်မတွေလိုချစ်ရတဲ့ မြတ်ကြည် ၊ အသူနဲ့ viber မှာနှလုံးသားချင်းရင်းနှီးခွင့်ရတာက 2014 အတွက် အနှစ်သက်ဆုံးလက်ဆောင်တစ်ခုပါ..တို့တွေဒီထက်ပိုချစ်ကြမယ်နော် 😛

၂၀၁၄ မှာ ကောင်းတာလေးတွေရှိသလို မကောင်းတာလေးတွေရှိရင်လည်း နှစ်ဟောင်းနဲ့အတူကျန်ခဲ့ပြီး ၂၀၁၅ မှာစိတ်သစ်လူသစ်နဲ့ လုပ်တိုင်းအောင်ကြံတိုင်းမြောက်ပါစေလို့……။

ဒီပိုစ့်လေးကို tag လုပ်တဲ့ အသူကိုကျေးဇူးတင်ပါလျက်

ဆုမြတ်



2 thoughts on “2014 Review”

Leave a Reply

Your email address will not be published.