မမွေ့လျော်ရခြင်းအကြောင်းအရင်းများ

အသူတစ်ရာနက်တဲ့ ချောက်တစ်ခုထဲကို ခဏခဏပြုတ်ကျနေတဲ့အခါ
ဘ၀ဟာ ဆန္ဒရဲ့နောက်ကိုပဲ မချိမဆန့်လိုက်နေရတဲ့အခါ
သုညတွေချည်းပဲ ထပ်ကာတလဲလဲ နားသွင်းခံနေရတဲ့အခါ
တိမ်ပြာပြာအောက်မှာ ကျိန်စာတွေသင့်နေတဲ့အခါ
ဝဲဂယက်ထဲမှာ ထပ်တလဲလဲနှစ်မြှပ်ခံထားရတဲ့အခါ
သင်တုန်းဓားတစ်လက်နဲ့ တစ်ဘ၀လုံးစုတ်ပြတ်သွားအောင်အမွှန်းခံရတဲ့အခါ
အမုန်းတရားတစ်ခုနဲ့ လုံးလုံးပါးအောင်ခြေဖျက်ခံရသောအခါ
စာနာမှုဆိုတဲ့စကားလုံးနဲ့ လိုက်လေဝေးလေဖြစ်သောအခါ
မျက်ရည်တွေအနည်ကျရင်း ကြောင်တောင်ကန်းသွားတဲ့အခါ
ဖေဖော်ဝါရီတစ်လလုံး သွေးမိုးတွေရွာတဲ့အခါ
နုတ်ကပတ်တော်တစ်ခုထဲ သိမ်းဖွက်ခံရတဲ့အခါ
ဖြစ်တည်ခြင်းဆိုတဲ့စကားလုံးနဲ့ မသက်ဆိုင်ချင်တော့တဲ့အခါ
ယဉ်ကျေးမှုတွေရဲ့ အပြင်စည်းကိုအပို့ခံရတဲ့အခါ
ကမ္ဘာဦးကစာရွက်စာတမ်းတွေလို ခြကိုက်ခံရတဲ့အခါ
အဆိပ်လူးသိမ်မွေ့ခြင်းပျားရည်ကိုသောက်သုံးရတဲ့အခါ
လူယဉ်ကျေးတွေရဲ့ချိုသာမှုတွေ ခါးသက်သက်ဖြစ်လာတဲ့အခါ
ငါဟာ တေလေငှက်တစ်ကောင်ရဲ့အိပ်မက်ရိုင်းတွေပဲဖြစ်ခဲ့သင့်တယ် ။



3 thoughts on “မမွေ့လျော်ရခြင်းအကြောင်းအရင်းများ”

  • တေလေငှက်တကောင်ရဲ့ လွတ်လပ်စွာ ဆိုညည်းတဲ့သီချင်းသံက ဟန်ဆောင်မှုတွေဖိတ်လျှံကျနေတဲ့မရိုးသားသူတွေရဲ့ရယ်မောသံတွေထက်တော့ ချိုမြန်တာအမှန်ပဲလေ. မမွေ့ လျော်ဖြစ်တာအတော်ကြာခဲ့ပေါ့ညီမရေ

  • အစ်မ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ စာသားလေးတစ်ခု ပါတယ် ညီမ။

    ဖြစ်တည်ခြင်းဆိုတဲ့စကားလုံးနဲ့ မသက်ဆိုင်ချင်တော့တဲ့အခါ တဲ့။

    အစ်မလည်း အဲသည်လိုမျိုးကို တစ်ခါတုန်းက တွေးမိခဲ့ဖူးတယ်။

    ချစ်ခင်စွာနဲ့
    မြတ်

  • မတန်ခူး – ချိုမြိန်ခြင်းတွေဟာ ခါးသလိုလိုဖြစ်လာတဲ့အခါ…. မမွေ့လျော်ပြန်ဘူး အမရယ်း(

    မမြတ် – ဟုတ်တယ်နော် အမ တကယ်ပါပဲ ဖြစ်တည်ခြင်းတွေကိုမလိုချင်တော့ဘူး

    လာလည်တာကျေးဇူးတင်ပါတယ် မတန်ခူးနဲ့ မမြတ်း)

Leave a Reply

Your email address will not be published.