My Life in 2016

ဒီဇင်ဘာဆိုရင် အလိုလိုပျော်တဲ့ ကိုယ်….မနှစ်က ဒီဇင်ဘာတုန်းက ဆို ဖေဖော်ဝါရီ လဆန်း ဂျပန်ကိုသွားမှာမို့ အသည်းအသန်ခဲမှန်ပျော်နေခဲ့တာ ။ မနှစ်က ဒီဇင်ဘာက ဆို စာမေးပွဲကလည်းပြီး ဘောနက်စ်တွေဘာတွေရတဲ့အချိန်ဆိုတော့ ပိုပျော်တာပေါ့ ။ ဒီနှစ်တော့မပျော်နိုင်ပေါင် ..။ အလုပ်လက်မဲ့ ကျောင်းသူဘ၀ ဒီကြားထဲမှာ ကျောင်းကိုတင်ရမယ့် dissertation က ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ဆုံးဆိုတော့ စာပဲထိုင်လုပ်နေတော့တယ်။ (၀လာတာတော့ ထည့်မရေးတော့ဘူး နောက်မှပဲလျော့တာပေါ့)  ။

ဘာလိုလိုနဲ့ စင်ကာပူမှာ နေလာတာ ခြောက်နှစ်ကျော်သွားပြီ .. ပျော်တယ်ရယ်မဟုတ် မပျော်ဘူးရယ်မဟုတ်ဘဲနဲ့ လုပ်စရာရှိတာကို မှန်မှန်လုပ်ရင်းနဲ့ပဲ ခြောက်နှစ်ရှိသွားတာ ။ မြန်မာပြည်ကိုပြန်မလားဆိုတော့ ကိုယ့်လို မျက်နှာမွဲမှာ သူများအလုပ်မှာ ၀န်ထမ်းဖြစ်ရုံကလွဲပြီးမရှိဘူး ။ ဒီမှာပဲနေမလားဆိုတော့ နွေမိုးဆောင်းမကွဲတဲ့ နိုင်ငံမှာ နေတာကြာတော့ပျင်းလာတယ် ။ ဒါပေမယ့် service obligation ယူထားတော့ နောက်ထပ် သုံးနှစ်ကတော့ လုပ်ပေးရဦးမှာ ။ ဘဏ်က ကျောင်း loan ယူထားတဲ့ ပိုက်ဆံလေးထောင်ကျော်ဆပ်ရမယ် ။ အလုပ်လုပ်ရင်တော့ တစ်လနှစ်လလောက်နဲ့ အဲလောက် loan က ဆပ်နိုင်ပေမယ့် service obligation က ရှိသေးတော့ ဒီလိုနဲ့ပဲ နောက် သုံးလေးနှစ် သံသရာလည်နေရဦးမှာပေါ့ ။

တခါတလေကျတော့ ကိုယ့်ကိုကိုယ်သနားမိသား ။ ကပ်စေးနည်းတတ်တဲ့ ကိုယ်ဟာ အစားအတွက်အများကြီးမသုံးဘူး ၊ ဖိနပ်တွေ ၊ အိတ်တွေ အများကြီးမ၀ယ်ပေမယ့် အ၀တ်အစားဆိုသိပ်ကြိုက်ရှာတာ ။ အရင်ကတော့ forever 21 တို့ H&M တို့ online မှာတွေ့သမျှကို ဓာတ်ပုံ save ပြီး ဆိုင်မှာစိတ်ကြိုက်သမတတ်တဲ့သူလေးပါ..။ ငါးဆယ်ပိုရင်တော့မ၀ယ်ဘူး ။ ဒါပေမယ့် တစ်လကို အနည်းဆုံး အကျီ လေးငါးဆယ်ထည်တော့ဝယ်တာပဲ ။ အဲလိုလူဟာ ခုတော့ ကျောင်းသူဝင်ငွေမရှိရှာတဲ့ဘ၀မှာ.. shopping မထွက်တာ ခြောက်လလောက်ရှိပြီ ။ ဘယ်လောက်သနားစရာကောင်းလဲ စဉ်းစားသာကြည့်ပေတော့ ။  ကျောင်းစရိတ်က semester တစ်ခုကို ငါးထောင် ငါးရာလောက်ကျတယ်. (loan မယူ ရင် တစ်သောင်း ကျော် ၊ loan and service obligation မယူရင် တစ်သောင်းခွဲလောက်ကျတာ) ယူလို့ရတာ အကုန်ယူထားတာတောင်မှ ငါးထောင်ကျော်ကုန်တယ် ။ ဒီကြားထဲ အိမ်ဖိုး၊ အစားအသောက် ၊ transportation တွေနဲ့ ဆိုရင် တစ်လ တစ်လကိုမနည်းဘူး ။  မေလတည်းက အလုပ်မလုပ်တော့တာဆိုတော့ တော်တော်ကြာနေပြီ ။ ဒီမှာက လူနေမှုစရိတ်တအားကြီးတော့ ပိုဆိုးတယ်..။ စုထားတာလေးတွေကိုပဲ ချွေတာသုံးနေရတယ် ။ မဟုတ်ရင် အိမ်ကတောင်းနေရမှာ။

အသက် ၁၉ တည်းက အလုပ်လုပ်ခဲ့တာမို့ အခု အသက်၂၈ အရောက်မှာ မလုပ်ချင်ဆုံးအရာက အိမ်ကပိုက်ဆံတောင်းတာပဲ ။ ဆယ်စုနှစ်တစ်ခုနီးပါး ဘယ်သူ့မှ ဒုက္ခမပေးဘဲ ကိုယ့်ခြေထောက်ပေါက်ကိုယ်ရပ်တည်ခဲ့တာ ။ စင်ကာပူလာစတုန်းကတော့ အိမ်ကပေးလိုက်တဲ့ ပိုက်ဆံကုန်သွားတာတောင် မတောင်းဖြစ်ဘူး ။ သူငယ်ချင်းတစ်ယောက်ဆီက ပဲ ခဏချေးပြီးသုံးတယ် နောက်အလုပ်ရတော့မှ ပြန်ပေးရတော့တယ် ။ ၂၀၁၀ ကနေ ၂၀၁၄ လေးနှစ်လောက်အိမ်ကိုမှန်မှန်ပေးဖြစ်တယ်..။ ၂၀၁၄ August ကျောင်းစတက်တဲ့အချိန်မှာ အိမ်ကို တစ်ပြားတစ်ချပ်မှမပေးဖြစ်တော့ဘူး ။ အိမ်ကလည်းအလိုက်တသိနဲ့မတောင်းကြရှာဘူး ။ အငယ်ကောင်လေး UFL တက်နေတော့ သူ့ကျောင်းစရိတ်တွေထောက်ပေးချင်ပေမယ့် ကိုယ့်ဒုက္ခက ပိုကြီးတာမို့ မပေးဖြစ်ဘူး ။ ဒါကြောင့် ကျောင်းမြန်မြန်ပြီးအောင် ကြိုးစားနေတာ ။ တစ်လပဲလိုတော့တယ်လေး)

အရင်တုန်းက အလုပ်မလုပ်ဘဲအိမ်မှာနေကြတဲ့ထိုက်ထိုက်တွေကို သိပ်အားကျတာပဲ ဥပမာ စင်စင်တို့လို့ပေါ့ 😛 ။ ငါတော့ ထီပေါက်ရင် အလုပ်မလုပ်ဘဲ တစ်နှစ်လောက်တော့ နေပစ်မယ်လို့စဉ်းစားတာ ခဏခဏပဲ ။ တကယ်တမ်းအလုပ်မလုပ်ဘဲနေတော့ တစ်လတောင်မနေနိုင်ဘူး ဆရာ ။ ဒီနှစ်တစ်ဝက်လောက် full time ကျောင်းတက်နေတဲ့အချိန်ဟာ ဘ၀မှာ ပျင်းစရာအကောင်းဆုံးအချိန်ပဲ ။ ဒါတောင် နိစ္စဒူဝ ကျောင်းသွားလိုက် စာလုပ်လိုက် လုပ်နေရသေးတာ ။ သူများတွေတော့ ဘယ့်နှယ်နေမလဲမသိဘူး ။ မိသားစုတာဝန်တွေကြောင့်သာ အိမ်မှာနေရင်း ပါရမီဖြည့်နေကြရတာနေမှာ..။ အခုနေအလုပ်ချင်ဆုံးကတော့ အလုပ်တစ်ခုလုပ်ပြီး ဒီဘွဲ့တစ်လုံးမြန်မြန်ရဖို့ပဲ ။ အလုပ်လုပ်ရတာကမှ ပျော်စရာကောင်းသေးတယ် ။ အိမ်မှာနေရတာတော့ ပျင်းတယ် ။ မနေနိုင်ပေါင် ။

၂၀၁၆ ကလည်းကုန်ခါနီးပြီးနော် ။ နောက်နှစ်ဆို အသက်လည်း ၂၉ မြန်မာလိုဆို ၃၀ လို့ပြောလို့ရပြီ အချိန်တွေကုန်တာမြန်လိုက်တာ ။ life in 2016 ကဘယ်လိုလဲလို့ မေးရင်တော့ ဒီပုံလေးကိုသာကြည့်ကြပေတော့ ။ ၂၀၁ရ မှာ ကံကောင်းအောင် ဘယ်လိုယတြာချေရပါ့ ။

 



1 thought on “My Life in 2016”

Leave a Reply

Your email address will not be published.