မနက်ဖြန်တိုင်းမှာ



မနက်ဖြန်တိုင်းမှာ

မေမေ
ခါးသီးလွန်းတဲ့တစိမ်းတွေရဲ့အလယ်မှာ
အားငယ်စိတ်ကလေးဝင်လာရင်
မေမေ့အားနဲ့ ရှေ့ဆက်ခဲ့ဖူးတယ်

မေမေ
မောပန်းလွန်းတဲ့နေ့ရက်တွေမှာ
ဒေါသစိတ်နဲ့ လောင်မြိုက်ခဲ့ရင်
အသိတရားနဲ့ရှေ့ဆက်ခဲ့ဖူးတယ်

မေမေ
သောကပွေတဲ့လောကအလယ်မှာ
ပူဗျာဝေလာရင်
မေမေ့မေတ္တာနဲ့ရှေ့ဆက်ခဲ့ဖူးတယ်

မေမေ
ရင်အစုံဖွင့်လို့ အံကုန်ရွက်လွှင့်ခဲ့ပေမယ့်
အတောင်မစုံတော့ ခါးချိတယ်
ခွန်အားတစ်ချို့ငတ်မွတ်မိတယ် မေမေ

မေမေ
လွမ်းဆွတ်တမ်းတစိတ်ကိုမျိုသိပ်နိုင်ပေမယ့်
မဖြစ်မနေဆိုတဲ့ခေါင်းစဉ်နဲ့အတူ
လှိုက်စားနေတဲ့ရင်ဘတ်ကြီးကိုသနားမိတယ် မေမေ

မေမေ
အလင်းရောင်တစ်ခုမဟုတ်ပေမယ့်
တည်ရှိနေတယ်ဆိုတဲ့ အသိနဲ့အတူ
ဘ၀တစ်ခုလုံးတောက်ပနေတယ် မေမေ

မေမေ
နွေးထွေးမှုမဲ့ကမ္ဘာမှာ သိမ်ငယ်စိတ်တို့ဝင်လာတိုင်း
မေမေရှိနေတယ်ဆိုတဲ့အသိနဲ့အတူ
မနက်ဖြန်တိုင်းမှာ မငိုတော့ဘူး မေမေ ။ ။

ဇွန်လထုတ်ရွှေဒေါင်းတောင် မဂဇင်းမှာဖော်ပြခံရတဲ့ ပိုစ့်လေးကိုအမှတ်တရပြန်တင်လိုက်ပါတယ် ။ 
photo credit- shwe daung taung online magazine



4 thoughts on “မနက်ဖြန်တိုင်းမှာ”

  • မေမေ
    အလင်းရောင်တစ်ခုမဟုတ်ပေမယ့်
    တည်ရှိနေတယ်ဆိုတဲ့ အသိနဲ့အတူ
    ဘ၀တစ်ခုလုံးတောက်ပနေတယ် မေမေ
    မေမေ
    နွေးထွေးမှုမဲ့ကမ္ဘာမှာ သိမ်ငယ်စိတ်တို့ဝင်လာတိုင်း
    မေမေရှိနေတယ်ဆိုတဲ့အသိနဲ့အတူ
    မနက်ဖြန်တိုင်းမှာ မငိုတော့ဘူး မေမေ

    အရမ်းကောင်းတယ် ဆုမြတ်ရေ…
    မိုးနတ်လဲ မငိုတော့ဘူးကွယ်…:)))
    ကဗျာကောင်းလေးအတွက် ကျေးဇူးကမ္ဘာပါနော်
    ချစ်တဲ့…မိုးနတ်

Leave a Reply

Your email address will not be published.